Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 30 April 2013

Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထိုင်းနိုင်ငံမှသေဒဏ်ပေးပြီ


“နတ်သားကို သေဒဏ်ပေးလိုက်ပြီ”
ပြီးခဲ့တဲ့ သောကြာနေ့က တင်ဆက်ပေးလိုက်တဲ့ ထိုင်းနိုင်ငံရဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ 

မြင့်မြင့်အေး(ခေါ်)သဲသဲသော်
face book ပေါ်မှာ (fb account- Sky Queen)ဆိုတဲ့ အမည်လေးနဲ့
အမေပျောက်ရှာနေတဲ့ မိန်းကလေးကို မတရားကျင့် ပစ္စည်းယူ လူပါသတ်လို့ ရဲဖမ်းခံခဲ့ရတဲ့ နတ်သားတစ်ယောက်ကို ယနေ့
ရုံးတင်စစ်ဆေး တရားရုံးက သေဒဏ်ပေးလိုက်ပြီ.......။

fb ပေါ်မှာအမေလိုက်ရှာနေတဲ့ မိန်းကလေး Sky Queen ကတော့ အမေနဲ့မတွေ့ပဲ ငပွေနဲ့တွေ့ လို့ ဘဝပျက်အသက်ဆုံးရတဲ့ ရင်နင်ဘွယ်ဖြစ်ရပ်လေးပါ......။

ဒီ- စိတ်မကောင်းစရာဖြစ်ရပ်လေးမှာ
သဲသဲသော်(Sky Queen)က ဘဝတစ်ခု အသက်တစ်ချောင်းရင်းပြီး
သင်ခဏ်းစာတွေ အသိတွေ ပေးသွားခဲ့ပါပြီ.............။

face book ပေါ်မှာ
ကိုယ့်ပုံကိုယ်တင် ကြော်ညာရှင် မိန်းကလေးတွေ
အွန်လိုင်းပေါ်တက် တစ်ချက်ချက်လုပ်နေတဲ့ မိန်းကလေးတွေ
ဒီလို လူမဆန်တဲ့ မဒိန်းကောင် အတ္တကောင် ငရှုပ် ငပွေ တွေကို
လက်ယပ်ခေါ်နေမိပြီဆိုတာကို သတိထား ဆင်ခြင်သင့်ပါတယ်.....။

တစ်ဆက်တည်းမှာပဲ ဒီဖြစ်ရပ်ကလေးကနေ
ကျွန်တော်တို့ နိုင်ငံရဲ့ good goverment clean goverment ကြီးတွေလည်း
နမူနာယူစရာ  ဖြစ်ရပ်တစ်ခုအဖြစ် လက္ခံရမှာပါ
အထင်ကရ အနေနဲ့.......
အတော်လေးကြာနေပြီဖြစ်တဲ့ ငါးလောင်းပြိုင်လူသတ်မှု (ယ္ခုထိအမှုမပေါ်သေး)
လောလောလတ်လတ် ပြည်မြို့က လူသတ်မှု (မည်သို့ စီရင်ချက်ချမည်မသိသေး)
ဖိုးလပြည့်ရဲ့ ယာဉ်ထိန်းရဲကို ထိုးကြိတ်ပါးရိုက်မှု (မည်သို့အရေးယူမည်မသိသေး)
မြေနိမ့်ရာလှံစိုက် မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ လုပ်ရပ်တွေကို
ရှေ့မျက်နှာနောက်ထား ဆင်ချင်လို့ ပြင်ဆင်သင့်သလားလို့ပါ.........။
(နဂါးမာန်)

ဖေ့ဘုတ်မှတဆင့်တင်ပြသည်။
______________________________________________________________________

အောက်ပါ Facebook Profile Page ပုံသည် ပြီးခဲ့သည့် သောကြာနေ့ 26.4.2013 နံနက် ပိုင်း တွင် Screen capture လုပ်ယူထားသောပုံဖြစ်ပြီး ထိုပုံသို့ သွားရောက်ဆဲဆိုကာ အချင်းချင်းစကားများနေမည်စိုးသောကြောင့် မတင်ပေးခဲ့ဖြစ်ပါ .။
သို့သော် ယခု ထိုအကောင့်အား ပယ်ဖျက်သွားပြီးဖြစ်တာကြောင့် ယနေ့ တရားခံ (သေဒဏ်ကျ) နတ်သား၏ စာမျက်နှာအား မြင်ဘူးအောင်တင်ဆက်ပေးလိုက်ခြင်းဖြစ်သည် ။

Facebook ၏ ကော့မက်များ ၊ ပြောဆိုချက်များ ကိုလေ့လာပြီး အသတ်ခံရသူ Sky Queen ၏ ရပ်တည်နေထိုင်မှု့နှင့်ပတ်သက်ပြီး ပြောဆိုခြင်းများရှိနေသော်လည်း Sky Queen ၏သူငယ်ချင်းများကတော့သူမစာမျက်နှာတွင် ဆုတောင်းပေးထားသည်များတွေ့ရပါတယ်။

