Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူများအတွက် တန်ဖိုးနည်း Tablet ဖုန်းထွက်ရှိ



Tablet  စနစ်နှင့် ဖုန်းစနစ် နှစ်မျိုးစလုံးကို ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုလိုသူများအတွက် တန်ဖိုးနည်း Tablet ဖုန်းအမျိုးအစား ထွက်ရှိလာကြောင်း သိရသည်။

အဆိုပါ Tablet ဖုန်းမှာ ဈေးနှုန်းအားဖြင့် ကျပ် ၁ သိန်းကျော်သာ ကျသင့်မည်ဖြစ်သည့်အပြင် ဂျီအက်စ်အမ် 3G ဖုန်းလိုင်းစနစ်နှင့် Tablet စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်း Tablet ဖုန်းတွင်းမှတ်ဉာဏ်စနစ်အတွက် Internal 4GB နှင့် 1GB ROM စနစ် ပါဝင်မည်ဖြစ်သောကြောင့်  မှတ်ဉာဏ်စနစ်အတွက်လည်း အဆင်ပြေနိုင်မည် ဖြစ်သည့်အပြင် Tablet အတွင်းပါဝင်သော CPU မှာလည်း 1GHz CPU ဖြစ်သောကြောင့် Function စနစ်ပိုင်းများနှင့် ဖုန်းတွင်းလုပ်ဆောင်ချက်ပိုင်းများတွင်လည်း မြန်ဆန်ချောမွေ့မှု ရှိနေမည်ဖြစ်ကြောင်း သိရသည်။ OS စနစ်မှာ Android OS Version 4.0.4 ဖြစ်ပြီး ကင်မရာစနစ်ပိုင်းအတွက်လည်း ကောင်းမွန်မြန်ဆန်မည်ဖြစ်သည်။ Dual ကင်မရာစနစ်ဖြစ်ပြီး အွန်လိုင်းအသုံးပြုစနစ်များ အနေဖြင့်လည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။ Gmail, Gtalk စနစ်များကိုလည်း အကောင်းဆုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇော်ဂျီမြန်မာစာစနစ်နှင့် အခြား Video Call စနစ်များကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။ ၎င်း Tablet ဖုန်း၏ အရွယ်အစားမှာ ၇ လက်မ Screen အရွယ်အစားဖြစ်သောကြောင့် Samsung ၏ Galaxy Tab 7.0 နှင့်အရွယ်အစား တူတူပင်ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်မည်ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့