Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

နိုင်ငံသားတိုင်း ဖတ်စေချင်ပါတယ် ... တစ်ယောက်တစ်လေအတွက် တစ်ခုခုကျန်ခဲ့ရင် အချိန်ပေးရကျိုးနပ်ပါတယ် ...

ဒီနေ့ တပ်မတော်နေ့(တော်လှန်ရေးနေ့) အကြိုနေ့မှာ  မြန်မာနိုင်ငံသားတွေ သိစေရအောင် ဖြစ်သင့်တယ်ထင်တာလေးတွေကို တင်ပြပေးချင်ပါတယ် ။
(က) ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရဲ့ တူညီတဲ့ ရည်ရွယ်ချက် (၅) ချက် ….
နိုင်ငံတော်ကို ….
၁။ စည်လုံးညီညွတ်စေချင်တယ် ။
၂။ အေးချမ်းသာယာစေချင်တယ် ။
၃။ ဖွံ့ဖြိုးတိုးတက်စေချင်တယ် ။
၎။ တရားဥပဒေ စိုးမိုးစေချင်တယ် ။
၅။ လူ့စွမ်းအားအရင်းမြစ် တိုးတက်စေချင်တယ် ။
(ခ) မြန်မာနိုင်ငံသားတိုင်း တူညီတဲ့ စိတ်ဓာတ် (၅) ခု …
၁။ နိုင်ငံတော်ကို ချစ်တဲ့စိတ် ။
၂။ ကိုယ့်လူမျိုးကို ထိရင်နာတက်တဲ့စိတ် ။
၃။ ရိုးသားပွင့်လင်းတဲ့စိတ် ။
၎။ ရိုင်းပင်ကူညီတဲ့စိတ် ။
၅။ ဖော်ရွေပျူငှာတဲ့စိတ် ။
ဒီလို တူညီတဲ့ရည်ရွယ်ချက်တွေ စိတ်ထားတွေတူညီစွာရှိနေကြပြီးတော့ ဘာလို့များ အကောင်ထည်မပေါ်ကြတာလဲ
(ဂ) နိုင်ငံတော်ကြီး မဖွံ့ဖြိုး မတိုးတက်တာ
အစိုးရကြောင့်လား ?
ပြည်သူတွေကြောင့်လား ?
အတိုက်ခံတွေကြောင့်လား ?
တကယ်တော့ အားလုံးကြောင့်ပါ သေချာတွေးကြည့်ပါ
အတိကျဆုံးပြောရမယ်ဆိုရင် အားလုံးနီးပါး မကောင်းကြလို့ပါပဲ ။
လောကမှာ အရာရာတိုင်းက ပြည့်စုံမှု မရှိပါဘူး … ဒါပေမဲ့ လိုအပ်ချက်အနည်းဆုံး အရာတွေက တန်ဖိုးမြင့်သွားကြတယ် ။
ကဲ ဒီတော့ ရိုးရိုးလေးပဲတွေးရအောင် … မကောင်းဘူးဆိုမှတော့ ပြင်ရတော့မှာပေါ့
ဒီအချက်တွေက သိပြီးသားအများစုဖြစ်နေကြပေမဲ့ တကယ်တော့ မေ့လျှော့နေကြတာပါ …
(ဃ) ပြင်ရမဲ့ (၅) ချက် … ဒါတွေကို ပြင်ဖို့လိုပါမယ်
၁။ သီလစောင့်ထိန်းပါ ။
၂။ ပုဂ္ဂိုလ်စွဲ လူမျိုးစွဲ ဝါဒစွဲ ဒေသစွဲ အစွဲများစွာဖျောက်ပစ်ပါ ။
၃။ သူများပြောသမျှမယုံပဲ ကိုယ်တိုင်တွေ့သိရမှ (သို့) အထောက်ထားခိုင်လုံမှ ယုံပါ ။
၎။ အမှန်တရားကို လက်ကိုင်ထားပါ ။
၅။ ကိုယ်လုပ်တဲ့ အလုပ်ကိုတန်ဖိုးထားပါ… တာဝန်ကျေပါ ။
 (င) အမှန်တရားနဲ့ ခံယူချက် ။
 လူတော်တော်များများ ရောထွေးနေတဲ့ အချက် ၂ ချက်ရှိနေတယ် … ဒါကတော့ အမှန်တရားနဲ့ ခံယူချက်ပါ
ဥပမာ ပေးရမယ်ဆိုရင် … သင်ချစ်တဲ့ကောင်မလေး/ ဇနီးကသင့်အတွက်တော့ အလှဆုံးဖြစ်ချင်ဖြစ်နေမယ်
ဒါကို အမှန်တရားလို့ထင်ရင် သင်မှားနေပြီ …. ဒါက သင့်ရဲ့ခံယူချက်ပါ ဒါပေမဲ့ သူများတွေအတွက်တော့  မှန်ချင်မှ မှန်မယ် ။
ဒါဆို အမှန်တရားကဘာလဲဆိုတဲ့ မေးခွန်းရှိလာပြီ … အမှန်တရားဆိုတာ ရိုရိုးလေးတွေးရင် အမှားမဟုတ်တာပေါ့ …
ဥပမာ ဆိုကြပါစို့ ...
