Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 25 April 2013
လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မည်လော
ရန်ကုန်မြို့ စားသောက်ဆိုင်တစ်ခု တွင်းရှိ စင်မြင့်ပေါ်ဝယ် အဝတ်အစား မလုံ့တလုံ ဝတ်ဆင်ထားကြသည့် အမျိုး သမီးငယ် နှစ်ဒါဇင်ခန့်တို့သည် အပြင်း စားဂီတ၏ စည်းချက်အတိုင်း လှုပ်ရမ်း ကပြလိုက် သီဆိုဖျော်ဖြေလိုက် လုပ်နေ ကြသည်။ နိုင်ငံခြားသား ခရီးသွား အချို့ရှိနေကြသော်ငြား အများစုမှာမူ ဒေသ ခံများသာ ဖြစ်ကြသည့် ပရိသတ်က လည်း ယမကာများ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း သူတို့၏ လက်ကိုင်ဖုန်းများ ဖြင့် ယင်းဖျော်ဖြေမှုကို ဗီဒီယိုရိုက်သူက ရိုက်လျက်ရှိ၏။ တစ်ခါတစ်ရံတွင်မူ ပရိ သတ်ထဲမှ ဂုဏ်ပြုချီးမြှင့်သည့် ပန်းကုံး တို့ကို စင်ပေါ်မှအမျိုးသမီးငယ်အချို့ ရရှိသွားတတ်၏။ ပွဲသိမ်းဖျော်ဖြေမှုအပြီး ည ၁ဝ နာရီတွင် ဆိုင်တံခါး ပိတ်ပါ သည်။
စိုးရိမ်ပူပန်လျက်ရှိ
ရန်ကုန်ဝယ် ‘မော်ဒယ်ရှိုး’ဟု ခေါ် ကြသည့် အဆိုပါဖျော်ဖြေပွဲမျိုးကို ကမ္ဘာ ကျော် လိင်ခရီးသွားမြို့တော်တစ်ခု ဖြစ် သည့် ဘန်ကောက်မှ လိင်အသားပေး ဖျော် ဖြေပွဲမျိုးနှင့် နှိုင်းယှဉ်ပါလျှင်မူ မဖြစ်စ လောက်မျှသာဖြစ်သော်လည်း မြန်မာ နိုင်ငံမှ တာဝန်ရှိသူများနှင့် လူ့အခွင့် အ ရေးဆိုင်ရာအဖွဲ့အစည်းများကမူ နောင် လာမည့်ဆယ်စုနှစ်များတွင် ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ သွန်ကျလာ မည့်အချိန်အတွက် ကြိုတင်စိုးရိမ်ပူပန် လျက်ရှိသည်။
၂ဝ၁၁ ခုနှစ်အတွင်းတွင် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ၈၁၆ဝဝဝ မျှရောက်ရှိခဲ့သော်ငြား ၂ဝ၁၂ ခုနှစ်တွင် မူ တစ်သန်းထက်မက ရောက်ရှိခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင်မူ ၂ဝ၁၁ ခုနှစ်ကထက် နှစ်ဆခန့်နီးပါးဖြစ်သည့် ခရီးသွားဧည့် သည် တစ်သန်းခွဲခန့် လာရောက်ကြမည် ဟု မျှော်လင့်ထားကြ၏။ ကမ္ဘာလှည့်ခရီး သွားများကြောင့် နိုင်ငံအတွက်လိုအပ် သည့် နိုင်ငံခြားငွေ ကန်ဒေါ်လာ သန်း ငါးရာထက်မနည်း ယမန်နှစ်က ရရှိခဲ့ သော်ငြား လိင်ကိစ္စသည် ဒေသဆိုင်ရာ ဆွဲဆောင်မှုတစ်ခုဖြစ်လာမည်ကိုတော့ တာဝန်ရှိသူများ မလိုလားကြပါ။ ထိုင်း နိုင်ငံသည် အရှေ့တောင်အာရှတွင် ခုခံ အားကျဆင်းမှုရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်နေပြီး၊ ကမ္ဘောဒီးယား တွင် အရွယ်မရောက်သေးသည့်လိင်လုပ် သားများ တိုးပွားနေခြင်းကိုထောက်ရှု ခြင်းဖြင့် တာဝန်ရှိသူများ စိုးရိမ်နေကြ ခြင်းဖြစ်ပါသည်။
စိုးရိမ်လည်းစိုးရိမ်လောက်၏။ မြန် မာနိုင်ငံအတွင်း လူကုန်ကူးမှုကွန်ရက် ရှင်သန်လှုပ်ရှားနေသည်မှာ တာရှည်နေ ပြီဖြစ်သလို၊ မြန်မာအမျိုးသမီးများ ထိုင်းနိုင်ငံသို့ ယိုစီးထွက်နေသည့်အနက် အများအပြားမှာ မိမိတို့သဘောဆန္ဒအလျောက်ဖြစ်နေပြန်၏။ အသက်မပြည့် သူ များပြားနေသလို သူတို့၏ အပျိုစင် ဘဝကို ကြေးကြီးကြီးနှင့် ရောင်းချလိုနေ ကြသည်ဟု မဲခေါင်မြစ်ဝှမ်းအတွင်း လူ ကုန်ကူးမှုကိုတိုက်ဖျက်သည့် ကုလ သမဂ္ဂစီမံချက်မှ အမျိုးသားစီမံချက်ညှိ နှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ဥမ္မာအိအိ ချောက ပြောသည်။