ယခု အဖြစ်အပျက်နှင့်ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာလူငယ်များကို မီးမောင်းထိုးပြလိုသည်မှာ မြန်မာပြည်တွင်းသာမက နိုင်ငံတကာရောက်လူငယ်များ (အထူးသဖြင့်) အွန်လိုင်း sick ရနေသော လူငယ်အများစုမှာ ယခု ဖြစ်ရပ်အတွက် မည်သည့်အရာက သေစေလောက်သည့် မှု့ခင်းဖြစ်စေခဲ့တယ်ဆိုတာကို လေ့လာကြည့်ဖို့ ဦးဆုံးအကြံပြုပါတယ် ။

လောကတွင် မည်သည့် အရာမဆို ပြုလုပ်သူနှင့် ပြုလုပ်ခံရသူတို့တွင် 2 ဘက်စလုံး အားနည်းချက်များရှိနေမည်ဆိုသည်ကိုလည်းလူငယ်များနားလည်ထားဖို့လိုအပ်ပါတယ် ။ ဒါကြောင့် ယနေ့ Facebook Rick ရသွားတဲ့ သေဆုံးသူ Sky Queen နဲ့ သေစေအောင်ကျူးလွန်ခဲ့သူ နတ်သားတို့ 2 ဦးစလုံး ရဲ့ အသက် ၂ ချောင်းစတေးသွားရသည့်အဖြစ်အပျက်အား ဧဒင်ဥယျာဉ်အဖွဲ့ဝင်  လူငယ်များ သိရှိစေဖို့ ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ။



ပစ်မှု့ကြူးလွန်ခဲ့သောနတ်သား၏ Facebook Profile ပုံ (ယခုမရှိတော့ပါ)

Monday 29 April 2013

Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း

အဆင့် (၁) မိမိ၏ဖုန်းတွင်းမှ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။

အဆင့် (၂) မိမိ computer မှာ sonny erission driver တင်ရပါမယ်။ sonny erission driver ယူရန်

အဆင့် (၃) Download ပြီးလျင် ရလာသော zip file ကိုဖြည်ပြီး install လုပ်ပါ။

အဆင့် (၄) Root လုပ်ရန်အတွက် super one click 2.2 ဒီနေရာ တွင်ဒေါင်းပါ။

အဆင့် (၅) Download ရလာသော zip file ကိုဖြည်ပြီး super one click ကို run ပါ waiting for device လို့ပေါ်နေပါလိမ့်မယ်။
         
အဆင့် (၆) phone ရဲ့ setting>depelopement>USB debugging ကို အမှန်ခြစ် ပေးထားပြီးလျှင် phone ကို computer နဲ့ချိတ်လိုက်ပါ။
Root done ဆိုပြီးပေါ်လာပါလိမ့်မယ်။ Root လုပ်ခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီ။

Huawei U8825D Android Version 4.04 Root လုပ်နည်း


 Huawei U8825D Android Version 4.04 Root လုပ်နည်း



 


လိုအပ်တဲ့အချက်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

အဆင့် (၁) ။       ။ Bootloader ကို unlock လုပ်ရပါမည်။
အဆင့် (၂) ။       ။ ClockworkMod Recovery တင်ရပါမည်။
အဆင့် (၃) ။       ။ Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root file ကို install လုပ်ရပါမည်။

Bootloader ကို unlock လုပ်နည်း
Bootloader ကို unloack မလုပ်ခင် အရေးကြီးသောဖိုင်များ ဖုန်းနံပါတ်များကို ပထမဦးစွာ backup လုပ်ထားပါ။
 (၁) Bootloader unlock လုပ်ရန်အတွက် ဒီနေရာ ကိုနှိပ်ပါ။အောက်ပါပုံအတိုင်းပေါ်လာပါမယ်။
 
