Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

External Hard Disk ကို Mac မှာရော Windows PC တွေမှာ သုံးလို့ရအောင် ဘယ်လို Format ချမလဲ ???



ကိုယ်က External HDD တစ်လုံးဝယ်ထားခဲ့ရင်ပေါ့ နောက်တစ်ချက်က မိမိ ဆီမှာ အဓိက သုံးနေတာ က Macs book ကိုသုံးနေပြီး
လိုအပ်လာခဲ့ရင်တော့ Windows PC တွေနဲ့လည်းချိတ်ဆက်အသုံးပြုလေ့ရှိတဲ့သူတွေရှိကြပါမှာ..
အဲဒီလို အသုံး Mac အတွက်ရော Windows PC တွေအတွက်ပါနှစ်မျိုးစလုံး အသုံးပြုလို့ရအောင် External Hard Drive ကို မှန်ကန်တဲ့ File System ကိုရွေးပြီးအသုံးပြုမှ အဆင်ပြေပါလိမ့်မယ်..ကျွန်တော်တို့ က ယနေ့အသုံးပြုနေကြတဲ့ File System အကြောင်းလေးတွေတော့
အနည်းငယ်သိထားဖို့လိုလာပါပြီ။ ကဲ စပြီးလေ့လာကြည့်ကြရအောင်...
Windows တွေရဲ့ Default File System က NTFS ပါ New Technology File System လို့အရှည်မှတ်သားလို့ရပါတယ် Windows NT ကနေ စတင်အသုံးပြုခဲ့ကြတာပါ Windows NT ရဲ့နောက်ပိုင်းထွက်လာတဲ့ Windows 2000 နဲ့ ယနေ့ ကျွန်တော်တို့အသုံးပြုနေကြတဲ့ Windows 8 အထိ ဆိုပါစို့ ...
Macs တွေ က NTFS ကို ဖတ်ပဲဖတ်နိုင်ပါတယ် ရေးလို့မရနိုင်ပါဘူး ဆိုလိုတာက NTFS system နဲ့ Format ချထားတဲ့ External Hard Disk တစ်ခု ကို Macs book မှာ တတ်ပြီးသုံးမယ်ဆိုရင်..အထဲက ဖိုင်တွေကိုမြင်ရမယ် ဒါပေမဲ့ Macs book ထဲ ကဖိုင်တွေကိုတော့ အဲဒီ External Hard Disk ထဲကို copy ကူးထည့်တာမျိုးတွေ Delete လုပ်တာမျိုးတွေရမှာမဟုတ်ပါဘူး.....Macs တွေရဲ့ Default File System က Hierarchical File System ( HFS) ပါ HFS file system ကြတော့ Windows က မဖတ်နိုင်ပြန်ပါဘူး ..ဒီတော့ ဒီနှစ်ခုစလုံဖတ်နိုင်ရေးနိုင်အောင် External Hard Disk တွေကို Format ချတဲ့အခါသတိထားစရာဖြစ်ပါတယ်..
နောက် File system တစ်မျိုးကတော့ FAT32 ပါ ဒါကတော့ အရှည်အားဖြင့်တော့ File Allocation Table ( FAT ) ပေါ့ ယနေ့ Memory Card တွေ မှာ Default အနေ နဲ့ FAT32 system တွေပါ။ ဒါပေမဲ့ FAT 32 မှာ က file တွေကို ကန့်သတ်ထားပါတယ်...အများဆုံး File Size က 4GB ထိပဲလက်ခံပါတယ်။ ဒါပေမဲ့ သူက Windows PC မှာရော Macs မှာ အသုံးပြုလို့ရပါတယ်..ကျွန်တော်တို့ External Hard Disk ထဲကို Adobe Master Collection လိုမျိုး software တွေကိုထည့်ထားမယ်ဆိုရင် အဲဒီ ဖိုင်တွေ က 4GB ကျော်ပါတယ်..ဒီ ထက်ကြီးတဲ့ File size တွေကိုလည်းကျွန်တော်တို့က External HDD ထဲကိုထည့်ထားချင်ကြမှာပါပဲ
အဲဒီလို ထည့်ဖို့အတွက်ဆိုရင်တော့  exFAT system ကိုသုံးကြရပါမယ်။
exFAT က ဖိုင်အကြီးတွေနဲ့အလုပ်လုပ်နိုင်ပါတယ်..ဒါပေမဲ့ Mac OS X 10.6.5  နဲ့အထက် မြင့်တဲ့ OS version တွေမှာပဲသုံးလို့ရပါမယ်..Windows မှာဆိုရင်တော့ Windows Vista SP1 , Windows 7, Windows 8 တွေမှာသုံးလို့ရပါတယ်..Windows XP မှာတော့သုံးလို့မရနိုင်ပါဘူးခင်ဗျာ။
တစ်ချို့ External HDD company တွေကတော့ Windows Xp နဲ့ တစ်ခြား Windows 2000 လိုမျိုးတွေအတွက် exFAT ကိုဖတ် နိုင်ဖို့ Driver ဖန်တီးပေးထားပါတယ်...ဥပမာ Western Digital ( WD ) company လိုမျိုးဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့အတွက်သိထားသင့်တာလေး တော်တော်လေးသိနေပါပြီ။ ဒီတော့ External HDD လေးကို ဘယ်လို exFAT system ဖြစ်အောင် Windoes မှာ ဘယ်လို Format ချမလဲဆိုတာလေး ကျွန်တော်ပုံနဲ့တစ်ကွရှင်းပြပါ့မယ်။ မိမိ အသုံးပြုမဲ့ External Hard Disk ကို PC မှာထိုးလိုက်ပါ။ ပြီးရင်တော့ Computer ကိုဖွင့်ပါ အောက်မှာပုံပြထားပါတယ်..


Computer ကိုဖွင့်လိုက်ရင် မိမိ ရဲ့ External HDD ရဲ့ Drive name နဲ့ Drive Letter ကိုမြင်ရပါမယ်..ပုံထဲမှာဆိုရင်တော့ storage (F:) ပေါ့ သူ့အပေါ်မှာ Right Click တစ်ချက်ခေါက်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရပါလိမ့်မည်။


အဲဒီမှာ Format ဆိုတာလေးကိုရွေးပေးလိုက်ပါ။ ပြီးရင် အောက်မှာပြထားတဲ့ပုံအတိုင်းထပ်ပြီးတွေ့ရပါလိမ့်မည်။

အဲဒီမှာ File system နေရာမှာ exFAT ဆိုတာလေးရွေးပေးဖို့မမေ့ပါနဲ့ပြီးရင်တော့ start ဆိုတာလေးနှိပ်ပြီး Format ချနိုင်ပါပြီး ။ Format ချပြီးသွားရင်တော့ လူကြီးမင်းရဲ့ External HDD လေးက Windows တွေမှာတော့ Macs book တွေမှာပါ Read / write နှစ်မျိုးစလုံးအလုပ်လုပ်ပါလိမ့်မယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့