Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 31 March 2012

နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ

မင်းနဲ့ ပတ်သက်သမျှ..
အရာရာကို နှုတ်ဆက်လိုက်ပါပြီ..
ငါ့ရင်ဘတ် နှလုံးသွေးစက်တိုင်းမှာ..
စွန်းထင်နေတဲ့ တစ်ခုတည်းသော..
နင့်နာမည်ကိုလည်း..
မရရအောင် ဖျောက်ပစ်တော့မှာပါ ချစ်သူ...

ငါနဲ့ ပတ်သက်သမျှအရာရာကိုလည်း..
အရင်လိုပဲ..
စွန့်ပစ်နိုင်ပါစေ..
အရင်လိုပဲ..
စိမ်းကားနိုင်ပါစေ ချစ်သူ..

နင့်ကြောင့်..
ငိုကြွေးခဲ့ရတာတွေ..
နင့်ကြောင့်..
နေ့ရက်တွေထဲ..
ခေါင်းမဖော်နိုင်ခဲ့တာတွေ..
ငါ မခံစားနိုင်တော့ဘူး ချစ်သူ..

နင်မပါတော့တဲ့..
လမ်းတွေပေါ်..
ငါ တစ်ယောက်တည်း..
ထွက်သွားပါတော့မယ်..
နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ...
“ချစ်သူ”
ချစ်သူ...................
မင်းနဲ့ဆုံတွေ့ သောနေ့ရက်
ရင်မှာချစ်ခြင်း
စတင်တည်ထောင်
မထင်မှတ်ခဲ့...............
မင်းလေးရဲ့မာန
မထင်ထားသော
ရင်တွင်းစကား
အမုန်းမီးတွေပွားခဲ့
ချစ်ရသူရင်တွင်း
အမုန်းလေးတွေပြည့်နှက်
ထင်မြင်ချက်တွေ
ပျက်ပြား
မင်းရဲ့အမုန်းတရား
ငါ့အချစ်အား
ပျက်ရယ်ပြုစား
မင်းထားသွားခဲ့
ချစ်ခြင်းလေးတွေပြည့်နှက်
ငါ့ရင်တွင်းစကား
မုသားဟုမင်းထင်မြင်
မခံချင်ပေမဲ့
မည်မျှကုစားမရ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့