Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ



Galaxy S III အတွက် Android 4.1.2 update ကို Samsung ကုမ္ပဏီမှ ပြီးခဲ့သည့်ရက်ပိုင်းက ဖြန့်ချိပေးခဲ့ပြီး အဆိုပါ update တွင် multi-view multitasking interface သစ်၊ system app များနှင့် setting များ ပိုမိုကောင်းမွန်ပြည့်စုံစွာ ပါဝင်လာကြောင်း သိရသည်။

Android 4.1.2 update ကို ပိုလန်နိုင်ငံတွင် စတင်အသုံးပြုနိုင်ခဲ့ပြီး ကျန်နိုင်ငံများတွင် မကြာမီအချိန်အတွင်း ရရှိမည်ဖြစ်သည်။ ၎င်း update တွင် Galaxy S III အတွက် feature သစ်များစွာပါဝင်လာပြီး Galaxy Note II phablet တွင်ပါဝင်သည့် feature များကိုလည်း ထည့်သွင်းပေးထားသည်။ Android version 4.1.2 update တွင် multi-view, page buddy, paper artist app, group cast app စသည်တို့အပြင် Note II တွင်ပါဝင်သည့် gallery app သစ်၊ အသုံးပြုသူ စိတ်ကြိုက်ပြင်ဆင်နိုင်သည့် notification panel သစ်၊ အသုံးပြုသူ ကြည့်ရှုသည့် မြင်ကွင်းရှုထောင့်အလိုက် screen display ကိုချိန်ညှိပေးနိုင်သည့် smart rotation စသည့် feature သစ်များပါဝင်လာကြောင်း သိရသည်။ ထို့ပြင် notification panel တွင်ပါဝင်သည့် brightness slider ကိုလည်း disable ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် Galaxy 2 10.1 Wi-Fi tablet အတွက် Jelly Bean update ကိုလည်း ရရှိပြီဖြစ်ပြီး ဗြိတိန်ဈေးကွက်အတွင်းရှိ Ice Cream Sandwich operating system အသုံးပြုထားသည့် tablet များသည် Kies မှဖြစ်စေ၊ အင်တာနက်မှဖြစ်စေ update ပြုလုပ်နိုင်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့