Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

ရည်စား မထားတာ ကောင်းတယ်

ရည်းစားမထားတာကောင်းတယ် ။
ဘာကြောင့်လဲဆိုရင်- - - - -
ကိုယ့်ကို ချစ်တယ်လို့လာပြောတဲ့ ကောင်လေးတစ်ယောက်ကို
 ချစ်ပါတယ် လို့ပြန်ပြောပြီး ရည်စားတော်လိုက်တယ်ဆိုပါဆို့  - - - ။
အဲဒီမှာ စပြီးအရှုံးပေးလိုက်ရတော့တာဘဲ။
သူက ငါ့ကိုမှ တကယ်ချစ်ရဲ့လားးး????
ငါ့ထက်သာတဲ့ နောက်တစ်ယောက်ကိုတွေ့သွားရင်ကော ငါ့ကိုချစ်အုံးမှာလားးး???
 ငါ့ဆီက  လွယ်လွယ်လေးအဖြေရလိုက်တယ် ဆိုပြီး အထင်သေးသွားမှာလားး??
ငါ့ကိုအချိန်ဘယ်လောက်ကြာကြာ  သီးခံပြီးချစ်နိုင်မှာလဲ????
နောင်တစ်ချိန်မှာ ရည်စားအဖြစ်က ပြတ်စဲသွားရင်ကော ဘယ်လိုလုပ်မှာလဲ???
ငါ့ အပြင့်  နောက်ထပ် ရည်စားဘယ်နှစ်ယောက်တောင်ရှိနေလဲ???
Online ပေါ်မှာကော ငါနဲ့စကားပြောနေရင်း နောက်ဘယ်ကောင်မလေးနဲ့ ကြူနေအုံးမလဲ???
Account ထဲမှာ ကော ကောင်မလေးဘယ်လောက်တောင်ရှိနေလဲ???
အဲဒီလို သံသယတွေအများကြီးနဲ့  တစ်ယောက်တည်း မေးခွန်းတွေနဲ့ ချာချာလည်နေမှာ.
အဟဲ- - - မသိရင်အရူးတစ်ယောက်လိုဘဲလေ - - ဟိဟိ - - - ဟုတ်ဘူးလားး????
ရည်စားထားတယ်ဆိုမှတော့ Online  မှာတင်မရတော့ဘူးလေ- - - - -
အသံလေးကြားချင်လို့ဆိုပြီး  ညတိုင်း ဖုန်းကဆက်အုံးမယ်။
နေ့စဉ် နေ့တိုင်းဖုန်းဆက်နေတော့  အလုပ်အကိုင်ရှိတဲ့သူတွေဆိုရင် လစာကုန်ပေါက်။
အလုပ်မရှိတဲ့သူကျပြန်တော့ အလုပ်လုပ်ကျွေးနေတဲ့ မိဘကိုမှ အားမနာ တစ်နေ့တစ်နေ့
ကုန်လိုက်တဲ့ဖုန်းဖိုးက တစ်သောင်းတန်ကတ်ဆိုတာ အသာလေးဘဲ ။
ဟီးးးးးး - - - အဲဒါကိုတော့အရည်မရအဖတ်မရ ဖြုန်းတီးခြင်းလို့ခေါ်တယ် ။
ရည်စားနဲ့ ဖုန်းပြောတာက အရေးမကြီးဘူး ကိုယ်က  မိဘ တွေနဲ့နေတာ။
 ညစဉ်ရက်ဆက် ဖုန်းပြောနေတော့ ဘယ်လိုထင်ကြမလဲ.
 ငါ့သမီး ဘယ်ကကောင်နဲ့ ကြိုက်နေလဲဆိုပြီးတော့ - - - -ဇယားတွေငြိလာမယ်။ ရှင်းပြရခက်တယ်။
 ရည်စားနဲ့ဖုန်းပြောတာ သိသွားရင် အဆူခံရအုံးမယ် ရည်စားထားရတာ မကောင်းလိုက်တာ ။
နောက်တော့ ဖုန်းပြောတာနဲ့ တင်အားမရသေးဘူးအပြင်မှာပါ တွေ့ချင်လာမယ်။
အပြင်မှာဆိုရင်လဲ ကိုယ့်ရည်းစားကတွေ့ချင်လို့ ချိန်းတယ်ဆိုရင်ငြင်းရတာခက်မယ်။
အိမ်ကလိုက်ချောင်းမှာလဲ စိုးရိန်ရသေး။ဟွန်းးးးးးးရည်စားထားရတာမကောင်းပါဘူးနော်။
ကြာရင်- - -နှလုံးရောဂါရနိုင်တယ်လေ။
အပြင်မှာတွေ့တယ်ဘဲ ထားပါတော့ -----------------
ဘယ်နေရာကို ခေါ်သွားမလဲဆိုတာလဲစဉ်းစားရအုံးမယ် ။
မသင့်တော်တဲ့ နေရာမျိုးဆိုရင် သွားလို့မဖြစ်ဘူးလေ----ဟိဟိ --ဟုတ်တယ်ဟုတ်။
ရည်စားတော်လာပြီဆိုမှတော့ လက်လေးကိုင်တာကအစ---------------အဆုံးငြင်းရခက်တယ်လေ ။
တော်ကြာတကယ်မချစ်ဘူးထင်သွားရင်လဲ မကောင်းပြန်ဘူးးးးးးးးးးးး။
