Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာ ဒေသများ

မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုက်ရောက်တော်မူသည်မှစ၍ အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူလေသည် -
(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊

(၂)(၃)(၄) ၀ါ - ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊

(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာကျောင်း၊

(၆) ၀ါ - မကုဠတောင်၊ ချရားတော၊

(၇) ၀ါ - တာဝတိံသာနတ်ပြည်၊

(၈) ၀ါ - ဘဂ္ဂတိုင်း၊ သံသုမာရဂိရိပြည်၊ ဘဂ္ဂါသယ ဇနပုဒ်အနီး ဘေသကဠာ မိဂဒါဝုန်တော၊

(၉) ၀ါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊

(၁၀) ၀ါ - ပါလိလေယျက တောအုပ်၊

(၁၁) ၀ါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊

(၁၂) ၀ါ - ဝေရဉ္ဖတိုင်း၊ နဠေရုတမာပင်ရင်း၊

(၁၃) ၀ါ - စာလိယတောင်၊

(၁၄) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊

(၁၅) ၀ါ - ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်း၊

(၁၆) ၀ါ - အာဠ၀ီပြည်အနီး မဟာဝုန်ကျောင်း၊

(၁၇) ၀ါ - ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၊

(၁၈) (၁၉) ၀ါ - စာလိယတောင်၊

(၂၀) ၀ါ - ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၊

(၂၁) ၀ါမှ (၃၉) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊

(၄၀) ၀ါမှာ (၄၄) ၀ါ - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊

(၄၅) ၀ါ - ဝေဠုဝရွာ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့