(၂)           နံပါတ် (၁) တွင် မိမိလက်ရှိအသုံးပြုနေသော Gmail ကိုရိုက်ထည့်ပါ။
               နံပါတ် (၂) နေရာမှာတော့ SmartPhone နှင့် Tablet အမျိုးအစားရွေးမှာဖြစ်ပါတယ်။
                             ကျွန်တော်ရွေးထားတဲ့စာအတိုင်းသာတူအောင်သာရွေးလိုက်ပါ။
               နံပါတ် (၃) နေရာမှာတော့ Huawei U8825D ကိုရွေးရမှာပါ။
               နံပါတ် (၄) နေရာမှာတော့ Serial number ကိုထည့်ပေးရမှာပါ။ Serial number ကိုကြည့်ရန်
                              အတွက် Settings --> About phone --> Status --> Serial number မှာပါတဲ့
                              number တွေကိုရိုက်ထည့်ပါ။
               နံပါတ် (၅) နေရာမှာတော့ မိမိဖုန်းရဲ့ IMEI ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ IMEI ကိုကြည့်ရန်အတွက်ဖုန်းခေါ်တဲ့နေရာမှာ *#06# ကိုရိုက်ပါ။ IMEI နှစ်ခုပေါ်လာပါမည်။ အပေါ်ဆုံးက numberကိုရိုက်ထည့်ပါ။
               နံပါတ် (၆) နေရာမှာတော့ ဖုန်းရဲ့ Product ID ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ Product ID ကိုကြည့်ရန် အတွက် ဖုန်းခေါ်တဲံနေရာမှာ *#*#1357946#*#* ကိုရိုက်ပြီးပေါ်လာတဲ့ number ၈လုံး
ကိုရိုက်ထည့်ပါ။                
               နံပါတ် (၇) ရှေ့ကခလုပ်ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်းပေါ် Unlock Code တောင်းခြင်းပြီးသွားပါပြီ ။ မိမိ mail ထဲ့သို့ mail ရောက်မရောက်စစ်ပါ။ ချက်ချင်းရောက်နိုင်သလို ၂ ရက် မှ ၃ရက် ထိကြာတတ်ပါသည်။
 
(၃) Mail ထဲသို့ unlock code ရောက်လာပြီဆိုရင် unlock လုပ်ဖို့အတွက် fastbood ကို ဒီနေရာ မှာဒေါင်းပါ။
     download ရလာသော fastbood file ကို My Computer / drive C ထည့်သို့ထည့်ပါ။
(၄) ဖုန်းကို setting --> fastboot ကို off ပြီး ပါဝါပိတ်ပါ။ Volume Down + power ကို နှိပ်၍ bootloader ကိုရပ်ပါ။ 3G logo ပေါ်လာလျှင် ဖုန်းဖြင့် ကွန်ပြူတာနှင့်ချိတ်ပါ။
(၅) win + R ကိုနှိပ်၍ cmd ကိုရိုထည့်ပါ။ cmd box ကျလာလျှင် cd \fastboot ကိုရိုက်ပါ။
     fastboot devices ကိုရိုက်ထည့်ပါ။ပုံအတိုင်းပေါ်လာပါမည်။

(၆) fastboot oem unlock **************** mail ထဲသို့ရောက်လာသော unlock code ကို * နေရာတွင်ရိုက်ထည့်ပြီး enter ကိုနှိပ်ပါ။အောက်ပါပုံအတိုင်းပေါ်လာပါမည်။ unlock လုပ်ခြင်းအောင်မြင်စွာပြီးသွားပါပြီး။

ClockworkMod Recovery တင်နည်း
Ascend G330D recovery ယူရန်
Download ရယူထားသော HAscend G330D recovery Zip ဖိုင်ကို Extract Files လုပ်ပါ။
ဖုန်းကိုပါဝါပိတ်၍ Volume Down + power ကိုနှိပ်၍  bootloader ကိုရပ်ပါ။
Ascend G330D recovery  ဖွင့်ပါ ၊ Enter ကိုနှိပ်ပါ ၊ 1 ကိုနှိပ်ပါ ၊ ဖုန်း reboot ဖြစ်သွားပါမည်။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
CWM - based Recovery v6.0.1.2 တက်လာပါမည်။ reboot system now ကိုရွေးပြီး power            ခလုပ်ကိုနှိပ်ပါ။
CWM recovery တင်တာပြီးသွားပါပြီ။

Root access ဖြစ်ရန်အတွက် CWM Mode ဖြင့် root zip file ကို install လုပ်နည်း
Superuser ယူရန်
Download ရယူထားသော Superuser Zip ဖိုင်ကို ဖုန်းရဲ့ SD card ထဲသို့ထည့်ပါ။
ဖုန်းကိုပါဝါပြန်ပိတ်၍ Volume Up + power ကိုနှိပ်၍ recovery mode ထဲသို့ဝင်ပါ။
-install zip from sdcard ကို Volume up & Volume down ဖြင့်ရွေး၍ power ခလုပ်နှိပ်၍ ၀င်ပါ။
-choose zip from sdcard ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
sdcard ထဲသို့ရောက်သွားပါမည်။ စောစောကထည့်ထားတဲ့ superuser zip ကို Volume up & Volume down ရွေးပြီးpower ခလုပ်ကိုနှိပ်ပါ။
-Yes - Install Superuser.zip ဖိုင်ကို ရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
Insatll from sdcard complete.ပေါ်လာလျှင် +++++Go Back+++++ ကို ရွေး၍ power ခလုပ်ကိုနှိပ်ပါ။
- reboot system now ကိုရွေးပြီး power ခလုပ်ကိုနှိပ်ပါ။
ဖုန်းပါဝါပြန်တက်လာသောအခါ Applications များထဲတွင် SuperUser ကိုမြင်တွေ့ရမှာဖြစ်ပြီး root
လုပ်ခြင်းအောင်မြင်သွားပါပြီ။
 

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့