Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 31 March 2012

သင့်ကြောင့် မိသားစုဘ၀ မပြိုကွဲပါစေနှင့် ...

ရုံးတော်ကအပြန် .... ကြေကွဲခံစားမိတာတော့ အမှန်ပဲ ... ပထမအကြိမ် ရုံးတော်ကို လက်ထပ်စာချုပ် လက်မှတ်
ရေးထိုးတုန်းက ပြုံပျော် ရွှင်မြူး ကြည်နူးခဲ့သလောက် ... တစ်ယောက်နဲ့ တစ်ယောက် ရှု့မ၀ ..ကြည့်မ၀..
ရင်နစ်အောင် ချစ်မ၀ ဖြစ်ခဲ့သလောက် ... အခုတကြိမ်က .. ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ အဆုံး ... လက်လွှတ်
ဆုံးရှုံးရတော့ မလား .. အဖေကို ခွင့်လွှတ်ပါသမီး... အဖေ မျက်ရည်စက်လက် နဲ့ ကလောင်တစ်ချက် ရေးခြစ်
ရတော့မှာပါလား ... သမီးမေမေ တို့ အသိုင်းအ၀ိုင်းရဲ့ တွန်းအားပေးမှုကြောင့်ပဲ ဖေဖေ .. ကွာရှင်းစာချုပ်မှာ ....
လက်မှတ်ထိုးပေးလိုက်ရတယ် သမီး .... ရက်စက်လိုက်ကြတာကွာ.... ဖေဖေကို ခွင့်လွှတ်ပါ သမီး ..
မသိ နားမလည်သေးတဲ့ ဖေဖေ ချစ်သမီး တစ်နေ့တော့ နားလည်လာမှာပါ ....

သမီးလေး ... အဖေ မမှားပါဘူးနော်... သမီးမေမေရဲ့ အသိုင်းအ၀ိုင်းက ဂုဏ်ပကာသနမက် ... ငွေကြေးကိုစံထား ..

ဂုဏ်ယူဝန့်ကြွားနေလိုက်ကြတာ.. ကိုယ့်မြေ ..ကိုယ့်ရေ..ကိုစွန့်ခွါပြီး.. နိုင်ငံရပ်ခြားမှာ အခြေချမလို့တဲ့ .. မတူညီတဲ့
လူ့အသိုင်းအ၀ိုင်း အဖေ လိုက် မနေနိုင်ဘူး သမီး... လောကစည်းစိမ်တွေ ဘယ်လောက်ပဲ ချမ်းသာနေပစေ ..
ဖေဖေလေ ... ကိုယ့်နိုင်ငံ ကိုယ်လူမျိုးရဲ့ ဓလေ့စရိုက်တွေကို မစွန့်ခွာနိုင်ဘူးသမီး ...
" ရှင် ကျွန်မနဲ့ နိုင်ငံရပ်ခြားမှာ အတူလိုက်မနေနိုင်ဘူးဆိုရင်.. သမီးကိုလည်း ဆုံးရှုံးရမယ်...
ကျွန်မကိုလည်း ကွာရှင်းခွင့်ပေးရမယ် " လို့ အကြပ်ကိုင်ခဲ့ကြတဲ့ သမီး မေမေတို့ အသိုင်းအ၀ိုင်း ...
သမီးအမေရဲ့ ဆန္ဒ ... ဖေဖေ နားမလည်နိုင်ခဲ့ဘူး ... တကယ်ဆို သမီးမေမေ က ဖေဖေဆန္ဒနဲ့ တထပ်တည်း
ဖြစ်သင့်တာ... ဖေဖေ ဘယ်လို ဆုံးဖြတ်ချက်ချသင့်သလဲသမီး ... ရွေးစရာလမ်းမရှိတော့လို့ .. သမီး မေမေနဲ့
ကွာရှင်းဖို့ သဘောတူခဲ့ ရတာပါ... မိသားစု အသိုက်အမြုံ ပျက်ဆီးခဲ့ရပြီ သမီးလေးရေ ...

စိတ်ညစ်တယ်.. သမီးလေးရေ... ဖေဖေ ဘ၀ မှာ ချစ်ဇနီးကလည်း မုန်း ..သမီးလေးကိုလည်း ဆုံးရှုံးရတဲ့

ဘ၀တစ်ခုမို့ .. ဒီ သောကအမုန်းတွေကို ဖြေဖျောက်ဖို့ အရက်ကိုပဲ အဖော်ပြုခဲ့မိတယ် သမီး ...
ညနေတိုင်း အရက်သောက်... စားသောက်ဆိုင် စင်မြင့်ထက်က တေးဂီတကိုခံစား .. ခါးသီးလှတဲ့ ဖေဖေဘ၀ကို
လျှော့ပါးစေမလားလို့ .. အရက်ကို အဖော်ပြု .. သောက ကို မျက်ကွယ်ပြုခဲ့မိတယ်သမီး ...