”သူတို့ကိုယ်တိုင်သာမက၊ သူတို့ရဲ့ မိဘတွေရယ် သူတို့အသိုင်းအဝိုင်းတွေ ရယ်ကလည်းဒီလိုလုပ်တာကို လက်ခံနေ ကြတယ်။ ဒါဟာ မိဘကိုထောက်ပံ့ခြင်း တစ်မျိုးလို့ ယူဆနေကြတယ်”ဟု သူက ပြောပါသည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၈ ခုနှစ်က ဆိုင်ကလုန်းနာဂစ်ဒဏ် ခံခဲ့ရ ပြီးနောက်ဝယ် ရန်ကုန်ကဲ့သို့သောမြို့ကြီး များသို့ အမျိုးသမီးများ လိင်လုပ်သားအဖြစ်ရောက်ရှိလာကြခြင်းမှာ အံ့ဖွယ် လိလိမြင့်မားခဲ့ကြောင်း ပြည်တွင်းမီဒီ ယာတို့၏ ဖော်ပြချက်များအရ သိရပါ သည်။
ကြိုတင်ကာကွယ်ရမည်
မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် လိင်ကိစ္စဆိုင်ရာ လိုအပ်ချက်ဖြည့်ဆည်း ပေးခြင်းတို့မှာ ဆိုးဆိုးရွားရွားအခြေ အနေသို့တော့ မဆိုက်ရောက်သေးချေ။ အရိုးရှင်းဆုံးဆိုရလျှင်တော့ မြန်မာတို့ သည် ကမ္ဘာလှည့်ခရီးသွားအနည်းငယ် လောက်မျှနှင့်သာ ဆက်ဆံနေရသေး သောကြောင့်ပင်။ ထိုင်းနိုင်ငံသို့ ၂ဝ၁၂ ခုနှစ်အတွင်းက ကမ္ဘာလှည့်ခရီးသွား ၂၂ သန်းရောက်ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ် ကြည့်လျှင် သဘောပေါက်ပါလိမ့်မည်။ သို့ရာတွင် ပြောင်းလဲခြင်းအရိပ်လက္ခ ဏာများပြနေလေပြီ။မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကမ္ဘာလှည့်ခရီးသွားများဆိုင်ရာ ပွင့် လင်းမြင်သာမှုရှိရေးအဖွဲ့ကို တည် ထောင်သူ မစ္စအင်ဒရီယာ ဗလန်တင်းက သူသည် ဝက်ဘ်ဆိုက်တစ်ခုကို ဂျပန် တွင် တွေ့ရကြောင်း၊ ယင်းဝက်ဘ်ဆိုက် တွင် ဧည့်သည်တို့၏ လိင်ကိစ္စဆိုင်ရာ လိုအပ်ချက်ကို စီစဉ်ဆောင်ရွက်ပေးလို သည့် ဆန္ဒရှိသော ဟိုတယ်များစာရင်းကိုတွေ့ရကြောင်းပြောသည်။ ဟိုတယ် များက ပြည့်တန်ဆာတို့၏ ဖုန်းနံပါတ် များကို ဧည့်သည်များမေးလာပါကပြော ပေးနိုင်ကြောင်းသိရသည်။
”ဟိုတယ်ကလူတွေ ပြောတာက တော့ ‘ကျုပ်တို့ကဟိုတယ်လေ၊ ရောက် လာတဲ့ဧည့်သည်တွေ စိတ်ချမ်းသာ အောင်လုပ်ပေးရမှာပေါ့’လို့ပဲ ပြောကြ တယ်။ သူတို့လည်း ဘယ်လိုလုပ်ရမှန်း မသိကြဘူး”ဟုမစ္စဗလန်တင်းက ပြောပါ သည်။လိင်ကိစ္စ ဖြည့်ဆည်းပေးမှုများ ရနိုင်ခြင်းကို မော်ဒယ်ရှိုးများ၊ ကာရာ အိုကေဆိုင်များနှင့် အနှိပ်ခန်းများတွင် ပြောင်ပြောင်တင်းတင်းတော့ ဆိုမထား ကြပေ။ သို့ရာတွင် ရသည်ကတော့ သေ ချာ၏။
