
ကြယ်ကြွေ များနဲ့လမ်းပျောက်သူ
-------------------------------------------
***** ကာလပေါက်ဈေးမြင့်တက်လာတဲ့အလွမ်းတွေ
ဈေးကွက်ဝင်ပိုအရောင်တက်လာတော့
ငါ့နှလုံးသားလည်းခေတ်မှီသွားတယ် ...။
***** အချစ်ကိုအလွယ်တွက်အဖြေထွက်ဖို့
သုံးချက်တွက်နည်းသုံးခဲ့တဲ့သူ့ရဲ့ဗျုဟာ
အများလိုအနည်းစားခြေပြု ခံရတဲ့ငါ့အဖြစ် ...
စားခြေရောက်သွားလည်းအမှတ်မရှိတဲ့ငါ့အချစ်........
ဘာပဲဖြစ်ဖြစ်နင်ပျော်နိုင်ပါစေပေါ့.....။
***** အနိုင်အရူံးသတ်မှတ်ရရင်
အလျှော့ပေးလိုက်ခြင်းကလည်းအရူံးတစ်ခုလား...
ငါကရူံးသူလား ...
ဒါဆိုရင်နာရီတွေကိုရပ်တန့်ပေးပါ...
အစကိုပြန်သွား သူ့ကိုမတွေ့ဘူးလို့သဘောထားရအောင်လို့ .....။
***** အစကတော့ဒီလမ်းပေါ်ငါတက်ခဲ့တာ
သူနဲ့အတူ ကြယ်ကြွေတွေကောက်ဖို့ပါပဲ
အခုတော့..
ဘယ်သူများကြိုသိမှာလည်း
ကြယ်တွေကောက်ရင်းငါလမ်းပျောက်လိမ့်မယ်လို့.....။
No comments:
Post a Comment