“လိမ်ညာတယ်ဆိုတာမကောင်းဘူး၊ မလိမ်ညာရဘူး၊ လိမ်တတ်တဲ့ကလေး သစ်သားရုပ် Pinocchioလို နှာခေါင်းရှည်
ထွက်လာတတ်တယ်” လို့ သူမကြာခဏပြောတယ်။ သူ့စကားကို သင်ယုံတယ်.. နှာခေါင်းရှည်ထွက်လာပြီး ရုပ်ဆိုးမှာ
စိုးလို့ သင်မလိမ်ညာရဲခဲ့ဘူး။ ဒါပေမဲ့ သင့်ကို မလိမ်ညာရဘူးလို့ သင်ပြတဲ့သူက အလိမ်ညာတတ်ဆုံးလူ ဖြစ်နေတယ်
ဆိုတာကို နောက်တော့ သင်တဖြေးဖြေး သတိထားလာခဲ့မိတယ်။
သင်အကြိုက်ဆုံး အစားအစာဟာ သူ မကြိုက်ဆုံးအစားအစာဖြစ်တယ်။ ဥပမာ- ကြက်သားစားတဲ့အခါ ကြက်ပေါင်၊
ကြက်တောင်ပံ၊ ကြက်ရင်အုံတွေကို သူ မကြိုက်ဘူးလို့ အမြဲပြောတယ်။ ဒါတွေက သင်အကြိုက်ဆုံးဖြစ်နေတတ်တယ်။
ကြက်ပေါင်၊ ကြက်ရင်အုံတွေကို သင်စားနေရင်းက ဒီလောက်မွှေး၊ ဒီလောက်စားကောင်းတဲ့အရာကို မကြိုက်တဲ့သူ
လည်းရှိတယ်လို့ သင်တွေးနေမိတယ်။
ဒါပေမဲ့ တစ်နေ့မှာ မီးဖိုချောင်ထဲက သင့်စားကြွင်းစားကျန် ကြက်ပေါင်တွေကို စားနေတဲ့သူ့ကို သင်တွေ့ခဲ့မိတယ်။ အဲဒီ
နေ့က အိမ်ခန်းတွေထဲ ပြေးလွှားရင်း သင်လေတံခွန်လွှတ်တမ်း ကစားနေတယ်။ အဲဒီအချိန် တံခါးဘောင်မှာ သူမှီပြီး
တစ်နေရာရာကို ကြည့်နေတယ်။ သင်ပြေးလွှားရင်း ပွင့်နေတဲ့တံခါးရွက်ကို တိုက်မိတယ်။ တံခါးအပိတ်မှာ သူ့လက်
ချောင်းကို ညှပ်လိုက်မိတယ်။ သူ့ရဲ့ အားခနဲအော်သံကြားတော့ သင်လန့်ပြီးငိုတယ်။ တခြားလက်တစ်ဖက်နဲ့ ညှပ်မိတဲ့
လက်ကို သူဆုပ်ကိုင်ရင်း သူဘာမှမဖြစ်ဘူး၊ မနာဘူးလို့ သင့်ကိုပြောတယ်။ သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်က သင့်ကို
အငိုတိတ်စေခဲ့တယ်။ နောက်ရက်တွေမှာ သူ့လက်ချောင်းဖုယောင်နေတာကို သင်တွေ့ခဲ့မိတယ်။ အဲဒီနောက် သင်တ
ဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ အလယ်တန်းရောက်တော့ သင်အဆောင်နေရတော့မယ်။ သူ့ကို သင်မခွဲချင်ဘူး။
သူကတော့ပြောတယ်…. “အဆောင်နေမယ့်အရွယ်ရောက်ပြီ…ကောင်းလိုက်တာ.. နားညီးသက်သာသွားပြီ၊ အိမ်ရှင်း
သွားပြီ” လို့ သူပြောတယ်။ ဒါကို သင်စိတ်ကောက်ပြီး အိမ်ကိုနှစ်ပတ်လောက် မပြန်ခဲ့ဘူး။ နောက်မှ အိမ်နီးချင်းတွေက
နေ သင်သိရတာက သင်အိမ်မပြန်တဲ့ရက်တွေ သင့်ကိုသူလွမ်းမျှော်ပြီး မျက်ရည်ကျနေခဲ့တယ်ဆိုတာပါပဲ။ နောက်တော့
သင် တက္ကသိုလ်ရောက်တော့ ကောင်မလေးတစ်ယောက်ကို သင်ချစ်မိတယ်။ ကောင်မလေးအတွက် သင့်အသုံးစရိတ်
တွေထဲကနေ အမြဲလက်ဆောင်ဝယ်ပေးတယ်။ ဒါနဲ့ သူ့ဆီကို သင်စာအုပ်ဝယ်ဖို့ ငွေလိုကြောင်း စာပို့တယ်။ စာအုပ်ဝယ်
