ဘယ်သူမှမရှိတဲ့အခန်းထဲ
တိတ်ဆိတ်ခြင်းတို့ပြည့်ညှပ်လို့
သက်မဲ့ဝတ္ထုတွေက ပုံမှန်ပါပဲ
သက်ရှိဝိညာဉ်က ယိမ်းထိုးညွန့်ကျ......။
တစ်ခါတစ်ခါ
ခန္ခာအစိတ်အပိုင်းကနာကျင်ပြီး
တစ်ခါတစ်ခါ
ရင်ဘတ်ကနာတာရှည်ေ၇ာဂါထလို့............
ဘယ်လိုခေါင်းစဉ်တပ်ရမလဲ
ဘယ်သူကရောကူညီမှာလဲ
အလင်းအုပ်ဆောင်းအောက်မှာ
ငါက ............မှောင်တယ်.............။
ဘယ်သူမပြုမိမိမှုပဲ.........တဲ့
ငါ့တရားငါပြန်ချနေပေမဲ့
ငါစိတ်ဓာတ်တွေပဲ တစ်ဖြုတ်ဖြုတ်ကြွေးကျနေခဲ့............။
No comments:
Post a Comment