ညနေပိုင်း အချိန်တွေကိုရောက်မှာ ဖေဖေ အကြောက်ဆုံးပဲ သမီး... မိသားစုဘ၀ ကို တမ်းတမိလွန်းလို့ပါ ...

အပူသောက မီးပွားတွေကို အရက်ခါးခါးနဲ့ ဖြေပျောက်မိခဲ့တယ်သမီး ...
အရက် ၀ ရင် .. ဘာမှ သတိမရတော့လို့ ... အရက်ဟာ ဖေဖေအတွက် အဖော်မွန်ဖြစ်နေပြီလား ...?
အရက် ၀ ရင် ..ဘာမှ သတိ မရတာကိုပဲ ကျေနပ်ခဲ့နေပြီလား ..?
ဆိုင်သိမ်း မှ အရက် ၀ လို့ လူမှန်းသူမှန်းမသိ မူးရူးပြီး အိမ်ပြန်တတ်တာ ဖေဖေ အကျင့်ဖြစ်နေပြီလား..?

တစ်နေ့ ..အလုပ်က လွှဲငွေအများအပြားနဲ့ အိမ်မရောက်ပဲ ..စားသောက်ဆိုင်ကို အရင်ရောက်ခဲ့မိတယ်သမီး ..

x x x ချစ်ဇနီးလေးအေးနဲ့ xx မောင်ဝေးခဲ့တယ် xxx သမီးလေးကိုလဲ တမ်းတတယ်.xx လွမ်းရတယ် xx
ဆွေးရတယ်xx ဆိုတဲ့ ဒီသံစဉ် တေးသွားကို ဖေဖေ မခံစားနိုင်ဘူးသမီး... သမီးလေးကို သတိရလိုက်တာ ...
ဖေဖေ လွှဲငွေတွေပါလာလို့ အစောပြန်မယ်လို့ ဆုံးဖြတ်ထားပေမယ့် .. သမီးကို သတိရလွန်းလို့ ...
ဖေဖေ လူမှန်းသူမှန်းမသိ .. သောက်ခဲ့မိတယ်သမီး.. ဆိုင်သိမ်းလို့ အိမ်အပြန် ..
ရီဝေတဲ့ အရက် ဒဏ် နဲ့ ဖေဖေ လမ်းမထက်မှာ မူးလဲသွားခဲ့တယ်သမီး ...

ဖေဖေ ..အမူးပြေပြီး သတိရလိုက်တဲ့ အချိန်မှာ ... အိမ်တစ်အိမ်ကို ရောက်နေခဲ့တယ်သမီး ...

အမူးလွန်ပြီး လမ်းမထက်မှာ လဲနေတဲ့ ဖေဖေကို စားသောက်ဆိုင်မှာ သီးချင်းဆိုတဲ့ မိန်းကလေးကပဲ သူအိမ်ကို
ခေါ်လာပေးခဲ့တာ... အဲဒီအိမ်မှာ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းကလေးရယ်... သူ့မောင်လေးရယ်..
သူ့အမေရယ် .. မိသားစု သုံးယောက်ပဲ ရှိတယ်သမီး ... တကယ်ကို နွမ်းပါးတဲ့ မိသားစုလေးပဲ သမီး ...
မပြည့်မစုံနဲ့ မိသားစု ဘ၀ကို ဖြတ်သန်းနေရာတာ.. သီလ လုံခြုံတဲ့ ဒီမိသားစုကို ဖေဖေ ကျေးဇူးတင်သင့်တယ် သမီး ..
ဖေဖေ အလုပ်က လွှဲငွေတွေလဲ မပျောက်မပျက်နဲ့ ... ဖေဖေဘ၀အတွက် ... တကယ့်ကို ကျေးဇူးရှင် မိသားစုပဲ....
တကယ်လို့များ အရက်မူးလဲနေတဲ့ဖေဖေကို့ လမ်းမထက်မှာ မသိကျိုးကျွံပြုပြီး ထားသွားခဲ့ရင် ...
မတွေးဝန့်စရာပဲ သမီးလေးရေ ....အသိမဲ့ သောက်ခဲ့မိတဲ့ ဖေဖေ ရဲ့ အပြစ်တွေပါပဲ ..

နေ့တိုင်းနေ့တိုင်း .. ဖေဖေကတော့ အလုပ်သိမ်းရင် စားသောက်ဆိုင်ရောက် .. အရက် ကို ဖက်တွယ်ရင်းနဲ့ပဲ ...