ဖို့ဆိုရင် သူအားပေးတယ်.. သင်လိုတဲ့ပိုက်ဆံကို သူချက်ချင်း ပို့ပေးတယ်။ အလုပ်လုပ်ရတာ သူဘယ်လောက်ပဲဆင်းရဲ
ပင်ပန်းပါစေ… သူ မမောပါဘူးတဲ့။
နွေကျောင်းပိတ်လို့ သင်အိမ်ပြန်တော့ သူ့ကိုအလုပ်ရုံမှာ သင်သွားရှာခဲ့တယ်။ အလုပ်ရုံနဲ့အိမ်က အဝေးကြီး.. ခါးကုန်း
ကုန်းပြီး အင်စိုက်အားစိုက် အလုပ်လုပ်နေတဲ့ သူ့ကို သင်တွေ့ခဲ့တယ်။ သင်ကျောင်းပြီးတော့ အလုပ်ဝင်ပြီ… အလုပ်အ
တွက်၊ ဘဝအတွက် သင်နေ့မအား၊ ညမအားခဲ့ဘူး။ တာဝန်နဲ့ နေရပ်ကိုသင်ဖြတ်ရပေမယ့် အိမ်ကိုဝင်ဖို့ သင်မအားခဲ့ဘူး။
ကြာကြာတစ်ခါတော့ သင့်ကို သူဖုန်းဆက်တတ်တယ်။ ဘာအရေးကိစ္စမှ မရှိပါဘူး.. သင့်အသံကိုပဲ သူနားထောင်ချင်
လို့၊ နေကောင်းကျန်းမာဖို့၊ အိမ်မှာအရာအားလုံးကောင်းတယ်၊ စိတ်မပူဖို့ သူပြောတယ်။ ဒါကို သင်စိတ်ချလက်ချ ယုံ
တယ်။ တစ်နှစ်ပတ်လုံး အိမ်မပြန်ခဲ့ဘူး။ နောက်တစ်နှစ်အိမ်ပြန်တော့ အိမ်နီးချင်းတွေက “သူလဲကျလို့ ခြေကျိုး၊
လက်ကျိုးဖြစ်သွားတာတောင် မင်းအိမ်ပြန်လာကြည့်ဖော် မရဘူးနော်” လို့ အပြစ်ဆိုတယ်။ အခုချိန်မှာတော့ သူနဲ့အတူ
သင်ရှိနေတယ်။ သူ့ခေါင်းပေါ်ကဆံဖြူတွေကို သင်ကြည့်ရင်း သစ်သားရုပ်Pinocchioရဲ့ ပုံပြင်ကို သင်ပြောပြချင်နေခဲ့
တယ်။ သင်ငယ်ငယ်တုန်းက သူပြောပြခဲ့ဖူးသလို… မလိမ်ညာရဘူး၊ လိမ်ညာတဲ့လူ နှာခေါင်းရှည်တတ်တယ်ဆိုတဲ့
ပုံပြင်ကိုပေါ့။
ဒါပေမယ့် အခုချိန်မှာ သင်လည်း လိမ်ညာတတ်ခဲ့တယ်။ ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ပြီး ကပ်ထားတဲ့ဈေးနှုန်းစာရွက်ကို
သင်ခွာခဲ့တယ်။ ပြီးတော့ ဒါဈေးချတာ.. ဈေးပေါတယ်လို့ သူ့ကို သင်ညာတယ်။ ဒါမှ သူ စိတ်မဆိုးမှာဖြစ်တယ်။ အလုပ်
မှာ စိတ်ဖိအား၊ အလုပ်ဖိအားတွေကို သင်ခံရတယ်။ ဒါပေမယ့် သူနဲ့စကားပြောတဲ့အခါတိုင်း ကျေနပ်တဲ့အသံနဲ့ အလုပ်
မှာကောင်းကြောင်း၊ စိတ်ချချနေဖို့ သူ့ကို သင်ပြောတယ်။ သင့်ကိုယ်သင် လိမ်ညာတတ်သူဖြစ်အောင်လုပ်မယ်လို့ သင်
ဆုံးဖြတ်တယ်။ သူပြုံးရယ်ဖို့အတွက်၊ လောကမှာ အလိမ်ညာတတ်ဆုံး—— မိခင် အတွက်ပေါ့
ရှင်သန်နေတဲ့အမေအတွက် ကဗျာလေးတစ်ပုဒ်
အသေအချာပြေးပြီး တွေးဆရင်
အဝေးကြီးမဝေးလှသေးပါဘူးအမေ
ခရီးအဝေး အနီးလေးသာရှိသေးတဲ့ဖြစ်စဉ်မှာ
ချစ်ခင်စရာ သားပျိုကို ထားသိုခဲ့သူဟာ အမေပါ။
အမေ့ဝမ်းတွင်း နေထိုင်ရင်းပင် အဖေ့ရင်အုံကိုယ်ငွေ့လှုံကာ
မေတ္တာဘုံကြား ခိုလှုံနားယူချိန်ဟာ မြူတိမ်လွှာကင်းပျောက်
ဝင်းတောက်တဲ့လမင်းအောက် ရောက်နေသလိုပဲအမေ
ဘ၀ရဲ့အလင်း အေးမြခြင်းရဲ့ရသ
လှပတဲ့ဘ၀တစ်ခု ထုဆစ်ခဲ့တာအမေပါ…..