”နောက်ဖေးပေါက်မှာ ဘာမဆို ဖြစ်နိုင်တယ်လေ။ ဒါကို ခိုင်ခိုင်မာမာ သက်သေပြနိုင်ဖို့ အရမ်းခက်တယ်။ ဒါ ကတော့ရတဲ့ဆိုင်၊ ဒါကတော့ မရတဲ့ဆိုင် ဆိုတာ အမျိုးသားတွေအချင်းချင်းကြား မှာတော့ သိကြတာပဲ။ တက္ကစီသမားတွေ လည်း သိကြတယ်လေ”ဟု ဒေါ်ဥမ္မာ အိအိချောက ပြောပါသည်။အရွယ်မရောက်သေးသူများအား လိင်ဆက်ဆံရန် ကြံရွယ်မှုကြောင့် ယခု ကာလ အတောအတွင်းဝယ် နိုင်ငံခြား သား ၁၃ ဦးကို နာမည်ပျက်စာရင်းသွင်း ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများမှ အခြေအနေများကိုလေ့လာခြင်းအားဖြင့် အဆိုပါပြဿနာများ ကြီးထွားလာမည် ကို အစိုးရတာဝန်ရှိသူများ မလိုလားကြ ပေ။ ”အိမ်နီးချင်းနိုင်ငံတွေဆီက အဖြစ် အပျက်တွေကို သင်ခန်းစာယူခြင်းအား ဖြင့် ကျွန်တော်တို့ဆီမှာလည်း အချိန် မနှောင်းခင်ကြိုတင်ကာကွယ်ဖို့လုပ်ငန်း စရတော့မယ်လို့ ခံစားလာရပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အထူးသတင်း တပ်ဖွဲ့မှ ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းက ပြောပါသည်။
ဆောင်ရွက်နေသည်များ
အမှန်မတော့ လိင်ခရီးသွားဆိုင်ရာ ကိစ္စတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာအာ ဏာပိုင်များက အခါအားလျော်စွာအရေး ယူဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ နိုင်ငံ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန သည် အစိုးရမဟုတ်သော ဂျာမန်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် ‘ဟန်းစ်ဆေး ဒယ်လ်ဖောင်ဒေးရှင်း’နှင့် တွဲဖက်၍ ကမ္ဘာလှည့်ခရီးသွားများဆိုင်ရာတာဝန်ယူမှု ပေါ်လစီသစ်တစ်ခုကို ယမန်နှစ် အတွင်းကချမှတ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများနှင့်ပတ်သက်၍ ဆောင်ရွက်ရ မည့်စည်းမျဉ်းများကို ရေးဆွဲခဲ့ကာ မစ္စ ဗလန်တင်း၏ ဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံမှ နာမည်ကျော်ကာတွန်းဆရာများ ၏ သရုပ်ဖော်ပုံများကိုပါ ထည့်သွင်း၍ ဟိုတယ်များနှင့် ခရီးသွားလမ်းညွှန်များ အား ဖြန့်ဝေခဲ့ပါသည်။
အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း နော်ဝေနိုင်ငံမှ ထောက်ခံအားပေးမှုဖြင့် အများပြည်သူတို့ ပိုမိုအသိရှိရေးဆိုင်ရာ စည်းရုံးဆောင်ရွက်မှုများနှင့် ဟိုတယ် များ၊ ခရီးသွားလုပ်ငန်းများနှင့် ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် လိင်ခရီးသွားဆိုင်ရာ ဖြစ်ရပ်များကို ကြုံတွေ့လာရပါက မည် သို့ဆောင်ရွက်ရမည်တို့ပါဝင်သည့်လက် ရှိအချိန်အတောအတွင်း ဆောင်ရွက်ရ မည့်ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ အဓိက အစီအစဉ်တစ်ခုကို အစိုးရသို့တင်ပြခဲ့ရာ ယခုနှစ်တွင် အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။မဲခေါင်မြစ်ဝှမ်းအတွင်း လူကုန်ကူး မှုကိုတိုက်ဖျက်သည့် ကုလသမဂ္ဂစီမံချက် အနေဖြင့်လည်း ဟိုတယ်ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များအတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ကလေးသူငယ်လိင်လုပ် သားတိုက်ဖျက်ရေး နှင့် လိင်ခရီးသွား များကိုတားဆီးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကာ အ ရေးပေါ်ဆက်သွယ်ရမည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်း ကမ္ဘာလှည့်ခရီး သွားများအဓိကသွားလာသည့် နယ်ပယ် များတွင် စီစဉ်သတ်မှတ်ပေးလျက် ရှိ သည်။
