Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 March 2012

လောကမှာဘာကြောင့်နူတာလည်း (ကျေးဇူးသိကာဆပ်ကြပါ)

ကိုယ့်ရဲ့သူငယ်ချင်းများကိုသိစေချင်လို့ပါ ။
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့နယ် မှာရှိတယ်လေ။
ရေနံ့သာဆေးရုံ(အနာကြီးရောဂါကုဆေးရုံ)ပေါ့
ကိုယ့်သူငယ်ချင်းရဲ့ကျေးဇူးနဲ့သိခဲ့ရတာပါ။နံ့သာမြိုင်ရွာတဲ့ ။
တစ်ရွာလုံးရောဂါသည်တွေလေ။လူတွေရဲ့စွန့်ပြစ်မှု ၊ ဆွေမျိုးတွေရဲ့အပါယ်ခံလူသားများပါ ။
သနားစရာကောင်းကြပါတယ် ။ ကိုယ်တောင်မျက်ရည်ကျမိတယ် ။သူတို့ကိုကြည့်ပြီး ။
သွားဖြစ်တဲ့အကြောင်းအရာက မိတ္တီလာမြို့နယ် ၊ သဖန်းကျေးရွာ မှ
အလှူ့ဒါယကာ ကိုမင်းမင်း+အလှူ့ဒါယကာမ မလှစန်းရီနှင့်တစ်ကွ
မိုင်းရှူးမြို့မှ မမီးမီးတို့လှူတဲ့ ဖြူစင်တဲ့အလှူလေးပါ ။ ရောဂါသည်တွေမြောက်များစွာရှိတဲ့
အိမ်ခြေငါးရှိတဲ့ရွာလေးမှာ ရှင်(၁၂၉)ရှင်ပြုအလှူပေးတယ်လေ။သာဓုအကြိမ်ကြိမ်ခေါ်မိခဲ့တယ်။
ဘာကြောင့်လည်း တစ်ရွာလုံးကအနာကြီးရောဂါသည်တွေလေ ။
သူတို့ကတရားပွဲလည်းထည့်တယ် ။ အဲ့မှာ ဆရာတော်ကတရားဟောပြတယ် ။ဘာကြောင့်လူတွေ
ရောဂါသည်ဖြစ်ရတာလည်း ၊ ဘာကြောင့်နူရတာလည်းဆိုတာကိုပေါ့။ကိုယ်တောင်ကြောက်မိတယ်။
ကိုယ်လည်းဆင်ချင်နေထိုင်သလို သူငယ်ချင်းတွေလည်း သိစေချင်လို့ပါ ။
ဒီလိုအနာကြီးရောဂါဘာကြောင့်ဖြစ်လည်းဆိုရင် ခင်ပွန်းကြီး ဆယ်ပါး ပြစ်မှားလို့တဲ့ ။
ခင်ပွန်းကြီးဆယ်ပါးရှိတယ်
သေဗၼညဳတ ပေစၥက အဂ္ဂသာ၀က
ရဟန္တာသခင် မိ ဖခင် ကြားမြင်သင်ဆရာ
သိက္ခာပြည့်ဝ ဟောညွှန်ပြ ပေးကျွေးသမျှအရာရာ
ကျေးဇူးကြီးမား ဤဆယ်ပါး မှတ်သားဆပ်ကြပါ ။
ခင်ပွန်းကြီးဆယ်ပါးဆိုတာ ၁=မြတ်စွာဘုရား ၊
၂=ပစ္စေကဗုဒ္ဒ   ၃=လက်ဝဲတော်ရံ ၊ လက်ယာတော်ရံသာဝကများ
၎=ရဟန္တာ အရှင်မြတ်   ၅= မိခင်   ၆=ဖခင်
၇=သင်ဆရာ ၊ မြင်ဆရာ    ၈= အကျင့်သီလပြည့်စုံသူ
