Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

သူနဲ့ ပတ်သက်ရင်ပေါ့

ကျွန်တော့် မှာရှိတဲ့မာန
လက်ထဲက ခဏခဏ လွတ်လွတ်ကျဖူးတယ်
သူနဲ့  ပတ်သက်ရင်ပေါ့…


သိမ်ငယ်ခြင်းကို မုန်းတီးလဲ
နှလုံးသားကစကားသံကို မသိဟန်မဆောင်နိုင်ဖြစ်ရတယ်
သူနဲ့  ပတ်သက်ရင်ပေါ့…

ပြောမပြနိုင်အောင် နာကျင်ခံစားနေရလဲ
ပြုံးပြနိုင်အောင် ဟန်ဆောင်ကောင်းတတ်ခဲ့တယ်
သူနဲ့  ပတ်သက်ရင်ပေါ့…

အရံလူဆိုတဲ့ ဂုဏ်ပုဒ်ကို မလိုချင်လဲ
ပေးဆပ်ချင်စိတ် မကွယ်ပျောက်နိုင်ဖြစ်ရတယ်
သူနဲ့  ပတ်သက်ရင်ပေါ့…
ကွာဝေးခြင်းက ပိုပိုများလာလဲ
ချစ်တဲ့စိတ်က နှလုံးသားထဲမှာပိုမိုအမြစ်တွယ်လာခဲ့တယ်
သူနဲ့  ပတ်သက်ရင်ပေါ့…
ရာသီတွေရွေ့ လျားသွားလဲ
အလွမ်းတွေကတော့ ပိုမိုပြီးသက်ဝင်လှုပ်ရှားလာခဲ့တယ်
သူနဲ့  ပတ်သက်ရင်ပေါ့…
အတိတ်တွေက မှုန်ဝါးလာလဲ
ဒဏ်ရာတွေကတော့ ပိုပိုပြီးထင်ရှားလာခဲ့တယ်
သူနဲ့  ပတ်သက်ရင်ပေါ့…
မုန်းမေ့ချင်တယ်လို့ တချိန်လုံးရေရွတ်မိနေလဲ
တမ်းတတဲ့စိတ်ကေုကာက်စရာကောင်းလောက်အောင်ကို
အမြဲတမ်း အနိုင်ယူသွားနိုင်ခဲ့တယ်..
သူနဲ့  ပတ်သက်ရင်ပေါ့…


သူနဲ့ ပတ်သက်ရင်
မျက်ရည်မကျနိုင်တော့လောက်အောင်ကို ငိုကြွေးခဲ့ဘူးတယ်..
အသက်ရှူမ၀လောက်အောင်ကို နှလုံးသားကနာကျင်ခဲ့ဘူးတယ်..
ရူးမိုက်တယ်လို့ ဆိုရလောက်အောင်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းခဲ့ဘူးတယ်..
ဒီကမ္ဘာလောကကြီးထဲကနေ ပျောက်ကွယ်သွားချင်စိတ်ပေါက်မိတဲ့အထိ
သိမ်ငယ်မှုတွေခံစားခဲ့ရဘူးပါတယ်.....


ဒါပေမယ့်လည်း
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ ဆုံးမဆုံးမ..
ဘယ်လိုနည်းလမ်းမျိုးနဲ့ မှ နှလုံးသားထဲကသူ့ ကို စွန့် လွှတ်လို့ 
မရနိုင်တော့တာ သေချာသွားခဲ့ပြီမို့ 
တုံးအတယ်ပဲပြောပြော..
ရူးမိုက်တယ်လို့ ပဲဆိုဆို..
တချိန်က ရခဲ့ဘူးတဲ့ သူ့ အချစ်တွေကိုသာ
မပျောက်ပျက်အောင်ပိုက်ထွေးထားမိရင်း
အဝေးတနေရာကနေသာ
သူပြန်လာနိုင်မယ့်နေ့ ကို တိတ်တဆိတ်မျှော်လင့်ကာ
ကျွန်တော်...
အခုအချိန်အထိ ကျေနပ်စွာ နေတတ်ခဲ့ပါတယ်..
သူသိနိုင်ပါစေလို့ ဆုတောင်းနေမိရင်းနဲ့ ပေါ့..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့