Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

ကြယ်ကြွှေချစ်သူ

အိပ်လို့ မပျော်တဲ့
ဒီညနက်ထဲ
အတွေးများ
လမ်းလျှောက်ထွက်မိတယ် ။
မဟူရာအနက်
ကောင်းကင်ယံထက်မှာ
ကြယ်ကလေး တစ်စင်း
ထွန်းလင်းနေတယ် ။
ထိုကြယ်ကလေးကို
တမ်းတမ်းတတ
ငေးမောနေခဲ့တဲ့
လူငယ်လေး တစ်ယောက်
ရှိခဲ့တယ် ။
ကြယ်ကလေးအနား
ရောက်ချင်ရဲ့
ဘယ်လိုနည်းနဲ့
သူခရီးဆက်မလဲ။
သက်တန့်မထွက်
ဒီညနက်မှာ
ဘာကိုနင်းရဲ့
သူကူးဖြတ်မှာတုန်း ။
ကြယ်စင်တံတား
ခင်းကာနင်းရအောင်
မစွမ်းသာတဲ့
သာမန်လူငယ် ။
ဝီရိယစိုက်ထုတ်
လက်ပစ်ကူးရအောင်
သမုဒ္ဒရာမှ
မဟုတ်တာလေ ။
အဝေးကပဲ
လွမ်းလို့ငေးမောလျှက်
ညပေါင်းထောင်ချီ
သူကျော်ဖြတ်ရတယ် ။
ညပေါင်းထောင်ချီ
မအိပ်စက်ပဲ
ုဆုတောင်းရင်းနဲ့
အာရုံတက်ရတယ် ။
အော် အတောင်ပံတစ်စုံလောက်
ရချင်ပါရဲ့ ......... တဲ့ ။
မထင်မှတ်ထားတဲ့
အဲဒီအချိန်မှာ
နတ်သမီးတစ်ပါး
ရောက်ကာလာတယ် ။
ပျော်ရွှင်သွားတဲ့
ဒီလူငယ်
အတောင်ပံတစ်စုံ
ရလိုက်တယ်လေ ။
အတိုင်းအဆမသိ ဝေးတဲ့
ကြယ်ကလေးဆီကို
ဝမ်းသာအားရ
သူခရီးစလိုက်တယ် ။
ဘယ်က ခရီးစလဲ ဟုတ်လား
ကမ္ဘာမြေကြီးကပေါ့ ။
တစ်နေ့မှာ
ရောက်စေဦးတော့
မိုင်ပေါင်းထောင်ချီ ခရီးမဆုံးလဲ
သူအားမလျှော့ဘူးကွယ် ။
ခရီးဆက်မယ်
ရှေ့ကကြယ်လေး
တဖြည်းဖြည်းနဲ့
နီးလာတယ် ။
အရင်လိုပဲ
မဟူရာနက်တဲ့ ညမှာ
ကြယ်စင်ကလေးအနားကို
သူရောက်ခဲ့တယ် ။
ဒါပေမယ့်လည်း
အချစ်ဇာတ်လမ်း
မဟုတ်တဲ့
အလွမ်းဇာတ်သိမ်း
အနမ်းဒိုင်ယာရီ
မဟုတ်တဲ့
အသည်းကွဲ မှတ်တမ်းပါ ။
ကြယ်ကလေးကတော့
သူရဲ့အဝေး
ကမ္ဘာမြေကြီးရဲ့အဝေး
ကောင်းကင်ကြီးရဲ့ အဝေး
ဟိုး အဝေး အဝေးကို
လွင့်စင်ပျောက်ကွယ် သွားပြီလေ ။
လူငယ်ကလေးမှာတော့
ကြယ်ကလေးရဲ့ နေရာမှာ
ကြယ်ကလေး ပြန်လာမလားလို့
ကြယ်ကလေးကို ချစ်တဲ့ စိတ်နဲ့
ယခုထက်တိုင် စောင့်ဆဲပါလေ ။
(ကျွန်တော်ချစ်တာ
ကြယ်ကလေး
မသိခဲ့ ဦးတော့
ဒီကဗျာလေး ဖတ်မိရင်ဖြင့်
အဝေးက ကြယ်ကလေး
ပျော်ပါစေ .......။)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့