အဲသူကကိုယ့်ကို တကယ့်စိတ်ရင်းအမှန်နဲ့ချစ်ခဲ့တယ်ဆိုတော်သေးးးးးးးးးးးး။
အပျော်သဘောမျိုးနှဲ့လျှာအရိုးမရှိတိုင်း လိမ်ညာ ဟန်ဆောင်ပြီး
ပန်းကောင်းအညွှန့်ချိုးသလိုမျိုး ဆို ခက်ရချည်သေးရဲ့။
ယောင်္ကျားလေးဆိုတာ လိုချင်တာမရရင်  သူတို့စကားနားမထောင်ရင်
 မိန်းခလေးတွေထက်တောင် စိတ်ကောက်တတ်သေးတယ်။
အဲလိုဆို မိန်းခလေးဘက်က အလျော့ပေး ပြန်ချော့ရပြန်ရော။ ကိုယ်ကစိတ်ကောက်ချင်လို့
(အချော့ခံချင်လို့)ရည်စားထားပါတယ်ဆိုမှ ကိုယ့်ကိုပြန်စိတ်ကောက်နေတော့ ခက်တယ်။
နောက်- - - - သူကကိုယ့်ကိုတကယ်မချစ်ဘဲ အပျော်သဘောမျိုးဆိုရင် အစစအရာရာ
မိန်းခလေးဘက်က နစ်နာစရာတွေကြီးဘဲ။
ပြီးတော့ သူကလိမ်ညာဟန်ဆောင်ပြီး ချစ်တယ်လို့ပြောခဲ့တာကို မသိဘဲနဲ့
ကိုယ့်အသည်းနှလုံးကို ပုံအပ်ပြီးချစ်ခဲ့ပြီးကာမှ ထားသွားခဲ့တယ်ဆိုရင် အသည်းကွဲခြင်းကို ခံစားရပြန်ရော ။
အသည်းကွဲတယ်ဆိုတာ ပြောရတာလွယ်ပေမဲ့ ခံစားရတဲ့ သူကနင့်နေတာဘဲ။
အသည်းကွဲခဲ့ဖူးတဲ့သူတွေတော့ သိကြမှာပေါ့လေ။
စားလဲမစားနိုင် အိပ်လဲမအိပ်နိုင်နဲ့ ဘာတစ်ခုမှလုပ်လို့မရဘူး။
 အချိန်တိုင်း  မျက်ရည်တွေက သူ့အလိုလို စီးကျလာတာ။
အဲဒါက ရည်စားထားခြင်းရဲ့ နောက်ဆက်တွဲပါလာမဲ့ ပြသနာတစ်ခုဆိုတာ မမေ့လိုက်နဲ့သိလားးးး။
အဲပြီးတော့- - - လူဆိုတာကပတ်ဝန်းကျင်နဲ့နေရတာလေ။တစ်ယောက်တည်းရပ်တည်လို့မှမရတာ။
ပထမ ရည်စားနဲ့အဆင်မပြေလို့ကွဲသွားတော့ နောက်တစ်ယောက်ကို ရည်စားတော်လိုက်တယ်ဆိုရင်
တစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတာ ဆိုပြီးအပြောခံရပြန်ရော။
ရည်စားထားတယ်ဆိုတာကောင်းတာဘာတစ်ခုမှမရှိပါဘူး။
 တစ်ချို့ဆို အသည်းကွဲတဲ့ ဒဏ်ကို မခံနိုင်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တဲ့ အထိ
ဘ၀ကိုအရှုံးပေးသွားခဲတာကြားဖူးကြတယ်မဟုတ်လားးးးး။
ရည်စားမရှိဘူးဆိုရင်  သွားချင်တဲ့နေရာကို သွားလို့ရတယ်။
စားချင်တဲ့အစာကို စားလို့ရတယ်။လုပ်ချင်တာလုပ်လို့ရတယ် ။နေချင်သလိုနေလို့ရတယ်။
ဘာအနှောင်အဖွဲ့မှ မရှိဘူး ။ အရာအားလုံးက ကိုယ့်သဘောတစ်ခုတည်းနဲ့ ပြီးတယ် ။
ဟိဟိ တစ်ခါလေ Online မှာ ကောင်လေးချောချောလေးတွေ တွေ့ရင်ကြူလို့ရတယ်လေ။
အဲဒါကြောင့်ပြောတာ ရည်စားထားတာ မကောင်းဘူးလို့
သဘောတူတယ်မဟုတ်လား?????
ရည်စားထားတာမကောင်းဘူးလို့ပြောလိုက်လို့ ကြိုက်မဲ့သူမရှိဘူးလို့  အထင်တော့မသေးလိုက်နဲ့နော်။
ရည်စားတော်ချင်တယ်ဆိုပြီး ပြောလိုက်ရင်- - - - - - -
 သူအရင် ငါအရင် အပြိုင်အဆိုင် ပြေးလာမဲ့ ကောင်လေးတွေ  အများကြီးဘဲသိလားးးးဟီးးးးးးးးးးးးးးဟီးးးးးးး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့