Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 31 March 2012

Youtube မှ MP 4 Mp3 .FLV . အဖြစ် download လုပ်ရန်..

Youtube မှ MP 4 Mp3 .FLV . အဖြစ် download လုပ်ရန်..


          ကျွန်တော်တို့တွေ မြန်မာမှာလည်း youtube ကြည့်လို့ ရပြီလို့ သိရတော့ အတိုင်းမသိလေး ၀မ်းသာရပြန်ပါတယ်။ တကယ်တော့ youtube မှာ မကုန်ခမ်းနိုင်တဲ့ နည်းပညာတွေ အသိပညာ အတက်ပညာတွေ video ဖိုင်တွေနဲ့ပဲ့ သင်ပေးတင်ပေးနေတာတွေ ရှိတယ်။ ဒီနေရာမှာ အခွင့်အရေးရလာတဲ့ အချိန်မှာ ကြိုးစားကြပါလို့ တိုက်တွန်းရင် ကျွန်တော် ဒီနေ့ ဖော်ပြပေးမဲ့ အကြောင်းအရာလေးကတော့ youtube မှာ ကိုယ်ကြိုက်တဲ့ သီချင်းလေးပဲ့ ဖြစ်ဖြစ် tutorial ဖိုင်လေးတွေပဲ့ ဖြစ်ဖြစ် ဒေါင်းလုပ်ချချင်ကာကျရင် ကျွန်တော်တို့တွေ အရင်က IDM ကို အသုံးပြုထားရင် အပေါ်မှာ ICon လေးပေါ်ပြီး ဒေါင်းလုပ်တန်းရပေ့မယ် IDM က error များတဲ့ အတွက် မသုံးချင်ကြတော့ဘူး။ဒီတော့ ကျွန်တော်တို့တွေက Mozilla firefox ကို အသုံးများတော့ Add on အကောင်းဆုံးတွေကို စမ်းသပ် ရှာဖွေပေးလိုက်ပါတယ်။ IDM မလိုဘူး Add On ပဲ့ လိုပါတယ်။ idm နှင့်ပတ်သတ်တဲ့ ပြသနာတွေ ဖြေရှင်းနိုင်ဖို့ကိုလည်း ကျွန်တော် ဒီနေရာမှာ သေချာ ရေးပြ ရှင်းပြခဲ့ပြီးပါပြီ။
ကဲ့ ကျွန်တော်တို့ သင်ခန်းစာ စကြရအောင်...
Firefox ကလည်း အမြဲတမ်းလိုလို Update တွေက ထွက်ထွက်နေတော့ သူနဲ့ ကိုက်တဲ့ Add on အမြဲ ဖြစ်ပါ့မလားလို့ တွေးတွေးနေရတယ်။ ဒါပေ့မယ် စိတ်မပူပါနဲ့ ကျွန်တော် ဒီတွက် ကိုယ် ကြိုက်တဲ့ Add On တွေကို ဖော်ပြပေးလိုက်ပါ့တယ်။ အခု မဖော်ပြခင်မှာ ကျွန်တော် အသုံးပြုနေတဲ့ Add On လက်စွဲ ၂ ခုကို ဖော်ပြပေးလိုက်ပါဦးမယ်။

Video DownloadHelper

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPHTSLLUdDX7siODV8nsElPuYmcHmxdo0gmj-vt780DZYlwSDBca1mt1y-Vrbq0KnXTBPIK5hGTAQjzwsZF2ATfq3QqNnmKqNPe1tnTDJb26pGUPsmj-RB7ZArCsbdmRYZLvEhl9hANlnF/s830/Untitled.png

ဒီကောင်လေးကိုတော့ ကျွန်တော် တော်တော်လေး ကြိုက်တယ်၊ ဘာလို့လည်းဆိုတော့ အခု ထွက်လာသမျှ Firefox တွေနဲ့လည်း မကိုက်ဘူးဆိုတာ မရှိသလောက် ပဲ့။ နောက်တခုက ကိုယ် ဒေါင်းလုပ်လုပ်ချင်တဲ့ Vidoe ဖိုင်တိုက်တွေကိုလည်း Click တချက် နိုပ်လိုက်ယုံပဲ့ ။ နောက်တခုက ကျွန်တော်တို့ Youtube မှာ ကိုယ်ကြိုက်တာလေးတွေကို Add to ပေးထားတာတွေကို click တချက်နိုပ်လိုက်တာနဲ့ ကိုယ်တွဲထားတဲ့ Video ဖိုင် ရှိသလောက်ကို ကိုယ်ပေးထားတဲ့ ခေါင်းစဉ်နဲ့ ဖိုရာတခု ထဲ့မှာ စုပြီး ဒေါင်းပြီးသား အဖြစ် ရနိုင်ပါတယ်။ သုံးချင်တယ်ဆိုရင်တော့ ဒီကောင်လေးကို အောက်က Add on လေးမှာ Add to firefox ဆိုတာလေးကို နိုပ်ပြီး သွင်းလိုက်ယုံပါပဲ။

Easy YouTube Video Downloader

တကယ်လို့ အပေါ်က Addon ကို မသုံးချင်ဘူး သူ့မှာ MP3 အဖြစ် ဒေါင်းလုပ်လုပ်ဖို့ မပါဘူး။ MP 4 တွေ တွက်ပဲ့ပါတာ ဆိုတော့ မကြိုက်ဘူးဗျာ။ ကဲ့ ဒါဆိုလည်း ဟုတ်ပြီ ကျွန်တော်တို့ Mp3  ကိုမှ နှစ်မျိုးနဲ့ ဒေါင်းလို့ ရတယ်။ နောက်ထပ် MP4 ,FLV ကြိုက်တာ ဒေါင်းလို့ ရတဲ့ addon ကတော့  Easy Youtube Video downloader ပါပဲ၊ သူမှာ စိတ်ကြိုက်လိုချင်တာကို ဒေါင်းလို့ ရပါတယ်။ မကြာခင်မှာ 3GP Function ပါလာမယ်လို့လည်း ကြော်ငြာထားပါသေးတယ်။ အခုလက်ရှိ Firefox 10.0 ထိကိုလည်း အဆင်ပြေနေပါတယ်။ ဒေါင်းလို့ ရတဲ့ ပုံလေးကို အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။



အပေါ်က Addon လေးကို အနက်နဲ့ ၀ိုင်းပြထားသလို အောက်က အနီနဲ့ ၀ိုင်းပြထားတာကတော့ ကျွန်တော်တို့ ဒုတိယ addon ပါ။ click တချက် နိုပ်လိုက်ယုံပါပဲ့။

ဒီထက်ပိုပြီး ကျွန်တော်တို့ ဒီလို Add on ကို ဘယ်လိုရှာလည်း ဆိုတာကိုပါ ထပ်ပြောပါဦးမယ်။ ဒီ Addon ကို Firefox တွက် ထွက်ရှိပြီးသားတွေပါ။ Add on မှာ သွားကြည့်ရင် အများကြီးတွေ့နိုင်ပါတယ်။ စမ်းကြည့်ပါ။ ကြိုက်တာကို အသုံးပြုနိုင်ဖို့ လင့်ပြန်ညွှန်းလိုက်ပါတယ်။

https://addons.mozilla.org/en-US/firefox/collections/fidodidos/download-online-videos/?page=1

အဆင်ပြေပါစေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့