*မိဘတိုင်းလိုလိုက သားသမီးတွေကို ချစ်ကြတယ် …
*ကိုယ့်နိုင်ငံကို မချစ်တဲ့နိုင်ငံသား မရှိဘူး…
*လူတိုင်း ကိုယ်ချစ်တဲ့လူကို စိတ်ချမ်းသာစေချင်တယ် … ( ဒါတွေက အမှန်တရားပဲ သင်လက်ခံရမယ် )
ပြောချင်တာကတော့ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ အမှန်တရားဆိုတာက အနှေးနဲ့ အမြန်တော့ ပေါ်လာမှာပဲ ဘာအလုပ်ဖြစ်ဖြစ် စောင့်ကြည့်စဉ်းစားပြီးမှဆုံးဖြတ်ရင် အမှားအနဲဆုံးဖြစ်မှာပါ …
(စ) အစိုးရ, ပြည်သူ, တပ်မတော် ။
၁။ အစိုးရ
အစိုးရနဲ့ ပတ်သက်ပြီး အရင်ကအကြောင်းတွေပြောမဲ့အစား အခု အစိုးရနဲ့ ပတ်သက်ပြီးတော့  ရိုးရိုးလေးပဲတွေးပြီးပြောပြချင်ပါတယ် …
ဘယ်သူ အုပ်ချုပ်အုပ်ချုပ် မြန်မာနိုင်ငံကောင်းဖို့ပဲ လိုတယ် သတင်းတွေ စာတွေမှာပါတဲ့ ရည်ရွယ်ချက်တွေ အကောင်ထည်ပေါ်ရင် အတိုင်းထက်လွန်ပေါ့ … ဝေဖန်ကဲ့ရဲ့မှုတွေကတော့ ရှိနေဦးမှာပဲ ။
ရိုးရိုးသားသားပြောရမယ်ဆိုရင် “ အခုလက်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ထားနဲ့ မြန်မာနိုင်ငံကိုချစ်တဲ့စိတ် တက်စွမ်းသမျှလုပ်နေတဲ့ စိတ်တွေကိုတော့ အရမ်းလေးစားမိပါတယ်”
(ကျွန်တော့်ခံယူချက်ပါ)
၂။ ပြည်သူ
ပြည်သူဆိုတာ အေးချမ်းစွာနေလိုတဲ့သူ လူမုန်းမခံချင်တဲ့သူ တဝမ်းစာအတွက် နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြတဲ့သူတွေ လို့ပဲ အဓိပ္ပါယ်ဖွင့်ချင်ပါတယ် ...
*ပြည်သူတွေရဲ့ စကားက အမြဲလိုလို မှန်ကြပါတယ် ...
*အသိဥာဏ်ရှိတဲ့ ပြည်သူတွေက ပိုပြီးတော့ မှန်ကြပါတယ် ...
*အရာရာကို စဉ်းစားချင့်ချိန်ပြီး မျှတွေးတက်တဲ့ ပြည်သူတွေက အမှန်ဆုံးပါ ။
ဒါနဲ့ စကားမစပ် ပြည်ပရောက် ပြည်သူတွေအတွက် နဲနဲပြောပြချင်လို့ပါ … ပြည်ပမှာ နေနေရတယ်ဆိုတော့ ရေခြားမြေခြားနဲ့ အခြေနေအရသာ သွားရတာ တကယ်တော့ ဘယ်သူမှ ကိုယ့်မြန်မာပြည်လောက်ပျော်ကြမယ် မထင်ပါဘူး … အဲလို အနေဝေးနေတဲ့ နိုင်ငံသား အချင်းချင်း ချစ်ခင်စည်းလုံးကြပါလို့ တိုက်တွန်းချင်ပါတယ်
အွန်လိုင်းပေါ်မှာတစ်ယောက်နဲ့တစ်ယောက် အမုန်းပွားနေမဲ့အစား မိတ်ဆွေသူငယ်ချင်းတွေရှာကြရင် ပိုပြီး ကောင်းပါတယ် (အထူးသဖြင့် ခံယူချက်မတူတဲ့လူတွေပေါ့ ) ရန်သူတွေ အချင်းချင်းတောင် လေးစားမှုထားလို့ရသေးတာပဲ ခံယူချက်မတူတဲ့လူ အချင်းချင်း မိတ်ဆွေ သူငယ်ချင်း မဖြစ်ရတော့ဘူးလား …? တကယ်ဆို မိသားစု သူငယ်ချင်းတွေနဲ့ ဝေးနေတဲ့အချိန်ဆို ပိုပြီးတော့ စည်းလုံးသင့်ပါတယ် ...
