Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ (၁၉)ဦးရဲ့ နစ်နာမှု ဦးအောင်သိန်းလင်းမှ ကူညီမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး သုံး ခွမြို့နယ် သာယာမြိုင်ကျေးရွာ၊ မီးလောင်ချောင် အရှေ့ဘက် ကွင်းအမှတ်-၆/၂(၁၀၅)နှင့် (၁၀၆)အတွင်းရှိ လယ်သမား(၁၉) ဦး စိုက်ပျိုးအသက်မွေးနေသော မြေဧက ၁၃၈ ဧကကျော်အား လုပ်ငန်းရှင်တစ်ဦးနှင့် ထိုစဉ်က အုပ်ချုပ်ရေးတာဝန်ရှိသူများအကူ အညီဖြင့် သိမ်းဆည်းခဲ့သည်အား စတင်အသိမ်းခံရစဉ် ၂၀၀၅ ခုနှစ် ကတည်းကစ၍ အထက်ဌာန များသို့ တင်ပြစာများ ပေးပို့ခဲ့ပါ သော်လည်း ယနေ့ထိ ထူးခြားမှု ရှိမလာသည့်အတွက် ယင်းလယ် သမား (၁၉)ဦး၏ လယ်မြေသိမ်း ဆည်းခံရမှုအား ဥပဒေဘောင် အတွင်းမှနေ၍ အဆင်ပြေသည် အထိ ရပ်တည်ကူညီသွားမည်ဖြစ် ကြောင်း လွှတ်တော်မြေယာနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က ဦးအောင် သိန်းလင်းကဆိုသည်။

““ဒီလို လယ်အသိမ်းခံရတဲ့ လယ်သမားတွေဘက်ကစာနာပါ တယ်။ ကျွန်တော့်အနေနဲ့လည်း လယ်သိမ်းခံရတဲ့ လယ်သမားတွေ နဲ့ တစ်ဖက်ကိုလည်း ပြဿနာ တွေမဖြစ်စေချင်ဘူး။ ကျွန်တော် တို့က လွှတ်တော်ကိုယ်စားလှယ် ပါ။ ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အာဏာ ပိုင်မဟုတ်တဲ့အခါကြတော့ ဒီလို ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိအာဏာပိုင်တွေကို လို အပ်တဲ့ အကြောင်းကြားချက်တွေ ပို့ပြီး သူတို့ကူညီဖြေရှင်းပေး အောင် ဆောင်ရွက်ပေးမယ်။ ပြီး တော့ လွှတ်တော်မှာလည်း တင် ပေးမယ်။ နောက် အငြင်းပွားဆဲ ကာလမှာ ပြဿနာတွေမကြီး အောင် ဆစ်ဖက်ကလုပ်ရပ်တွေ ကို တားဆီးပေးပါဆိုပြီး ကျွန် တော်မေတ္တာရပ်ခံပေးမယ်။ တစ် ဖက်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကော်မရှင်ကို စာပို့ ပေးပါ။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှု ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးပါဆိုပြီး ၀န်ကြီးချုပ်ဆီ ကျွန်တော်စာတင်မယ်””ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သိန်းလင်းက လယ်သိမ်းခံ လယ်သမားများနှင့် တွေ့ဆုံစဉ် အားပေးပြောကြားသွားသည်။

အဆိုပါသိမ်းဆည်းခံလယ် မြေများမှာ တော်လှန်ရေးကောင် စီလက်ထက် လယ်ယာမြေများ ဖော်ထုတ်နိုင်ခဲ့ချိန်အခါက ချမှတ် သော ၁ဧက (၁၂)တင်းနှုန်း မူဝါဒချမှတ်စဉ်ကတည်းက လယ် သမားများအနေဖြင့် မြေခွန်များ ကျေပွန်စွာ ထမ်းဆောင်ကာ ၀မ်း ရေးအတွက် စိုက်ပျိုးခဲ့ပြီး လွန်ခဲ့ သည့် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင်း သဘာဝရေမြေပြောင်း လဲမှုကြောင့် ပင်လယ်ဘက်မှ ဆားငံရည်များဝင်ရောက်ခဲ့ချိန်၌ ယင်းအား အခွင့်ယူကာလုပ်ငန်း ရှင်တစ်ဦးက အာဏာပိုင်အချို့ အကူအညီအဖြစ် အစိုးရအမိန့် ဟုဆိုကာ သိမ်းယူခဲ့ခြင်းဖြစ် သည်။

 ထိုသို့သိမ်းယူစဉ်အခါ၌ လည်း သဘောမတူကြောင်း ပြောဆိုခဲ့သည့် လယ်သမားအချို့ အားလည်း ရဲဝန်ထမ်းများအပါ အ၀င် လူအချို့မှ ၀ိုင်းဝန်းရိုက် နှက်ကာ အကျဉ်းချခဲ့သည်အထိ ပြုလုပ်ခဲ့ပြီး ယင်းမတရားမှုအပေါ် ထိုစဉ်မှစ၍ အထက်ဌာနများသို့ တိုင်ကြားခဲ့ပါသော်လည်း ထူးခြား မှုရှိမလာကြောင်း မကြာသေးမီ က မြေသိမ်းခံရမှုစုံစမ်းရေးကော် မရှင်သို့ တင်ပြသော အသနားခံ စာအရ သိရှိရသည်။

ခန့်ခန့်(ဒဿနိက) Hot News Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့