Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

ဒါနတစ်ခုတည်းနဲ့လား...


လူတိုင်း သိချင်နေကြပြီး ကိုယ်တိုင်လည်း ဖြေရှင်းရခက်ခဲနေသော မေးခွန်းတစ်ခုကို ဒီနေ့ မိုးညိုရဲ့
အလှုပွဲလေးမှာ အဖြေတစ်ခု ရခဲ့ရပါပြီ..အလှုဒါနနဲ့ ပတ်သက်လို့ ဒါနရှိမှ ချမ်းသာမယ်ဆိုတဲ့ စကား
ရဲ့ အဓိပ္ဖါယ်ကို သေချာစဉ်းစားနေမိခဲ့တာကြာခဲ့ရပါပြီ..လက်ရှိလူမှု အနေအထားမှာ မြန်မာလူမျိုးတွေ
ဟာ အလှုရေစက်လက်နဲ့ မကွာဆိုသလို လှုနေကြပြီး ဘာသာခြားများနှင့် နှိုင်းယှဉ်လျှင် ပြည့်စုံချမ်းသာ
မှုမှာ အရေအတွက်အားဖြင့် များစွာ ကွာခြားလျက်ရှိနေပေသည်။ ထို့အတွက်ကြောင့်ပင် ဗုဒ္ဒရဲ့ အဆုံးအမ
ကို လိုက်နာနေကြတဲ့ သူတွေဟာ ဆင်းရဲတဲ့သူတွေ များနေတဲ့အတွက် လောကသဘာဝအရ ပြည့်စုံချမ်း
သာချင်ကြတဲ့ လူသားတို့ရဲ့ စိတ်နဲ့လိုချင်တောင့်တမှုကို ဗုဒ္ဒဘာသာက ဖြည့်ဆည်းပေးနိုင်ပါ့မလားဟူသော
သံသယက လူတိုင်းရဲ့ ရင်မှာ မရှိသလိုလို မရှင်းသလိုလိုနဲ့ နေရာယူနေတက်ကြပါတယ်..ဒီနေ့ မိုးညိုရဲ့ အလှု
ဒါနပွဲလေးကို ကျွန်တော်လိုက်ပါသွားပြီး ဒီအကြောင်းလေးကို ရေးသားပါရစေခင်ဗျာ..

