Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 31 March 2012

အချစ်ဆိုတာကို ဘယ်ကနေ ဘယ်လို

အချစ်ဆိုတာကို ဘယ်ကနေ ဘယ်လို အဓိပယ် ဖွင့်ဆိုရမှန်းမသိပေမယ့်
သူမကို ဘယ်လိုချစ်တယ်ဆိုတာကို ကျွန်တော် အဓိပယ်ဖွင့်နိုင်ပါတယ်လေ.....
သူမစီက အပြုံးလက်လက် လေးနဲ့ သူမစီက ကြင်နာမူတွေ သူမစီက ဖြူစင်မူတွေကပဲ
ကျွန်တော်နှလုံးသားကို စိုးမိုးထားခဲ့တယ်လေ...။
သူမဟာ သူနာပြုမလေးတစ်ယောက်ပါကျွန်တော် အမြဲသူကိုလွမ်းနေမိတယ်သူကိုချစ်တယ်ဆိုတာကိုစိတ်ထဲကနေညတိုင်းရေရွတ်နေမိတယ်။
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းမဟုတ်ဘူးဆိုတာကို သိပြီးတဲ့နောက်မှာတော့ သူမကို ကျွန်တော် တစ်ဖြည်းဖြည်း ချစ်တက်လာခဲ့တယ်။
အချိန်တွေ တစ်ဖြည်းဖြည်းပြောင်းလဲ လာတာနဲ့အမျှ သူမကို ချစ်တဲ့စိတ်နဲ့ လွမ်းတဲ့စိတ်တို့ နှလုံးသားတစ်ခုလုံး အေးမြနေခဲ့ပါပြီလေ။
ကျွန်တော်အခန်းနံရံလေးမှာ သူမကို ချစ်တဲ့အကြောင်းတွေ အမြဲ ကပ်ထားခဲ့သလို ကျွန်တော်နှလုံးသားမှာလည်း သူမနာမည်ကို
ကဗျည်းထိုးထားခဲ့တယ် သူမဟာ ကျွန်တော်တွက်အမြဲရှင်သန်နေမယ့် ချစ်သူတစ်ယောက်ဆို မမှားပါဘူး. ...
သူမဟာ လူနာတွေကို အမြဲ ကြင်နာတက်တဲ့ သူနာပြုမလေးတစ်ယောက်ပေါ့..သူမဟာ ကျွန်တော်နှလုံးသားကို ကုသပေးခဲ့သူပေါ့ ။
သူမဟာ ကျွန်တော်ရဲ့ အချစ်ဦးမဟုတ်ပေမယ့် အချစ်ဆုံးသူတစ်ယောက်တော့ ဟုတ်ပါတယ်..။
ပိတောက်တွေပွင့်တဲ့ချိန် သူပြန်လာမယ်လို့ ပြောခဲ့ပေမယ့် .....ဒီနှစ်ပိတောက်တွေပွင့်တဲ့ချိန်မှာ သူပြန်လာမဖြစ်ဘူးလေ..။
ကျွန်တော်ကတော့ ပိတောက်တွေနဲ့ အတူ တစ်ယောက်တည်း ပိတောက်ချစ်သူကိုလွမ်းနေရတော့မှာပေါ့လေ...။
သူမနဲ့ ဆုံတွေ့နိုင်ဖို့ကို ကျွန်တော်အမြဲ အားတင်ထားဆဲပါ...။ သူမရဲ့ ဖြူစင်မူနဲ့ ဟန်မဆောင်တက်တဲ့ စိတ်ထား တစ်ပါးသူပေါ် နားလည်ပြီး
အကောင်းမြင်တက်တဲ့ စိတ်ထားလေးတွေ ကြောင့် သူမနဲ့ချစ်သူ ဖြစ်ရတာဟာ အရမ်းကိုကံကောင်းတယ်လို့ ခံစားမိတယ်..။
ကျွန်တော်ကိုဆို ရင် သူမအမြဲစိတ်ပူတက်ပြီ သူမအမြဲ စိုးရိမ်နေတက်တယ်...။ တစ်ခါတလေ ကျွန်တော် ချိန်းပြီး မလာဖြစ်ခဲ့ရင် သူမကျွန်တော်ကို နားလည်ပေးနိုင်တယ်လေ.. ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မူတွေနဲ့ အချစ်တစ်ခု ကို တည်ဆောက်ထားတာကြောင့် ကျွန်တော်နဲ့ သူမ တွေ့ဆုံတိုင်းမှာ အမြဲလိုပျော်ရွင်ပြီး အမြဲလိုသာယာနေဆဲပါ.....။
ညအိပ်တိုင်း စဉ်စားမိတာက သူမအကြောင်းပေါ့....သူမ အကြောင်းတွေရင်း ဒီချိန်သူမများဘာတွေလုပ်နေမလဲနေမှကောင်းပါ့မလားဆိုတဲ့ အတွေးတွေကို အမြဲလိုလိုတွေးဖြစ်မိတယ်....။
