Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 30 March 2012

ပကာသနမဲ့တဲ့ ကြယ်

တက်ကျိုးတိုင်း
လက်ထိုးလှော်ခတ်ခဲ့တာ
လက်နှစ်ဖက်လည်းနာ
ဘ၀လည်းနာ
အချိန်တွေကြာတော့.....
ရှင်သန်ခြင်းတွေက   အဓိပ္ပာယ်မဲ့သလိုလိုနဲ့ 
လူတကာမေးငေါ့ချင်စရာဖြစ်
ရေတိမ်ချောင်းထဲမှာ နစ်နေတဲ့ ငါးနှယ်
လောကဓံ ကစားခြင်းခံရတယ်။
နေဆယ်စင်းထွက်စေ
ကမ္ဘာတစ်ရာပျက်စေ
အိပ်မက်တွေ
စိတ်ကူးတွေ
မထူးလာသရွေ့
ရူးသလိုနေ
မူးသလိုနေ
အဲလိုနဲ့  ခဏခဏသေတယ်.....။
ဥစ္စာ ဓန ပညာ ကံ မရှိတဲ့ဘ၀က
ကျည်မရှိတဲ့  သင်္ကြန်အမြှောက်ဆံလို
အသံကျယ်ကျယ်တော့ မြည်မယ်.....။
လူတကာတွေ
လူ မလေး
လူ မခန့် လည်း ဖြစ်တယ်......။
တစ်သက်တာ သားသမင်ဖြစ်ရတာထက်
တစ်မနက်တာ တောဘုရင် ခြင်္သေ့ ဖြစ်ရတာ မြတ်တယ်ဆိုပေမယ့်
အစာငတ်တဲ့ တစ်မနက်တာဖြစ်နေခဲ့လျှင်..............။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့