မျိုးစေ့ကောင်းဆိုတာ (၁) ကောင်းမွန်သန့်ရှင်းသော မြေပေါ်တွင် စိုက်ပျိုးခြင်း
(၂) ရေလောင်း ပေါင်းသင်ပေးခြင်း
(၃) ပုံမှန် ပေါင်းမြတ်ရှင်းပေးခြင်း စတဲ့ လုပ်ဆောင်ချက်တွေနဲ့ အတူ
အပင်အဖြစ်သို့ ရောက်ရပါတယ်.အဲဒီလို အပင်အဖြစ်ကို ရောက်လာရင်လည်း အပင်တစ်ပင်
ရှင်သန်မှုမှာ ပိုးမွှားအန္တရာယ် အပင်ရှင်သန်မှုမှာ အကျိုးမပြုစေတဲ့ အရာတွေကို ရှင်းလင်းပေး
ရပါသေးတယ်..သို့မှသာလျှင် ကောင်းမွန်သန်စွမ်းတဲ့ အပင်တစ်ပင်ဖြစ်ကာ လိုအပ်သော အသီး
အပွင့် အရိပ် အမှီစတဲ့ အကျိုးတရားတွေကို ဖြစ်ထွန်းစေနိုင်ပါတယ်...ဒီနေရာမှာ ကောင်းမှုအလှုဒါန
ပြုခြင်းဟာ မျိုးစေ့နဲ့တူပါတယ်...ကောင်းမှုဖြစ်တဲ့ ပေးလှုခြင်း ဒါနကို ပြုနေတဲ့ အချိန်ဟာ မျိုးစေ့တွေ
စုဆောင်းနေတဲ့ အချိန်ကာလပါပဲ..အဲဒီ ကောင်းမှုကုသိုလ် မျိုးစေ့တွေကို သီလဆိုတဲ့ မြေပေါ်မှာ
စိုက်ပျိုးမှသာလျှင် အပင်တစ်ပင်အဖြစ် ဖြစ်တည်လာမှာ ဖြစ်ပါတယ်.အဲဒီ ဖြစ်လာတဲ့ အပင်လေးမှာ
အပင်ရှင်သန်မှုကို အနှောက်အယှက်ဖြစ်စေတဲ့ ပိုးမွှားအန္တရာယ်အစရှိတဲ့ အကြောင်းတရားတွေကို
ဘာဝနာဆိုတဲ့ ထပ်ခါပွားများခြင်းဖြင့် ဂရုစိုက် သန့်ရှင်းစင်ကြယ်စေနိုင်မှသာလျှင် ကောင်းမွန်ဖြစ်ထွန်း
ပြီး အကျိုးတရားများစွာပေးမဲ့ အပင်အဖြစ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်...ဒီနေရာမှာ ဖြစ်စဉ်တစ်ခု
အနေနဲ့ တင်ပြရရင် ကောင်းမှုဖြစ်တဲ့ ပေးလှုခြင်း ဒါနကို ပြုလုပ်ပြီး နောက်မှာ သီလစောင့်ထိန်းမှု မရှိခဲ့
ရင် ကိုယ်ရထားတဲ့ မျိုးစေ့ကို လက်ထဲမှာကိုင်ထားခြင်းနဲ့ တူပါတယ်..အဲဒီလိုမှ မဟုတ်ပဲ ဒါနတစ်ခုပြု
ပြီးချိန် ပြုပြီးနောက်မှာ သီလကို စောင့်ထိန်းခြင်းအမှုကို ပြုနေတဲ့သူကျတော့ ရပြီးသားမျိုးစေ့ကို စိုက်
ပျိုးနေခြင်းပါပဲ.အဲဒီနောက်မှာ မနောကံဖြင့် မိမိပြုခဲ့တဲ့ ဒါနရဲ့အကြောင်းအကျိုး ဒါနပြုပြီး ဖြစ်ပေါ်လာသော
ကုသိုလ်စိတ်တို့အား အကြောင်းပြုကာ သီလကို ကောင်းမွန်စွာ စောင့်တည်စေခြင်း ဒါနကို သီလဖြင့်ပိုပြီး
အကျိုးရှိစေခြင်း ထို့နောက် ဒါနနှင့် သီလ၏ အကြောင်းအကျိုးတရားတို့ဖြင့် ပြည့်စုံစေသောအခါ စိတ်တွင်
ရွှင်ပြခြင်း ပီတိဖြစ်ခြင်းစသော အကျိုးတရားတို့အား ဘာဝနာတည်းဟူသော ထပ်ခါပွားများခြင်းဖြင့် ဒါန
သီလ၏ အကျိုးတရားတို့ကို သန့်ရှင်းစင်ကြယ်စေခြင်း စသော အမှုကိစ္စတို့အား မဖြစ်မနေ ပြုလုပ်ရန် လိုအပ်
ပေသည်. သို့မှသာလျှင် ဒါန သီလ ဘာဝနာ တည်းဟူသော လမ်းစဉ်နှင့် ပြည့်စုံစေကာ အစ အလယ် အဆုံး
သုံးပါးစလုံးဖြင့် ညီညွတ်မျှတစေခြင်း စသော အမှုကိစ္စများအား ထပ်မံလုပ်ဆောင်ရပေသည်.သို့မဟုတ်ပါက
ဒါန တစ်ခုတည်းဖြင့် ကျေနပ်နေလျှင် ကောင်းမွန်စွာ ပြည့်စုံခြင်းသို့ မရောက်သေးနိုင်ပေ.ထို့ကြောင့်
အစ အလယ် အဆုံး သုံးပါးစလုံးညီညွတ်ကြစေရန် အသိလေး တစ်ခုကို တင်ပြအပ်ပါသည်..ခင်ဗျာ..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့