Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့် ရောင်းမည်


ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့် ရောင်းမည်

  “ငွေကြေးသုံးစွဲနိုင်မှုအပေါ် မူတည်ပြီး ကုမ္ပဏီတွေကို ရွေးချယ်သွားမှာပါ။ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီအားလုံး ဆက်သွယ်ရေးရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲရှိနေရမှာပါ” ဟု ၎င်းက ပြောသည်။ အဆိုပါ ကိစ္စများအတွက် ရွှေပြည်တံခွန်ကုမ္ပဏီမှ ဦးလွင်နိုင်ဦးက ဆက်သွယ်ရေး၏ ပြဋ္ဌာန်းချက်များနှင့်အညီ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများ စိတ်ချမ်းမြေ့မည့် စနစ်တစ်ခုဖြစ်၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြောသည်။ ရွှေပြည်တံခွန်ကုမ္ပဏီမှ ၎င်းတို့ ထုတ်လုပ်ရောင်းချမည့် ကျပ်ငါးထောင်တန် ဖုန်းများကို ၂၀၁၂ ဇန်နဝါရီလတွင် သတင်းများ ထုတ်ပြန်ကြေညာခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါ ကိစ္စအား ဥပဒေအရသာမက နည်းပညာအရပါ ဖြစ်နိုင်မှုမရှိ၍ ဖုန်းထုတ်လုပ် ရောင်းချခွင့်ကို ခွင့်ပြုပေးခဲ့ခြင်း မရှိခဲ့ပေ။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအတွက် ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် မြန်မာ့တယ်လီကွန်းနှင့် ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှစ်ခုကို ရွေးချယ်ထားပြီး ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုကို Elite နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ကုမ္ပဏီက ရရှိမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့