
ရွှေမိုဘိုင်း မိုဘိုင်းဖုန်းအရောင်းဆိုင်မှ မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သော Website Application တစ်ခုအား ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Application မှာ အွန်လိုင်းအသုံးပြု မိုဘိုင်းဖုန်း Website Application တစ်ခုဖြစ်ပြီး ယင်းဆော့ဖ်ဝဲအတွင်းသို့ ၀င်လိုက်ပါက ရွှေမိုဘိုင်း၏ ၀က်ဘ်ဆိုက်အတွင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ရွှေမိုဘိုင်းဝက်ဘ်ဆိုက်အတွင်းတွင် အသစ်ထွက်ဖုန်းဟန်းဆက်များ၏ပုံများ၊ အဆိုပါဖုန်းများ၏ Specification အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမည်ဖြစ်သည့်အပြင် အသစ်ထွက်ဆော့ဖ်ဝဲများ၊ ဂိမ်းများကိုလည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါရွှေမိုဘိုင်းဝက်ဘ်ဆိုက်ပေါ်တွင် ၎င်းတို့ဆိုင်မှ ပြုလုပ်ပေးသွားမည်ဖြစ်သော အပတ်စဉ် Weekly Promotion အစီအစဉ်များကိုလည်း အဆိုပါဝက်ဘ်ဆိုက်ပေါ်တွင် အပတ်စဉ် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ်အတွက်လည်း မတ်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့ထိ iPhone5 ကာဗာများ၊ Galaxy Note II ကာဗာများနှင့် အခြား Huawei ဖုန်းများအတွက် ကာဗာများ၊ အလှဆင်ကျောက်များ ဖြင့်ပြုလုပ်ထားသော Handmade ဖုန်းကာဗာများကို အထူးလျှော့ဈေးဖြင့် ပရိုမိုးရှင်းပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ၎င်းဝက်ဘ်ဆိုက်ဆော့ဖ်ဝဲအား ရွှေမိုဘိုင်းဖုန်းဆိုင်တွင် ထည့်သွင်းနိုင်မည်ဖြစ်သည့်အပြင် https://hotfile.com/dl/195518100/e53b397/com.shwe.mobile.apk.html တွင် အခမဲ့ Download ပြုလုပ်ကာ ထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၂၉၃၁၆၇ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
No comments:
Post a Comment