Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 31 March 2012

ရီဝေေ၀အကြည့်နဲ့ ကြည့်တတ်သူလေး

အော် ကောင်မလေးရေ
စူးရှရှနဲ့
ရူးရတဲ့ မျက်ဝန်းလည်းမဟုတ်
စူးတောက်နဲ့
မူးနောက်လို့ကြောက်စရာ
မျက်ဝန်းလည်းမဟုတ်
လှရက်လွန်းလို့
ဘ၀တစ်သက်လွမ်းရမဲ့
 မြမျက်ဝန်းလည်းမဟုတ်
စိတ်မနောချိုချို
အလှတွေပိုတဲ့ မျက်ဝန်းအကြည့်လည်းမဟုတ်
ရီဝေေ၀ မင်းမျက်ဝန်းအကြည့်တွေက
နှလုံးသားအသိမှာ ပစ်မှတ်ကိုထိ
ချစ်တတ်အောင် ညိတွယ်ခဲ့ ။


မင်းရီဝေေ၀အကြည့်မှာ
အသိတွေ မချင့်တွက်နိုင်
သတိတွေ မရင့်ကျက်နိုင်
နှလုံးသွေးတွေယိမ်းယိုင်
ဦးနှောက်ကိုလည်း ထိန်းလို့မရအောင်တိမ်းမူးမူး
ကိုယ်ဟာအရူးတစ်ယောက်လိုဖြစ်
မင်းပေးတဲ့ဆူးတွေက နစ်ဝင်လည်း
ကိုယ်ကတော့ အပြစ်မမြင် အချစ်တွေထင်ခဲ့ ။


ကောင်မလေးရေ -
 မင်းရီဝေေ၀အကြည့်တွေနဲ့ ဆက်ကြည့်နေလိုက်ပါ
အသက်ရှိသရွေ မက်မိတဲ့ကိုယ်ကတော့
မျက်တောင်မခတ် ၊ ပင့်သက်မရှိက်
တစိုက်မတ်မတ် ၊ ချစ်တတ်ခြင်းနှလုံးသွေးနဲ့
မဝေးတဲ့ မင်းရဲ့ဘေးမှာ
ခပ်ငေးငေးလေးကြည့်နေမယ် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့