Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

ဒုက္ခအမှတ် ၃၈







ဒုက္ခအမှတ် ၃၈ ပြည့်မြောက်ခြင်းမှာ
ကောင်းကင်ရင်အုပ်လေးထဲကနေ
စိတ်ဝတ်မှုံသင်းထုံလူးရင်း
အိပ်မက်တွေ ရောင်ကိုင်းခဲ့ဖူးတယ်


အိုကြီးအိုမ အဖေ့ရဲ့လက်ဖျံရိုးလေးကို
တတိတိဝါးမျိုရင်း
နှင်းဝတ်ရုံချိုမြမြနဲ့
လွင်ပြင်တွေ စိမ်းမြခဲ့ဖူးတယ်


နွေတစ်စင်းရဲ့ ဝဋ်နာအဆိပ်နဲ့
ပျားရည်လူးတဲ့ မိသားစုလေး
ချုပ်ကြောင်းတွေ ကွဲအက်လို့
တစ်ဘဝစာ စိတ်အနာရခဲ့ဖူးတယ်


တခုတ်တရပွင့်သီခဲ့ရတဲ့
အမိအဖမီးတစ်စနဲ့
လောကဓံဦး ဆောင်းစိုစိုထဲ
တစ်ဘဝလုံး နွေးထွေးခဲ့ဖူးတယ်


သေအံ့မူးမူး ရိုးတံကျဲညနေခင်းတွေထဲ
မှုန်ရီအေးစက်တဲ့ ထမင်းဝိုင်းလေး
အမေ့ရဲ့မျက်ရည်တွေနဲ့လူးရင်း
အဖေ့ကို တမ်းတခဲ့ဖူးတယ်


မြင့်မိုရ်ဦးပျောက်ဆုံးခြင်း အထိမ်းအမှတ်
စိတ်ဝိဥာဉ် ဗျာပါဒထဲ
သိမ်ငယ်ခြင်းညနေညိုတွေနဲ့
အိပ်မက်တွေ ထက်ပိုင်းကျိုးခဲ့ဖူးတယ်


တစပြင် မနက်ခင်းတွေထဲ
ဆည်းဆာအိုထမ်းပိုးရင်း
မလွှပွင့်ကောက်နေတဲ့
ကလေးတစ်ယောက် မျက်ဝန်းထဲ
လောကဓံတွေ စိုက်ဝင်ခဲ့ဖူးတယ်


သိမ်ငယ်ခြင်း ဖားလျားနဲ့
လဲ့တောက်စို ကန္တာအိုထဲ
အမာရွတ်တွေနဲ့ လက်ထပ်ခဲ့ဖူးတယ်


မှုံရီဝေ့သီခြင်း ကောင်းကင်မှာ
ကြယ်တစ်စင်း ခုန်ဆင်း
ဆွေးလျစွာ ရွတ်ဆို
ငါ့ရင်အို ဆွေးခြောက်ခြောက်ထဲ
ကွယ်လွန်စောတာ မြန်လှချည်ရဲ့ကွယ်


ထမင်းရည်သောက်မှ ဘဝမဟုတ်ပါဘူးကွဲ့
ကမ္ဘာကျော် ဂျေဒိုးနတ်ကိုက်ရင်း
ဘက်ဆဲလ်လား စကားတစ်ခွန်းထဲ
ဆန်မရှိတဲ့ ဘဝတွေက
တုန်ရီဖျော့လျတဲ့ နူတ်ခမ်းတွေနဲ့ ငေးနေလေရဲ့


နက်မှောင်သစ်ကျုတ် ညအိုအိုတွေ
အလျားအနံမရှိတဲ့ လောကဓံတွေ
ဝေသီဖူးရောင် ဒဏ်ရာတွင်းဝမှာ
လောကကို နူတ်ဆက်
ဒီအိပ်မက် အခါခါမက်ခဲ့ဖူးပါရဲ့


အမှားချပ်ဝတ်တစ်စုံနဲ့ လောကကိုစီးချင်းထိုး
ကြယ်ငွေ့တွေ အုပ်မိုးတဲ့အထိ
ညတစ်ခင်းလုံး ဖူးဖူးရောင်နေပြီ
အရုဏ်ဦးက ဖူးမလာသေး


ခွင့်လွှတ်ခဲ့ဖူးပါရဲ့
ခွင့်လွှတ်နေပါဦးမယ်
နေဝင်ချိန်ပြန်လမ်းမဲ့ ဘဝတို့ရေ
လောကဓမ္မ သင်္ခါရထဲမှာ
သင်္ခန်းစာ အမှတ် ဘဝ ၃၈
ချုပ်ညရီ နက်စိုစိုတွေ
ငါလည်းရခဲ့ဖူးတာပဲ


တစ်ဘဝလုံး ချွတ်ချော်ခြင်းခေါင်းစဉ်ပါ
ကိုယ့်အလောင်းကိုယ်ထမ်းရင်း
ကြိုးပြတ်တဲ့ တယောလို
ဆွေးမြေ့ခြင်းမှာတောင် အသားမကျခဲ့သေးဘူး


ရင့်အိုလာတဲ့ အရိုးတစ်စုံနဲ့အတူ
ဘူတာအမှတ် ၃၈ တိုင်တိုင်
သူရဲကောင်းတွေကို ဦးညွှတ်ခဲ့ရ
သူစိမ်းတွေကို ဦးညွှတ်ခဲ့ရ
ရန်သူမိတ်ဆွေ ဦးညွှတ်ခဲ့ရ
လောကဓံကို ဦးညွှတ်ခဲ့ရ
ကဗျာတွေကို ဦးညွှတ်ခဲ့ရ
ဝဋ်နာကံနာကို ဦးညွှတ်ခဲ့ရ
ဘဝကို ဦးညွှတ်ခဲ့ရ


ဖြစ်မယ်ပျက်မယ် သူတော်စင်တွေ
သက်တော်ရာကျော် ရှည်ပါစေ
သူရဲကောင်း နှလုံးအိမ်တွေ
အမှန်တရားအတွက် စီးချင်းထိုး
လောကကို ပန်းပျိုးနိုင်ပါစေ


စိုးရွံ့ဗျာပါ လွင်ပြင်ထက်မှာ
ဝီရနက္ခတ် ရွှန်းစိုထက်ရှ
သူရဲကောင်းတို့ရဲ့သွေး
စွေးစွေးနီ ဖျန်းပက်လို့
သွေ့ခြောက်ခြင်း ဘဝတွေ
ထာဝရ ငြိမ်းအေးနိုင်ပါစေ


တစ်နေ့တစ်လံ သုဿန်ဘယ်ပြေး
တစ်နွေလုံး ခုတ်မောင်းခဲ့သမျှ
ဘဝဘူတာ ၃၈မှာ
ရင်ဝထဲ စိုက်ဝင်ခဲ့သမျှ မြှားတွေ
နက်စိုထက်ရှ
ဝေ့သီထစေ
လောကပေးသမျှကို ခံယူ
ကျွန်တော်ဟာ အကြိမ်ကြိမ် သေခဲ့ဖူးပါပြီ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့