Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ


CDMA 800 MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်ကျင်သာရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော အချက်များမှ သိရသည်။
၎င်းအရေအတွက်မှာ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဖုန်းအမျိုးအစားများ၌ အနည်းဆုံး အရေအတွက်ဖြစ်သည်။ CDMA (800 WLL) ဖုန်း အသုံးပြုသူ သုံးသိန်းကျော်ရှိပြီး MCWLL 400 အသုံးပြုသူ ငါးသောင်းကျော် ရှိကြောင်း သိရသည်။ ပြည်တွင်း၌ GSM ဖုန်း အသုံးပြုသူ အများဆုံးဖြစ်ပြီး အရေအတွက် သုံးသန်းကျော်၊ လေးသန်းနီးပါးရှိကြောင်း သိရသည်။ WCDMA ဖုန်းအမျိုးအစားအသုံးပြုသူ ခုနစ်သိန်းကျော်ရှိပြီး CDMA 450MHz အသုံးပြုသူ လေးသိန်းကျော်ရှိကြောင်း သိရသည်။ ပြည်တွင်း၌ မိုဘိုင်းဖုန်းအမျိုးအစားခြောက်မျိုးကို အသုံးပြုလျက်ရှိပြီး ၎င်းတို့မှာ CDMA 450 MHz, CDMA800 MHz, CDMA 800 WLL, MC (400), WCDMA, GSM တို့ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်း ချထားမည့် ဖုန်းများတွင် GSM ဖုန်းများသာ အဓိကချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ မြန် မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံချက်များရေးဆွဲပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း၊တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်း (၈) သန်း၊ ၂၀၁၄-၂၀၁၅ တွင် လိုင်း (၁၈) သန်း၊ စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂-၂၀၁၃ တွင် (၁၀) ရာခိုင်နှုန်း ၂၀၁၃-၂၀၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် (၅၀) ရာခိုင်နှုန်းဖြစ်လာအောင် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ မတ်လ (၂၉) ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် တန်ဖိုးနည်းမိုဘိုင်း SIM Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ၎င်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခုဖြစ်ပြီး တယ်လီဖုန်းသုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားကြောင်း အခြေခံ အဆောက်အဦ တည်ဆောက်သည့်အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ရှိပြီး အခြေခံအဆောက်အဦနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီများသာမက၊ ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားကြောင်း နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့