ဖေဖေ အပေါ် ကျေးဇူးရှိခဲ့တဲ့ သီးချင်းဆိုတဲ့ မိန်းကလေးနဲ့ ခင်မင် ရင်းနှီးခွင့် ရခဲ့တယ်သမီး ..
သူ့မိသားစု အကြောင်း ..ကိုယ့်မိသားစုအကြောင်း ပြောဖြစ်ခဲ့ကြတယ်သမီး ..
တကယ်တော့ ဒီမိန်းကလေးဘ၀က ပိုပြီး ရင်နာစရာကောင်းတယ် သမီး ...
သူတို့ရဲ့ ဖခင်ဟာ ..ဒီမိသားစုဘ၀ကို ပြစ်ပါယ်ပြီး နောက်အိမ်ထောင်ပြုသွားလို့ပဲ သမီး ... ဒီအဖြစ်အပျက်ကြောင့်ပဲ
မိခင်က သောက ဒဏ်ရာတွေရ .. အဖမဲ့တဲ့ မိသားစုကြား ဒီ မိန်းကလေးက စားဝတ်နေရေးအတွက် လွယ်ကူတဲ့
စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ အလုပ်ကိုလုပ်ရင်း သူတို့မိသားစုဘ၀ကို ဖြတ်သန်းနေရတယ် သမီး ...
သူ့ရည်ရွယ်ချက်ကလည်း သူသိပ်ဝါသနာပါတဲ့ အဆိုတော် တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုတယ်သမီး ..

ဖေဖေလည်း .. ဖေဖေရဲ့ အထီးကျန်ဆန်တဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးတဲ့ ဒီမိန်းကလေးပေါ်မှာ

သာယာမိတာတော့ အမှန်ပဲသမီး ... ကျေးဇူးရှိတဲ့ ဒီမိန်းကလေးကို အသိအမှတ်ပြုတဲ့ အနေနဲ့ စီးရီးတစ်ခွေ ထုတ်ဖို့
ဖေဖေ အကူအညီပေးခဲ့တယ်သမီး ... စိတ်ရင်းကောင်းတဲ့ ဒီမိန်းကလေးရဲ့ ဘ၀ကံကြမ္မာကလည်း တစ်ခွေတည်း နဲ့
ပေါက်မြောက်သွားတယ် သမီးလေးရေ.. အခုဆိုရင် အဆိုတော်တစ်ယောက်တောင် ဖြစ်နေပြီပေါ့ ...
ရိုးသားစွာဝန်ခံရရင် ဖေဖေရဲ့ အထီးကျန်ဆန်တဲ့ ဘ၀ခရီးလမ်းကို ခရီးဆက်ဖို့ ဒီ မိန်းကလေးနဲ့ ဘ၀ကြင်ဖော်အဖြစ်
လက်တွဲဖို့ သေနေတဲ့ ဖေဖေနှလုံးသားကို ရိုက်ပုတ် လှုပ်နိုးခဲ့မိတယ် သမီးလေးရေ ...
ဒါပေမယ့် ဖေဖေ နဲ့ ဒီမိန်းကလေးတို့ရဲ့ နှလုံးသားအသိတရားက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုချနိုင်ခဲ့တယ်သမီး
ဒါကလည်း .. ဒီမိန်းကလေးကို ကျေးဇူးတင်ရမှာပဲ သမီး ...

ဖေဖေ ရဲ့ နှလုံးသားကို နားလည်ပေးနိုင်တယ်လို့ ဆိုခဲ့တာလဲ ဒီမိန်းကလေးပဲသမီး ...

ဖေဖေ ရဲ့ သောကတွေကို ပြေပျောက်ဖို့ အရက်အလွန်အကျွံ မသောက်ဖို့ ဒီမိန်းကလေးကပဲ အသိပေးခဲ့တယ်သမီး ..
သမီးကိုချစ်ရင် ... သမီးကို မျှော်လင့်ချက်ပေးသင့်တယ်လို့ ပြောခဲ့တာလဲ ဒီမိန်းကလေးပဲ သမီး ...
သူ့ဘ၀နဲ့ နှိုင်းယှဉ်ပြီး ကိုယ်ချင်းစာလို့တဲ့ သမီးရေ ...
ဖခင်တစ်ယောက် နောက်အိမ်ထောင်ပြုသွားရင် ခံစားရတဲ့ သား သမီးတွေရဲ့ သောကအပူပြီး .. ငြိမ်းသတ်ဖို့ .. .
ကျော်ဖြတ်ဖို့ သိပ်ကို ခက်ခဲလွန်းတယ်လို့ ဆိုတယ်သမီး ..ရင် နဲ့ အမျှ ပေးဆပ်ပြီး ခံစားရတယ်လို့ ဆိုတယ်သမီး....

ဖေဖေ သိလိုက်ပြီ သမီးလေးရေ ...

