Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ရေပေးဝေ

ယခုနှစ် နွေရာသီတွင် ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ် ခဲ့ရာ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အလယ်ပိုင်း(၂)ရပ်ကွက်နေ လုပ်သား ပြည်သူများသောက် သုံး ရေ အခက်အခဲမရှိစေရန် ကလောမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ရေသယ်ယာဉ်ဖြင့်
ရေဖြန့် ဝေခြင်းကို(၂၈-၄-၂၀၁၃)ရက်နေ့မှ စတင် ဆောင်ရွက်လျက်ရှိသည်။

ဟဲဟိုးမြို့၊ အလယ်ပိုင်း(၃)ရပ်ကွက်မှာ လူဦးရေ(၂၈၀၀)ဦး၊ အိမ်ခြေ(၄၅၉)အိမ်ရှိပြီး
ရေခက်ခဲသည့်အိမ်ခြေ(၁၅၀)ခန့်အတွက် တစ်ရက်လျှင်ရေဂါလန်(၄၀၀၀)အား မြို့နယ်စည်ပင်
သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ကြီးကြပ်ဖြန့်ဝေပေး
လျက်ရှိရာ ရပ်ကွက်နေလုပ်သားပြည်သူများက ၀မ်းသာပျော်ရွှင်စွာဖြင့် ရေသယ်ယူကြကြောင်း
သတင်းရရှိသည်။



ကလောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် ရေပေးဝေမှု


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့