သားသမီးပင် မသိခင် ချစ်စိတ်ဝင်ခဲ့တာလည်း အမေပဲ
ကိုးလဆယ်လ သန္ဓေခ လွယ်ခဲ့ရတာလည်းအမေပဲ
သန္ဓေသားဖွားခန်း ခရောင်းလမ်းကို
မညောင်းတမ်းလျှောက်ခဲ့သူဟာ အမေပါ
စေတနာဇောကြွ ကြေငြာပြောပြရရင်
လောကထဲကိုဝင်ဖို့
သားတို့ရဲ့ သံတံခါးပေါက်
စံထားလောက်တဲ့သူပါ…
အမေ့ကိုအခြေပြုလို့ ဤမြေထုပေါ်ရောက်ခဲ့တာ
အမေသာမရှိရင် အသေအချာသိချင်တယ်
လောကကြီးဘာဖြစ်သွားမလဲလို့
သြော် အမေရယ်…
ဥပေက္ခာ မြေပြင်မှာ
မေတ္တာ ရေစင်ရေအေး
မုဒိတာမြေဆွေးကျွေး
ကရုဏာ လေညှင်းအေးကိုရလို့
သားပင်ပျို ထွားရှင်စိုခဲ့တာပါ။
ပြုစုပျိုးထောင် ဟိုးနောင်ရေး
မညှိုးအောင် အကျိုးဆောင်ပေးတဲ့အတွက်
အမေဆိုတာ ဥယျာဉ်မှူး အထူးအမြင်စူးကာ
လက်ဦးဆရာရှေ့ကဆောင် မကွေ့အောင်လမ်းပြ
ဆုံးမြပဲ့ပြင် သွန်သင်ပေးခဲ့တဲ့ အမေ့ကျေးဇူး
မမေ့သေးဘူးဆိုတာ ယုံပါအမေ။
လောကကြီးထဲ ဘာတွေပဲ ဆွဲထုက်ဆွဲထုက်
ကျဲစုတ်မကျန် ပုံစံမပျက်ဘူး ဒါပေမယ့်..