အထီးကျန်ဆန်တယ်လို့ ဖေဖေထင်နေတာ... ဘယ်ကာလာ အထီးကျန်ဆန်ရမှာလဲ .. ဖေဖေ့ သမီးလေးရှိနေတာပဲ ..
သမီးကို မျှော်လင့်ချက်ထားသင့်တယ်... အနေဝေးပေမယ့် နှလုံးသားချင်းထိယှက်နေတဲ့ ဖေဖေ့ သမီးလေး....

#########################################


" ကလင် ..ကလင်..ကလင်.."

" ဟယ်လို ဖေဖေလား .."
မကြားရတာ ကြာပြီဖြစ်သော မပြီကလာ ပြီကလာနဲ့ သမီးလေး၏ စကားသံ ...
ကတုန်ကရင်နဲ့ .. ရင်သိမ့်တုန် ခံစားလိုက်ရသည်...
" ဟုတ်တယ်သမီးလေးရေ .. သမီးလေးနေကောင်းတယ်နော်..."
" ဖေဖေ နောက်မိန်းမ ယူတော့မလို့ဆို ..."
" မဟုတ်ရပါဘူးသမီးလေးရေ .."
" သမီးရှိတယ်လေ..နောက်မိန်းမ မယူပါနဲ့နော် .."
ငိုရှိုက်နေသော သမီးလေး၏ စကားသံသည် ရင်သို့ တိုးဝှေ့ရိုက်ခတ်စေပါသည်...
" ဒီမှာ ..သမီး မပျော်ဘူးဖေဖေ .... သမီးမြန်မာပြည်ကိုပဲလွမ်းတယ် ..ဖေဖေကိုလည်း သတိရတယ် ...
ဖေဖေ သမီးတို့နဲ့ ခွဲမသွားပါနဲ့နော် ..."
အရွယ်နဲ့ မလိုက်အောင် ပြောတတ်လိုက်တာ သမီးလေးရယ်...
" ဖေဖေ ကတိပေးတယ် သမီးလေးရေ ..
ဖေဖေ ဘ၀ မှာ သမီးလေးကလွဲလို့ ဘယ်သူ့ကိုမှ အစားမထိုးဘူးဆိုတာ ကတိပေးတယ် သမီးလေး ...
သမီး ပြန်လာမယ့်နေ့ကို ဖေဖေ စောင့်ကြိုနေမယ်နော် ..."

ချစ်သမီး ရဲ့ ဦးဆောင် လမ်းပြတဲ့ အဖေတစ်ယောက်ဖြစ်ဖို့ ဖေဖေမှာ တာဝန်ပြည့်ရှိတယ်သမီး ..

ဖေဖေ အခု သမီးအတွက် အရက်ဖြတ်လိုက်ပြီ သမီးလေးရေ .. သမီး ရဲ့ အဖေဟာ အရက်သမား မဖြစ်စေရဘူးသမီး ..
အဖေ ရဲ့ ပြုမူဆောင်ရွက်ချက်တိုင်းဟာ သမီးအတွက်ပဲ ဖြစ်စေရမယ် ...ဖေဖေ ရဲ့ ဘ၀ဟာ သမီးပဲဖြစ်ရမယ် ..

#########################################


အိမ်ထောင်တစ်ခု.. မိသားစုဘ၀တစ်ခု တည်ဆောက်ပြီးသွားပြီ ဆိုရင်ဖြင့် ....

မည်သည့်အကြောင်းအရင်းကြောင့်ပဲ ဖြစ်ဖြစ် သား .. သမီးတို့ ဘ၀ရှေ့ရေး ရတက် အေးချမ်း သာယာ စိုပြေ လှပစေဖို့
မိသားစု အသိုက်အမြုံ ပြိုကွဲ ပျက်ဆီးစေဖို့ အရေး.. အိမ်ထောင်ပြိုကွဲဖို့ အရေး ... အစ မပျိုးမိပါစေနှင့် ....
တာဝန်အရှိဆုံး အဖေ နှင့် အမေ တို့သည် အသိတရား နှင့် သတိတရား လက်ကိုင်ထားရပါမည်...

သားငယ်..သမီးငယ်တို့၏ ဘ၀ရှေ့ရေးအတွက် ..

အဖေ နှင့် အမေ တို့တွင် ၀တ္တရားကိုယ်စီ ရှိကြပါသည်....

သင့်ကြောင့် မိသားစုဘ၀ မပြိုကွဲပါစေနှင့် ...


အေးချမ်း သာယာ စိုပြေ လှပသော ခိုင်မြဲသည့် မိသားစုဘ၀များ ပိုင်ဆိုင်ကြပါစေဟု ဆန္ဒပြုလျှက် .....

လေးစားစွာဖြင့် .....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့