Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

"♥♥♥ အဖော်မဲ့တမ်းခြင်း ♥♥♥ "

ချစ်သူ....

   ငါပြောတဲ့စကားတွေက

နင့်အတွက် တော့ ရေပေါ်အရုပ်ဆွဲခဲ့သလိုပါဘဲ

ဘာမှကို အရာမထင်နိုင်ခဲ့တာလေ.....။

မင်းနှုတ်က ပေါ့ပျက်ပျက်ထွက်လာတဲ့စကားတွေက

ငါ့အတွက် အထီးကျန်ခြင်းတွေကို ဆောင်ကြဉ်းလာတဲ့

တမန်တော်ဆိုတာ မင်းမသိခဲ့တာလား.....။

ဖြစ်နိုင်ရင်  ဆောင်းညရှည်တွေကို

အမြန်ကုန်ဆုံးချင်ပါရဲ့

တယောက်တည်း အထီးကျန် ခြင်းတွေက

အရမ်းကို ညှာတာမှု့ ကင်းမဲ့လွန်းပါတယ်.....။

တချပ်ချပ်နဲ့ နာရီလက်တံရွှေလျား မှု့တိုင်းမှာ

နင့်ကို တမ်းတခြင်းတွေ  သတိရခြင်းတွေပါတယ်ဆိုတာ

နင်ခဏလောက် တွေးကြည့်ပေးပါလား....။

မီးရောင်ကိုမှ မြတ်နိုးတဲ့ ပိုးဖလံ လေးက

သူချစ်တဲ့ မီးရောင်တွေဘေးမှာဘဲ

သူတို့အသက်တွေကို စတေးခဲ့တာ မင်းသိမှာပေါ့

ဆူးတွေများတဲ့နှင်းဆီက  ရနံ့တော့နည်းလွန်းတယ်.....။

တခါတခါတော့လည်း

လွမ်းဆွတ်ခြင်းနဲ့ ကြေကွဲခြင်းတွေရဲ့ကြားမှာ

ငိုတလှည့်  ရယ် တလှည့်နဲ့

ကိုယ်တိုင်   စီးချင်းထိုးနေမိတယ်....။

ဆုံးရှူံးခြင်းနဲ့ မျက်ရည်တွေကြားမှာ

ချစ်သူရေ

နင့်အတွက် အိပ်ရေးပျက်ပေါင်းများလို့

ငါတောင် တော်တော်ပိန်နေပြီ...........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့