Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Friday 30 March 2012
နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
နွေဂိမာန်ကူးလို့ မြန်မာလူမျိုးတို့  အပျော်ရွှင်ဆုံး အတာင်္ကြန်ပွဲ ဆင်နွှဲ ချိန်လဲရောက်ပါတော့မယ်။
ဒီအချိန်ဆို ရင် အားလုံး မျှော်လင့်ရင်ခုန်နေကြတာကတော့ ပိတောက်ပန်းပွင့်လေးတွေပါ။
တကယ်တော့ ပိတောက်ဆိုတာကလဲ တခြားပန်းတွေနဲ့မတူ တမူထူးပြီး မိုးစက်ပက်ဖြန်းမှ လန်း၇တာလေ-
မိုးမရွာ ရင် သင်္ကြန်လဲ ဘယ်ပိတောက်မှ မပွင့်နိုင်ပါဘူး--
သင်္ကြန်မိုးလေးနဲ့အပြိုင် သိင်္ဂီရွှေ ပိတောက်ပန်းလေးတွေကို ပွင့်လန်းမယ့်ချိန်ခါ မျှော်ကာလေ မောနေကြပါရဲ့ ။
မရတာမှ လိုချင်ကြတာက  လူ့ သဘာဝ ပဲနော်--
အားလုံးက ပိတောက်ကိုမျှော်နေချိန်မှာ  ငုဝါပန်းလေးခိုင်လေးတွေကတော့ ၀င်းတောက်ထိန်ကြည်စွာနဲ့  ဖူးပွင့် ဝေဆာပြီး နွေကိုအလှဆင်နေကြပါတယ်။
ငုပန်းလေးတွေရဲ့ ဘက်ကနေ ခံစားကြည့်ကာ မေးလိုက်မိလိုက်ပါတယ်-
သူ့ ခမျာ ဒီလောက် တာဝန်ကျေကျေ သစ္စာရှိရှိ နွေရောက်တိုင်း အချိန်မှန်ပွင့်ပေးနေတာတောင်
ပိတောက်ကိုမျ မျှော်နေကြတာ စိတ်မနာဘူးလား--လို့-
ဒီတော့--ငုဝါပန်းလေးကဖြေတယ်-
တို့ဟာ လောကကြီးကို အလှဆင်ဖို့ ပန်းပွင့်လေးဖြစ်လာတာပါ။
အားလုံးကအသိအမှတ်ပြုမှ ပွင့်မယ်ဆိုတဲ့ မာန်မာန မရှိပါဘူး--တဲ့-
ပူလောက်ခြောက်သွေ့ တဲ့ နွေ ကို လှပတင့်တယ်အောင် အစွမ်းရှိသလောက် အလှဆင်မှာပဲ--
ဘယ်တော့ဖြစ်ဖြစ်  နွေရောက်ရင် သူတို့  ပွင့်ပေးမှာပဲ--တဲ့လေ-
မှတ်သားဖို့ကောင်းလိုက်တဲ့  ငုဝါလေး၇ဲ့ ပန်းစကား-
တို့ ကတော့  ဒီလိုမဟုတ်ဘူး ငုဝါလေးရယ်---
အတ္တ၊ မာန တွေနဲ့  ပူလောင် ခဲ့ဖူးတယ်။
ကိုယ်ကကြိုးစားပြီး ကောင်းတာလုပ်ပြရင် အသိအမှတ် ပြုခံချင်တယ်-
အသိအမှတ် မပြုရင် လုပ်နေတာ ရပ်ပစ်လိုက်ချင်တယ်။
ကိုယ်က ဂရစိုက်ရဲ့သားနဲ့  ကိုယ့်ကို ဥပက္ခော ပြု၇င် နာကျည်းတတ်တယ်။
ကိုယ့်အပေါ်မကောင်းရင် တသက်လုံးမခေါ်နိုင် မပြောနိုင် စိတ်နာ မုန်းတီးတတ်တယ်။
ကိုယ်ပေးသလောက် ပြန်၇မှ ကြိုက်တတ်တာကွယ့်--
ခုတော့ မင်းပြောတဲ့ ပန်းစကားလေးနားထောင်ရင်း တို့ လေ တတ်နိုင်သလောက် ကိုယ့်ကိုကိုယ်
ဆုံးမပဲ့ပြင်ရင်း စိတ်ထားတတ်အောင်ကြိုးစားပါတော့မယ်။
ကိုယ်ကသာ စေတနာအရင်းခံနဲ့  ကောင်းဖို့  လုပ်တာမှန်ရင် ဘယ်သူအသိအမှတ်ပြုပြု ၊မပြုပြုပေါ့ နော်-
ကိုယ့်လိပ်ပြာကိုယ်သိ ၊ ကိုယ့် စိတ်စေတနာ ကိုယ်လေးစားပြီး ကိုယ်ယုံကြည်ရာလမ်းကိုရဲရဲ ဆက်လျှောက်ပါတော့မယ်။
ဘာပဲဖြစ်ဖြစ်လေ-- ကမ္ဘာတည်သရွေ့  နွေ ရောက်တိုင်း  ငုဝါပန်းလေးတွေကတော့  ပွင့်နေဦးမှာပါပဲ။
(ခံစား နားလည်နိုင်ပါစေ)
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့