Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်


Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်

Asus ကုမ္ပဏီမှ Padfone ၏ ဗားရှင်းအသစ် Padfone 2 ကို ထပ်မံ ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်သည်။ ၎င်းသည် တရားဝင် ရောင်းချမှု မပြုခင်ကတည်းက အင်တာနက်ပေါ်တွင် သတင်းများ ပေါက်ကြားခဲ့ပြီး Twitter တွင် Padfone 2 ၏ ဓာတ်ပုံများ မြင်တွေ့ခဲ့ရသည်။  ထို့အပြင် Bloomberg ဝက်ဆိုက်ဒ်တွင်လည်း Asus CEO မှ ရှင်းလင်းပြသနေသည့် ဗီဒီယိုဖိုင်များလည်းကိုလည်း တင်ထားခဲ့ကြသည်။ အဆိုပါ Padfone မျိုးဆက်သစ်သည် ၎င်း၏ထုံးစံအတိုင်း Tablet နှင့် Smartphone နှစ်မျိုးစပ်ဖြစ်ပြီး Tablet အနေနှင့် သုံးမည့် Pad Station ၏ မျက်နှာပြင်မှာ ယခင်အကျယ်အတိုင်း ၁၀.၁ လက်မ HD Display ဖြစ်သည်။ Smartphone ၏ မျက်နှာပြင်သည် ၄.၇ လက်မဖြစ်ပြီး ယခင် Padfone ထက် အနည်းငယ် ပိုကြီးသည်။ Quad core processor ကို အသုံးပြုထားသည်။ ကင်မရာမှာ13 Megapixel အထိ တိုးမြင့်ပေးထားသည့် အတွက် ကင်မရာတစ်လုံးထက်ပင် အရည်အသွေး ပိုမိုကောင်းမွန်မည်ဖြစ်ပြီး LED Flash ပါဝင်သည်။ ဘက်ထရီမှာ ယခင်ကထက် ပိုမို အသုံးခံနိုင်စေရန် 2140 mAh ထိ တိုးမြင့်ပေးထားသည်။ ၎င်းသည် ယခင်ပုံစံထက် ပေါ့ပါးပြီး ပိုမိုပါးအောင် ဒီဇိုင်းထုတ်လုပ်ထားသည်ဟု သိရသည်။ Pad Station ၏ နောက်ကျော ဖုန်းထည့်သွင်းချိတ်သည့် နေရာကိုတော့ ထွက်ရှိခဲ့ပြီးသည့် ကန့်လန့်ဖြတ် ဒီဇိုင်း မဟုတ်ဘဲ ဒေါင်လိုက်ထည့်ရသည့် ဒီဇိုင်းအဖြစ် ပုံစံ ပြောင်းလဲထားသည်။ ယခု Padfhone မျိုးဆက်သစ်သည် ယခင်ကထက် ပိုမိုကောင်းမွန်ပြီး အရည်အသွေး မြင့်မားအောင် ပြုလုပ်ထားသော်လည်း ဈေးနှုန်းမှာ ပိုမို သက်သာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့