ဆေးထိုးမှန်ဖို့လိုအပ်
ဥပဒေဘက်တော်သားများဘက် က လျော့ရဲမှုတွေရှိလျှင်တော့ မည် သည့် ဥပဒေ၊ မည်သို့သော အစီအစဉ် ကမှ တိုးတက်ထူးခြားလာစေရန် စွမ်း ဆောင်နိုင်မည်မဟုတ်။ ဥပဒေအရမူ ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာ နိုင်ငံတွင် တရားဝင်မဟုတ်သော်လည်း၊ အာဏာ ပိုင်များက မျက်စိမှိတ်ကာ နှာစေးနေကြလျှင်တော့ မည်သူမျှတတ် နိုင်မည်မဟုတ်။ ထို့အပြင် ပြည့်တန်ဆာ ခန်းများကို စီးနင်းဖမ်းဆီးရာတွင်လည်း ပြည့်တန်ဆာများသာ အဖမ်းခံကြရ ရှာပြီး ပိုင်ရှင်များနှင့် လာရောက်ဆက် ဆံကြသူများ အဖမ်းမခံကြရ။ လိင်လုပ် သားများခမျာ လက်ရှိ ဥပဒေဘက် တော်သားများလက်ထဲဝယ် ဆေးမှား ထိုးခြင်းခံရသည့်နှယ် ဖြစ်နေ၏။
”တာဝန်ရှိသူတွေ အတော်များများ ဟာအဲဒီအခြေအနေတွေကနေ အမြတ် ထုတ်နေကြသလိုဖြစ်နေတယ်။ ပိုက်ဆံ တောင်းတာမျိုးတွေ ဒါမှမဟုတ် ခြိမ်း ခြောက်တာမျိုးတွေပေါ့”ဟု ဒေါ်ဥမ္မာ အိအိချောက ပြောပါသည်။ ယင်းဖြစ်ရပ် များဆုံးခန်းတိုင်စေရန် ကုလသမဂ္ဂက လေးများရန်ပုံငွေအဖွဲ့နှင့် အစိုးရမဟုတ် သောအဖွဲ့အစည်းများအနေဖြင့် ရဲတပ် ဖွဲ့ဝင်တို့ အဆိုပါကိစ္စများအား မည်သို့ မည်ပုံ ကိုင်တွယ်ကြရမည်ဆိုသည်ကို လေ့ကျင့်သင်ကြားမှုများ စတင်ရတော့ မည်ဟု သူက ထပ်လောင်းပြောကြားပါ သည်။မည်သို့သော စိန်ခေါ်မှုများရှိနေ စေကာမူ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကဲ့သို့သော လိင်ခရီး သွားလုပ်ငန်း ကျိန်စာသင့်ခြင်းမျိုးကို ရှောင်ကြဉ်နိုင်မည်ဟု မစ္စ ဗလန်တင်း က အကောင်းဘက်က ရှုမြင်သုံးသပ်ပါ သည်။ ”နှစ်ပေါင်းများစွာ အတွင်းကျိတ် လှိုက်စားနေခဲ့ပေမယ့် ခုတော့ ပွင့်လင်း လာနေပြီလေ။ အရာရာကို သူတို့ လေ့ လာသင်ယူကြဖို့ ကြိုးစားနေကြပါပြီ။ သူတို့ ရဲရဲရင့်ရင့်နဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေကြတာတွေကို ကျွန်မတို့အနေနဲ့ ပံ့ပိုးကူညီမှုတွေလုပ် ပေးကြဖို့လိုအပ်တယ်”ဟု သူက ပြောပါ သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
April
(585)
- Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထို...
- Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း
- Huawei U8825D Android Version 4.04 Root လုပ်နည်း
- Sony Xperia Miro
- iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)
- ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန...
- iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံြး...
- နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆို...
- Samsung Galaxy S III Mini မိတ်ဆက်ပြသ
- Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်
- ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မ...
- မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းန...
- မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များ...
- Huawei U8818 Version 2.3.6 Root လုပ်နည်း
- Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း
- Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Pas...
- မိုဘိုင်းဖုန်း Driver များစုစည်းမှု
- External Hard Disk ကို Mac မှာရော Windows PC တွေမှ...
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
- ၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့်...
- ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ
- အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ
- စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်
- မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ
- ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ...
- မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်...
- ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့...
- ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်...
- နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ...
- ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ...
- အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားေ...
- မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်
- မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သ...
- သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်
- ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွ...
- ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရေ...
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ...
- မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်...
- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျ...
- တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိ...
- အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ...
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူး...
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟေ...
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာန...
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ်...
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် ...
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာေ...
- သမ္မတ စာကြောင့် မီဒီယာများကို ဧရာဝတီတိုင်း လွှတ်တော်...
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ...
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ...
- မိုးအဝင် နောက် ကျမယ်
- ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်
- Facebook နိုင်ငံသား
- အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ
- ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှ...
- NLD ပါတီ လူငယ်ညီလာခံကျင်းပရန် စီစဉ်
- ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ
- ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်
- ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်...
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူ...
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို...
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလ...
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ေ...
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်...
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ...
- Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ
- Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated ...
- ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုဖြင့် ၀ယ်ယူ...
- Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူမျာ...
- တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်ဝင်ရောက်လာ
- ရွှေမိုဘိုင်းမှ ၎င်း၏ Website Application တစ်ခုဖြန့်ချ...
- iOS 6 Jailbreak ရရှိပြီးသော်လည်း အခက်အခဲအနည်းငယ်ရှိ
- သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ဧပြီလ...
- CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည...
- Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား
- LG Optimus L7 P700
- My Trip Tracker
- CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ
- ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား စေ...
- မြန်မာစာ အပြည့်အ၀အသုံးပြုနိုင်မည့် JAS မိုဘိုင်းဖု...
- Battery Doctor ဆိုတဲ့ Android Application လေးကိုမြ...
- ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထ...
- ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
- ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ ...
- ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀
- ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ရန် ဖွဲ့စည်း...
- လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို နိုင်ငံသား ဟုတ်၊ မဟ...
- အလွမ်းခိုး
- ကောင်မလေးအတွက်...........
- ယောက်ျားလေး / မိန်းကလေးတွေသိထားသင့်သော အချက်(၃၀)
- ဒါနတစ်ခုတည်းနဲ့လား...
- ရင်နှင့်ရင်း၍ ချစ်ခဲ့သော'
- မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက...
- 1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း
- အလားအလာကောင်းနဲ့ စိန်ခေါ်မှုပြည့်နေတဲ့ မြန်မာ့စီးပွာ...
- မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်...
- မြို့တွင်းလုံခြုံရေး ကင်မရာများ
- အမေရိကန် ကုန်သွယ်ရေးအရာရှိ မြန်မာနိုင်ငံရောက်
- မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိ...
- ဧရာဝတီတိုင်း တောင်သူ လယ်သမား ညီလာခံ တရပ်ကို
- အီးယူ ဆန်ရှင်အဖွင့် မြန်မာလုပ်ငန်းရှင်တွေ ရင်ဆိုင်...
- မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ
- တောင်ဒဂုံရှိ တပ်ပိုင်မြေပေါ် အငှားချ နေထိုင်သူနှင့်...
- ပီအာရ်စနစ်ကို ဘယ်သူတွေက ဘာကြောင့် ကျင့်သုံးချင်ကြတာလဲ
- မုံရွာခရိုင်အတွင်း ရဲနဲ့ ဒေသခံတွေ တိုက်ခိုက်မှု ဖြစ...
- သံဃာတပါး အသတ်ခံရမှုအတွက် ဆက်လက်စစ်ဆေး (ရုပ်/သံ)
- ပြည်မြို့ က စစ်သားသုံးဦး လုယက်သတ်ဖြတ်ခံရသူ ဇာပန လု...
- သံလျင်ရေနံချက်စက်ရုံက သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရ...
- အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံတောင်သူများ ကလောမြို...
- စောင်ရေအများဆုံး 7 Day နေ့စဉ်သတင်းစာ ထုတ်ဝေ
- တာချီလိတ်တွင် အသိမ်းခံထားရသည့်မြေများ အစားပြန်ပေးမည်
- မှော်ဘီ စိုက်ဘဏ်သို့ မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ...
- လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မ...
-
▼
April
(585)

No comments:
Post a Comment