၉=တရားဟောပြသူ (လမ်းကြောင်းမှန်ရောက်အောင်သွန်သင်သူ) ၁၀=ကိုယ့်ကိုပေးကျွေးဖူးတဲ့သူပေါ့
အဲ့ဒီဆယ်ပါးကိုပြစ်မှားမိတဲ့သူတွေဆိုရင် သေပြီးရင် အပါယ်လေးပါးသွားရတယ် ၊
လူဖြစ်တော့ဆင်းရဲသောအမျိုးမှာ ဖြစ်ရပြီး ခက်ခဲစွာနေထိုင်စားသောက်ရတယ် ၊
စကားမပြောတတ်ခြင်း ခြေလက်မစုံခြင်း စတာတွေလည်းကျေးဇူးရှင်ပြစ်မှားလို့ပေါ့ ။
နိုင်ငံတိုင်းမှာ နူနာသည်တွေရှိမယ် ။ အနီးစပ်ဆုံး ကိုယ်တို့နိုင်ငံကလူတွေတစ်ချို့လည်းရှိကြတယ်လေ ။
ဒါဟာ ခင်ပွန်းကြီး ဆယ်ပါးကိုပြစ်မှားလို့ ခြေလက်မစုံတာ ၊ အနာကြီးရောဂါ (နူနာသည်) ဖြစ်ရတာပါ ။
အားလုံးကိုလေ
ကောင်းစေချင်တယ် ။ လှပတဲ့ကိုယ်ပိုင်ဘ၀လေးရစေချင်ပါတယ် ။
ဒီလိုလှပပြည့်စုံတဲ့ ဘ၀လေးရချင်တယ်ဆို မပြစ်မှားကြပါနဲ့လို့ ကိုယ်တိုက်တွန်းချင်ပါတယ်။
အကယ်၍များ မတ္တရာဆိုတဲ့မြို့လေးနားရောက်ခဲ့မယ်ဆိုရင် နံ့သာမြိုင်ဆိုတဲ့ရွာလေးမှာ
ရောဂါသည်တွေဟာ လူတွေရဲ့ပါယ်စွန့်ခြင်းကိုခံနေကြရပါတယ် ။ သွားပြီးတတ်နိုင်တာလေး လှူပေးကြပါ။
အစားအစာ ၊ အ၀တ်ပုဆိုး စသည်ပေါ့ ။ ကိုယ်တို့လည်းခုလာမယ့် သင်္ကြန်မှာ
အားလုံးရဲ့ပြစ်ပယ်ခြင်းခံနေရတဲ့ သူတွေကို အားပေးတဲ့အနေနဲ့ ကုသိုလိပွဲသွားပြီး ထပ်လုပ်မယ်လေ ။
ရှင်(၁၀၀)အလှူပွဲပေါ့ ။ လှူချင်လို့ပြောလာတဲ့သူတွေကတော့ ပြင်ဦးလွင် ကမိသားစုတွေပါ ။
ပြောလိုတာက သူငယ်ချင်းတို့ရေ တို့တွေဒီဘ၀ကောင်းမွန်တဲ့အနေအထိုင်
ကောင်းတဲ့ဘ၀လေးရနေကြတာ အားလုံးကို မပြစ်မှားခဲ့လို့ပေါ့ ။
သံသရာမှာကောင်းစေချင်ရင် ကျေးဇူးရှင်တွေကို မပြစ်မှားဖို့ပဲ ကိုယ်တိုက်တွန်းချင်ပါတယ် ။
ပြစ်မှားတာလေးတွေ ရှိခဲ့ရင်လည်းတောင်းပန်လိုက်ပါနော် ။ အချိန်မှီပါသေးတယ် ။
မိဘကိုပြန်ပြောတာ စိတ်ဆင်းရဲအောင်လုပ်တာလည်း တူတူပါပဲ ။
ကိုယ်လည်း ဒီစာလေးနဲ့ပဲ ကျေူးဇူးရှင်တွေကိုကျေးဇူးပြန်ဆပ်ပါတယ် ။ အပြစ်ရှိကကျေပါစေပေါ့ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့