Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

လည်လွန်းတဲ့ဘီး

တောသားဆိုလျှင် ရိုးအသည် ဟူသော အစွဲသည် မြို့သားအားလုံး နီးပါး၌ ရှိနေတက်သည်။ သို့သော် တောသား
တိုင်းမအကြပါ။ လည်ဝယ်သော တောသားနှစ်ယောက်ကြောင့် မြို့မှ ရဲပတ္တရောင်နှစ်ယောက် ဘင်ကျုံး ကုလား
ဘ၀ကို ချက်ချင်းရောက်ခဲ့ကြရဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် တစ်ခုသောနေ့တွင် တေားသားနှစ်
ယောက်သည် ညအချိန် မြို့တွင်း လှည့်လည်လမ်းလျှောက်ရင်း တစ်ယောက်သောသေူက ဗိုက်နာပြီး ၀မ်းသွား
ချင်သဖြင့် အခက်ကြုံနေကြသည်။

မြို့ပေါ်ဖြစ်သည့်အတွက် တောမှာလို လွယ်လွယ်ကူကူ ၀င်ထိုင်စရာ ချုံပုတ်လည်း မရှိသောကြောင့် မတက်သာ
သည့်အဆုံး လမ်းလယ်ကောင် မှာပင် ပုဆိုးခြုံပြီး ဖြစ်သလို သွားရတော့သည်။ တစ်ယောက်က မတ်တပ်ရပ်ကာ
 အကာအကွယ်လုပ်ပေးလိုက်သည်။ လူပြတ်သော အချိန် ဖြစ်နေသည့်အတွက် တစ်မျိုးတဖုံတော့ အဆင်ပြေ
သွားရသည်။ကံဆိုးချင်တော့ ကိစ္စပြီးချိန်မှာပင် ကင်းလှည့်နေသော ပတ္တရောင် ရဲနှစ်ယောက်က ချက်ချင်းဆိုသ
လို့ သူတို့ ရှိရာသို့ စက်ဘီးကို အပြင်းနှင် လာသည်ကို တွေ့လိုက်ရသည့်အတွက် တောသားနှစ်ယောက်မှာ
များစွားထိပ်လန့်သွားရှာသည်။ ကြီးမားသော အပြစ်ကြီး မဟုတ်ပေမယ့် လမ်းလည်ကောင်မှာ မစင်စွန့်သည်
ကို သိသွားလို့ကတော့ နားရင်ပါးရင် အအုပ်ခံရမှာကတော့ သေချာသလောက် ဖြစ်နေသည်။

 ဘယ်လို့မှ မရှောင်နိုင်တော့သည့်အဆုံး ရဲသားတို့အနားမရောက်ခင်မှာ မစင်ပုံကို အသင့်ဆောင်ထားသော
ခမောက်ဖြင့် အုပ်ထားလိုက် ရတော့သည်။ အနားရောက်လာသော ရဲသားနှစ်ယောက်က-

'ဟေ့ . . .မင်းတို့နှစ်ယောက် ဒီအိမ်ရှေ့မှာ ဘာချောင်းနေကြတာလဲ မှန်မှန်ပြောစမ်း'
ထိုအခါ တင်္ခဏုပ္ပတ္တိညဏ်ကောင်းလှသော တောသားက-
ကျွန်တော်တို့ ဟိုဘက်လမ်းထဲက အိမ်မှာတည်းတဲ့ တောက ဘုရားဖူးဧည့်သည်တွေပါ ခင်ဗျား၊ မယုံရင်လိုက်မေးပါ၊
 စောစောက ဘယ်ကနေလွတ်လာမှန်းမသိတဲ့ ကြက်တူရွေးလေးတစ်ကောင်တွေ့တာနဲ့ နှစ်ယောက်ဝိုင်းဖမ်းနေကြ
တာပါတောသားနှစ်ယောက်မျက်နှာမှာလည်း မင်္သကာစရာ မတွေ့ရသဖြင့် ရဲနှစ်ယောက်က ကြက်တူရွေးဆိုသည်ကို
စိတ်ဝင်စားသွားကြသည်။ ယဉ်ပြီးသား ကြက်တူရွေးတစ်ကောင် အလကားရနည်းလားဟူသော အတွေးဖြင့် ရဲသားနှစ်
ယောက်က-အဲဒီကြက်တူရွေး ဘယ်မလဲ၊ မိပြီလား..

မိပါတယ်ခင်ဗျာ၊ ဟောဟို ခမောက်အောက်မှာပါ။ ကျွန်တော်တို့ ယူသွားရမလား

ဘာ. . . သူများကြက်တူရွေးအလကားယူချင်ရတာလဲ၊ နားရင်းရိုက်လိုက်လို့ ခုနှစ်ရက် ထမင်းမစားနိုင် ဖြစ်ရောမယ်၊
သွားကြမြန်မြန်၊ ကြာရင် မင်းတိုနှစ်ယောက်လုံး အချုပ်ခန်းထဲ ဆွဲထည့်ပစ်လိုက်မယ်အချုပ်ခန်းဟူသော စကားကိုကြား
သည်နှင့် တောသားနှစ်ယောက် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးကြတော့သည်။ ခမောက်ရော
ကြက်တူရွေးရော ရမည့် အရေးကို တွေးပြီး ရဲသားနှစ်ယောက်အားရပါးရပြုံးလိုက်ကြသည်။တောသားနှစ်ယောက်
တော်တော်ဝေးဝေးရောက်သွားသည်နှင့် ရဲတစ်ယောက်က -

ကဲ . . . .ကံများကောင်းချင်တော့ စုတ်ရော လာဘ်ရော တစ်ခါတည်း ၀င်တာပဲဟေ့၊ ခမောက်ရော ကြက်တူရွေးရော
ရပြီပေါ့ကွာ၊ လွတ်သွားမှာ စိုးရတယ်ကွ၊ အဲဒီတော့ မင်းနဲ့ငါ နှစ်ယောက်ညှပ်ဖမ်းမှရမယ်၊ မင်းက ခမောက်ကို ကိုင်ပြီး
အသာလေးဟပေးလိုက်၊ ငါက လက်နှစ်ဖက်နဲ့ တစ်ခါတည်း ဆုပ်ဖမ်းလိုက်မယ်

တစ်ယောက်က ခမောက်ကို ဟအပေးလိုက်တွင် တစ်ယောက်က ခမောက်တွင်း လက်နှစ်ဖက်ဝင်၍ အားရပါးရ
ဆုပ်ဖမ်းလိုက်ရာ ကြက်တူရွေးအစား ပုပ်ဟောင်ပျော့အိနေသော မစင်များကို ပယ်ပယ်နယ်နယ် ဆုပ်မိသွားပါ
တော့သည်။ ရွံ့ရှာလွန်းလှသော ၎င်းရဲသားက အမယ်လေး. . . .မစင်တွေဗျ ဟုအော်ရင်း လက်နှစ်ဖက်ကိုအားရ
ပါးရ ခါလိုက်ရာ စက်ဘီးခြေနင်းဖြင့် ရိုက်မိသွားသဖြင့် နာလွန်းလှရကာ အားရိုးရိုး သေပါပြီဗျ ဟုအော်ရင်း ရိုက်မိ
သော လက်ကို ပါးစပ် တွင်းထည့်၍ စုပ်မိသွားပါတော့သတည်း။ လည်လွန်းတဲ့ဘီး ချေးသင့် ဟူသော စကားနှင့်
ကိုက်ညီလှပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့