သူနာပြုမလေး ဖြစ်တဲ့ ကျွန်တော်ချစ်သူကို ကျွန်တော်အ၇မ်းချစ်ပါတယ်...။ ကြယ်ကြွေတိုင်း ဆုတောင်းမိတာကတော့ သူမနဲ့အမြန်းဆုံး
ဆုံဆည်းနိုင်ပါစေလို့ပေါ့.......။ 
 ချစ်သူရယ်... မောင် မင်းကို အချိန်တိုင်းလိုလို သတိရလွမ်းဆွတ်နေဆဲပါ......
 ပူပြင်လှတဲ့ ဒီနွေရာသီလေးမှာ ..
 သစ်ရွက်တွေကြေကျတိုင်း
 မင်း ကိုလွမ်းတဲ့စိတ်နဲ့
 ကြွေကျလာတဲ့ မျက်ရည်တွေကို မင်းမြင်ပါ့မလာ...
 အရမ်းချစ်ပါတယ် ချစ်သူရယ်....။
သူမနဲ့ ချစ်သူဖြစ်တာ ဟာ တစ်လပြည့်ခဲပါပြီ..... 
ဆိုဒ်ထဲမှာ ရှိတဲ့ ချစ်သူတွေ နဲ့ ဆိုဒ်ထဲမှာ ရှိတဲ့ အဖွဲ့ဝင်တွေကို ပြောချင်တာကတော့
ဘယ်လောက်ပဲ တန်းဖိုးရှိတဲ့အချစ်ဖြစ်နေပါစေ နားလည်မူမရှိရင် အဲ့ဒီအချစ်ဟာ ဘာမှကို အသုံးမ၀င်တော့တာပါ...။
ဒါကြောင့် အချစ်ဆိုတာ နားလည်မူတွေနဲ့တည်ဆောက်စေချင်ပါတယ်..။ တစ်ယောက်ဖြစ်နေတာ ကိုမျှဝေခံစားစေချင်ပါတယ်
သူမစိတ်ညစ်နေရင်းလဲ ကျွန်တော်ကိုပြောသလို သူမစိတ်ညစ်ပြီး တစ်စုံတစ်ခုဖြစ်တိုင်းကျွန်တော်ကို ပြောပြပါတယ်.. ဒါကြောင့် သူမအကြောင်း ကို ကျွန်တော်သိသလို ကျွန်တော်အကြောင်းကိုလည်း သူမသိပါတယ် ဒီလိုနဲ့ ဘယ်အရာကိုမဆို မျှဝေခံစားနိုင်ပါတယ်.။
ဒါကြောင့် ဘာဖြစ်ဖြစ် လျို့ဝှက်တိုင်းမကောင်းဘူးလေ...။ တစ်နေ့ ကိုယ်က လျို့ဝှက်ထားတာ သူက သိသွားရင်.. အခြေနေက ဒီထက်ဆိုးနိုင်ပါတယ်... ။  ဒါကြောင့် အဆိုးအကောင်းကို  ကိုယ်တကယ်ချစ်တဲ့သူနဲ့ တွေ့ရင် မျှဝေခံစားတက်ပါစေဗျာ....။ ကိုယ့်ချစ်သူအပေါ်ကို တန်ဖိုးထားပြီး ချစ်မြတ်နိုးပါလို့...............ပြောချင်ပါတယ်နော်...။ ချစ်သူတိုင်း ဆုံဆည်းနိုင်ကြပါစေဗျာ....
                                                            
                                                             
                    
ကြယ်ကြွေညတွေနဲ့
တစ်ယောက်တည်း
အထီးကျန်အိပ်ပျက်ညတွေမှာ
အချစ်ဆုံးသူအကြောင်းကို တွေးနေမိတယ်
အိပ်မက်တွေထဲ ချစ်သူရောက်လာတိုင်း
အမြဲလိုလို ပျော်ရွင်ခဲ့တယ်
လမ်းလျှောက်လို့ သူအမြဲပါတယ်..
အရိပ်လေးလာ စိတ်ကူးလေလာ
ပန်းပိတောက် ပွင့်
ဒီနှစ်ခါမှာ
အချစ်ဆုံးချစ်သူ
တစ်ချိန်တစ်ခါ
ပြန်ဆုံမယ်နေ့
မောင်စောင့်စားလို့
အမြဲသတိရ
အိပ်မက်ထဲနေ့တိုင်းဆုံချင်မိတယ်
အရမ်းချစ်တယ်
မောင့်ချစ်သူ သူနာပြုမလေးရယ်..
                                   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့