Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

ရင်တွင်းမီး (ယနေ့ ကဗျာကဏ္ဍ)

သွားတော့မယ်ဆို
ငိုပြီး.......မတား။
ထားခဲ့မယ်ဆို
တွေးပြီး....မငို။
သခင်ရက်စက်လို့၊ ငိုချင်လည်း...ထိန်း
မပြိုခင်လည်း...တိမ်းရသမို့
နင်.....
စိမ်းချင်လည်း စိမ်းပါစေတော့ကွယ်.....။
ရင်ထဲမှာ....နွမ်း
နွေမီး....ကျွမ်းသလို
စိတ်ပန်း၊ လူပန်း သေအောင်လွမ်းလည်း
လှမ်းရန်မရှိ၊ နင်မသိအောင်
ပုန်းလျှိုးကွယ်လျှိုး နေပါ့မယ်.....။
သခင်...ပစ်....ခွာ....ပြေး
ရင်နာဆွေးလို့၊ သောက....ရင်ကျိုး
အဖြစ်ဆိုးကို၊ ခေါက်ရိုးချိုး..သိမ်း
သေချာထိန်းလို့၊
သစ္စာမီးနဲ့ ငြှိမ်းတော့မယ်.....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့