အားကိုးစရာရှိတယ်ဆိုရင် ပြေးကြည့်မှ ဒီလူတွေပဲရှိတာပါ ...
၃။ တပ်မတော်
ကျွန်တော်က တပ်မတော်သားတစ်ယောက် ဖြစ်တဲ့ အတွက် မသိသေးတဲ့ ပြည်သူတွေ အမှန်တိုင်းသိစေချင်တဲ့အတွက် တပ်မတော်အကြောင်းလေးကို နဲနဲ ထည့်ရေးလိုက်တာပါ ။
တပ်မတော်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အခုနောက်ပိုင်း လူတွေပြောနေကြတာဆိုရင် … (အရင်ကဆို တပ်မတော်ကို ပြည်သူတွေ အရမ်းချစ်ကြတယ် အခုနဲ့မတူဘူး) … ဒီလိုတွေ ပြောတက်ကြပါတယ် … တကယ်တော့ အဲလိုမဟုတ်ပါဘူး ပြည်သူတွေရဲ့ စိတ်ထဲမှာ တပ်မတော်ကိုလေးစားယုံကြည်အားကိုးပြီးသားဆိုတာ တပ်မတော်သားအားလုံး  သိစေချင်တယ် ….
အပြင်မှာပြည်သူတွေနဲ့ ဆက်ဆံကြည့်ရင် ပိုပြီး သိသာပါလိမ့်မယ် တပ်မတော်နဲ့ ပြည်သူတွေ တစ်ချို့ကိစ္စတွေမှာ ဘာလို့ ပဌိပက္ခဖြစ်နေကြတယ်ဆိုရင် တပ်မတော်က မကောင်းတဲ့လူ အနဲစုကြောင့်ပါ (ဒါအမှန်တရားပါ )  … မှန်ပါတယ် တပ်မတော်က ရာနှုန်းပြည့်မကောင်းပါဘူး … ဒါပေမဲ့ အနဲစုဆိုတာ ပြည်သူတွေကို သိစေချင်တယ် … တပ်မတော်စတင်တည်ထောင်လာကတည်းက အခုချိန်ထိ အင်းအားက ပိုပိုပြီးတော့ များလာပါတယ် … ဒီတော့ ရှင်းရှင်းဆိုရရင် တစ်ချို့ မကောင်းတာတွေလဲ ပိုများလာတာပေါ့ … ရာခိုင်းနှုန်းနဲ့ တွက်ပြမယ်ဆိုရင် အခုလက်ရှိ တပ်မတော်အင်အား ၅ သိန်းကျော်ရှိပါတယ် … အဲထဲက လူ ၁၀၀၀၀(တစ်သောင်း ) မကောင်းဘူးဆိုရင်တောင်မှ ၂ % လောက်ပဲ ရှိပါတယ် … ဘယ်အဖွဲ့စည်းမဆို မကောင်းတဲ့လူ ကောင်းတဲ့လူဆိုတာ ရှိစမြဲပါ … ခြေမကောင်း ခြေမ လက်မမကောင်း လက်မဆိုတဲ့ စိတ်ထားလေးတွေ ထားနိုင်ပါစေ …
တပ်မတော်သားတွေကလဲ တပ်မတော်ထဲကို ဘာအကြောင်းနဲ့ပဲ ဝင်လာဝင်လာ တပ်မတော်သားတစ်ယောက်ဖြစ်တဲ့ အတွက် နိုင်ငံတော်ကို အသက်ပေးထားတဲ့လူတွေပီပီ ပြည်သူတွေထက်ပိုပြီး ချစ်ကိုချစ်ရပါမယ် … ရန်သူတွေကို တွန်းလှန်တိုက်ခိုက်ရပါမယ် … နိုင်ငံတော်ကို ပျက်စီးစေမဲ့စိတ်/အပြုမူရှိတဲ့  လူ / အဖွဲ့စည်းအားလုံးကို နှိမ်နင်းရပါမယ် … ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားရပါမယ် ။ ဒါကတော့ တပ်မတော်သားတိုင်းရဲ့ တာဝန်ပါ ။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့