သားအမြင် သားအထင်မှာ
အမေ့ကို ဖယ်ရှားရင် လောကကြီး ကွယ်သွားလိမ့်မယ်
အမေ့ကို ဖယ်ထုက်ရင် လောကကြီး ကွယ်မြုပ်လိမ့်မယ်
ဒီလောက်ထိ အလေးထား အရေးပါအရာရောက်
အားထားလောက်တဲ့အမေ မပျောက်မပျက်စေရပါဘူးအမေ
သို့သော် အမေဆိုတာ သင်္ခါရနယ်သား
အစဉ်ထာဝရကွယ်မသွားပါဘူး အမေရယ်……
တကယ်တော့ အမေဆိုတာ
ချစ်ခြင်း မေတ္တာ သနားခြင်းကရုဏာ
ဝမ်းသာခြင်းမုဒိတာ ခွင့်လွှတ်ခြင်း ဥပေက္ခာနဲ့
တကယ်ကြီးမာ ဖွဲ့စည်းထားတဲ့
အမုန်းမဲ့သခင် အဆုံးမဲ့ဘုရင်ပါ။
မြင့်မိုရ်ထက် မြင့်မားတာ အမေ့မေတ္တာ
သမုဒ္ဒရာထက် နက်ရှိုင်းတာ အမေ့ကရုဏာ
ကောင်းကင်မဆန့် ပျံ့နှံ့တာ အမေ့မုဒိတာ
မြေပြင်ထက်ဟီး ထုတည်ကြီးတာ အမေ့ဥပေက္ခာ
အို………… အနန္တပါကွယ်
အချိန်အတိုင်းအတာ နှိုင်းရှာဖွေဆက်
ရေတွက်ကြည့်အုံး အဆုံးမမြင် ဒီဂုဏ်အင်ကြောင့်
စမ်းကတာ စမ်းထဲမှာ
အမေ့မေတ္တာစမ်းဟာ အအေးမြဆုံးပါ အမေ
ပန်းကတာ ပန်းထဲမှာ
အမေ့ ကရုဏာပန်းဟာ အမွှေးဆုံးပါ အမေ
နန်းတကာ နန်းထဲမှာ
အမေ့ မုဒိတာန်းဟာ အနွေးဆုံးပါ အမေ
လမ်းတကာ့ လမ်းထဲမှာ
အမေ့ ဥပေက္ခာလမ်းဟာ အဖွေးဆုံးပါ အမေရယ်……
အများအမြင်မျာ သနားကြင်နာတဲ့
အမေနဲ့ခွဲခွါ နှစ်တွေကြာပြီကွယ်
နှစ်တွေကြာလည်း အသစ်တွေပါပဲ
အချစ်တွေဖြာဆဲဆိုတာ အမေသိပါစေ……..
ကျေးဇူးမသိသူတွင် ရှင်သူပင်ပျောက်သော်လည်း
ကျေးဇူးသိသူအတွက် ပျောက်ပျက်တာမရှိ
အသိထဲမှာ အမေရှိဆဲပါလေ………
ခန္ဓာအမေ ပြန်ရှာပေမဲ့
အကြင်နာ မိုးရေ မေတ္တာအမေ
ရင်မှာဖြိုးစွေ ကရုဏာအမေ
အစဉ်သာတိုးနေ မုဒိတာအမေ
အပင်မှာမညှိုးပေ ဥပေက္ခာအမေကတော့
အသွင်သဏ္ဍာန်ဖုံး ရှင်သန်တုန်းပါပဲအမေရယ်…….
အဟောင်းနေရာ အသစ်ဆက်
ဖြစ်ပျက်ပြောင်းလဲ လောကထဲမှာ
မပြောင်းတဲ့မေတ္တာ
မနှောင်းတဲ့ ကရုဏာ
မဟောင်းတဲ့ မုဒိတာ
မစောင်းတဲ့ ဥပေက္ခာ တရားတွေနဲ့
ထုဆစ်ကာထားတဲ့ အမေ့ပုံကို
တွေ့ဆုံလေတိုင်း
မျက်ရည်ဝိုင်းရပါတယ် အမေရယ်……..
ကာလတာရှည် ကြာပြီအမေ
ရာသီတွေဟောင်း ပြောင်းလဲမှုရဲ့သင်္ကေတ
အတိက်မှပစ္စုပ္ပန် ပစ္စုပ္ပန်မှအနာဂတ်
အခါမလပ်တွယ်ကပ် လည်ပတ်နေတဲ့ပုံစံဟာ ပုံမှန်ပါအမေရယ်
(ဒါပေမယ့်) ပုံမှန်ကို စုံကန်
ထုံးစံကို ရုန်းကန်တထယ်လို့ အပြစ်တင်စောပါစေ
ချစ်ကြင်ဇောနဲ့အမေ့ဟန်
သစ်လွင်နှောတဲ့ အမေ့သဏ္ဍာန်ကတော့
ပစ္စုပ္ပန်မှ ပစ္စုပ္ပန်
အတိက်မှာ မကျန် အတိက်သံမရှိ
အသိနဲ့ အမြင်မှန် ရှင်သန်နေဆဲပါအမေ
ရှင်သန်နေဆဲပါ……….
မြင့်မိုရ်တောင်ကြေ သမုဒ်ရေခန်းခြောက်
ကမ္ဘာကြီး ပျောက်ပျကသွားလဲ
အမေနဲ့ သားသမီးကြားထဲ
အဆီးအတားလဲ မထား
တသားတည်း တစားတည်း
တထပ်တည်း တစပ်တည်း
တခုတည်း တစုတည်း
တပြိုင်တည်း ခိုင်မြဲရှင်သန်နေတယ်ဆိုတာ
အမေသိပါစေ အမေရယ်…. အမေသိပါစေ..
No comments:
Post a Comment