၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၆.၃% တိုးတက်ခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ပြောလိုက်တဲ့အပြင် အနာဂတ်တိုးတက်မှုအလားအလာပေါ်မှာလည်း အများအားဖြင့် အကောင်းမြင် ခန့်မှန်း ထားပါတယ်။ အရင် ခန့်မှန်းချက်တွေမှာလိုပဲ စိန်ခေါ်မှုတွေ ရှိနေသေးတာကို ADB ရဲ့ မကြာသေးခင်က အစီရင်ခံစာအသစ်မှာ ထပ်ပြီး သတိပေးထားသလို မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာသူတစ်ဦးကလည်း အဲဒီစိန်ခေါ်ချက်တွေကို ကျော်လွှားဖို့ လိုတယ်ဆိုတာ ထောက်ပြပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားတွေနဲ့ ကျော်လွှားရမယ့် စိန်ခေါ် မှုတွေအကြောင်း ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးအလားအလာဟာ ဆယ်စုနှစ်များစွာအတွင်း အတောက်ပဆုံး အခြေအနေမှာ ရောက်နေတယ်လို့ အခိုင်အမာ ပြောလိုက်သူကတော့ ADB ရဲ့ စီးပွားရေးပညာရှင်ချုပ် ချန်ယောင် ရီး (Changyong Rhee) ပါပဲ။ ရင်းနှီးမြှုပ်နှံမှု တွေ၊ ပြည်ပတင်ပို့တာတွေ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးအပေါ် အကောင်းမြင်ချက် အားလုံးဟာ အတက်ပြနေ တယ်လို့ ချန်ယောင် ရီးက ဆိုပါတယ်။
မြန်မာနိုင်ငံအပါအ၀င်ဖြစ်တဲ့ အရှေ့တောင်အာရှဒေသ ASEAN နိုင်ငံတွေမှာ သယံဇာတ ထုတ်ကုန်တွေနဲ့အတူ ကုန်ထုတ်လုပ် မှုတိုးတက်လာတာမို့ အာရှဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာမှာ ASEAN နိုင်ငံတွေက အဓိကကျတယ်လို့ မစ္စတာရီးက သုံးသပ်ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံက ၆% ကျော် သိသိသာသာ တိုးလာသလို၊ ဖိလစ်ပိုင်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ် ထဲမှာ ၆.၆% ရှိလာတာပါ။ မြန်မာနိုင်ငံကတော့ အရင်ကနဲ့မတူဘဲ ရင်းနှီးမြှုပ်နှံသူတွေအတွက် စွဲဆောင်မှုတွေ ရှိလာတာ တွေ့ရပြီး အာရှဒေသ စီးပွားရေး ကြီးထွားလာတာဟာ ၁၉၉၇ ခုနှစ်တုန်းကစလို့ အာရှဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်တာကြောင့်လို့လည်း ပြောလို့ရပါတယ်။”
မြန်မာနိုင်ငံရဲ့စီးပွားရေး ကိန်းဂဏန်းအတိအကျ ဘယ်လောက်နဲ့ တိုးတက်တယ်ဆိုတာကို ပြောဖို့ရာ အခက်အခဲရှိနိုင်ပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုးတက်လာတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူးလို့ သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ်က စီးပွားရေးပညာရှင် ရှောင်န် တာနယ်လ် (Sean Turnell) က ပြောပါတယ်။
အခုလို စီးပွားရေး တိုးတက်လာရတဲ့ အဓိကမောင်းနှင်အားအဖြစ် စီးပွားရေးပညာရှင် ရှောင်န် တာနယ်လ် မြင်တာကတော့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်တင်ပို့ရောင်းချတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ကောင်းလာတာကိုလည်း သူက ထောက်ပြပါတယ်။
“မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့တွေကို ကောင်းကောင်း ဆက်ပြီး တင်ပို့နေနိုင် တာက အဓိကအကြောင်းရင်းဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် ရာနှုန်း ၂၀ လောက်ကို တိုးလာခဲ့တာပါ။ နောက်တစ်ချက်ကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်လာကြတာကြောင့် ဖြစ်သလို နိုင်ငံခြားခရီးသွား ပိုတိုးလာ ခဲ့တာမို့ ပြီးခဲ့တဲ့နှစ်မှာတင်မကဘဲ လာမယ့်နှစ်တွေမှာလည်း ပိုပြီး ကောင်းလာမယ်လို့ ထင်ပါတယ်။”
ကုန်ထုတ်လုပ်မှုကဏ္ဍအပါအ၀င် ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုတဲ့ နိုင်ငံခြားကုမ္ပဏီအရေအတွက်ဟာ ၂၀၁၁ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ် မယ်ဆိုရင် သိသိသာသာတိုးတက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအထိ ဆယ်လအတွင်းမှာတင် မှတ်ပုံတင်တဲ့ ပြည်ပကုမ္ပဏီ အရေအတွက်ဟာ ၁၄ ဆနီးပါးရှိခဲ့တယ်လို့ ADB ရဲ့ ဧပြီလ ၉ ရက်နေ့စွဲနဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စီးပွားရေးကို တကယ်တမ်း အပြောင်းအလဲလုပ်လာတဲ့ အချိန်ကာလက သိပ်မကြာလှသေးတာမို့ အခုလောက် တိုးတက်မှုကို ဆက်ထိန်းထားပြီး ဒီ့ထက်ပိုတိုးတက်သွားနိုင်ဖို့ရာ စိန်ခေါ်မှုတွေရှိနေမှာကတော့ အသေအချာပါ။
အခုလက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ဘယ်လောက်ထိ ရေရှည် ဆက်သွားနိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးသလို စိန်ခေါ်မှုအများအပြား ရှိနေတယ်ဆိုတာကို ပါမောက္ခ ရှောင်န် တာနယ်လ်ကလည်း ထောက်ပြပါတယ်။
“ဘာ့ကြောင့်လည်းဆိုတော့ ဒီတိုးတက်မှုနှုန်းဟာ သယံဇာတအရင်းအမြင်တွေကို ထုတ်ယူတာ ဒါမှမဟုတ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလို အတော်လေး နိမ့်သေးတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကနေ ဖြစ်လာတာကြောင့်ပါ။ မြန်မာနိုင်ငံအနေနဲ့ စက်မှုနိုင်ငံတစ်ခုဖြစ်လာဖို့ စိန်ခေါ်မှုကြီးကတော့ အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုကုန်ထုတ်လုပ်ငန်းတွေ ထူထောင် နိုင်ဖို့ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီလုပ်ငန်းမျိုးတွေ ပေါ်လာဖို့အလားအလာ အများကြီးမတွေ့ရသေးပါဘူး။ ဒါတွေအားလုံး က နှစ်အတော်ကြာ အချိန်ယူရပါလိမ့်ဦးမယ်။”
ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲမှာ ADB က မီးမောင်းထိုးပြထားတဲ့ အဓိကစိန်ခေါ်မှုက နှစ်ခုရှိတာတွေ့ရပါတယ်။
မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးလုပ်ဆောင်တဲ့ အရှိန်အဟုန် အားနည်းသွားမယ် ဒါမှမဟုတ် မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်ဆန် တင်းမာမှုတွေ နောက်ထပ် အရှိန်မြင့်လာဦးမယ်ဆိုရင်တော့ အပြုသဘောဆောင် နေတဲ့အလားအလာဟာ အန္တရာယ်ရှိသွားနိုင်တယ်လို့ ADB က သတိပေးထားပါတယ်။
ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် အားနည်းသွားလို့မရဘူးဆိုတဲ့အချက်ကို ပါမောက္ခ ရှောင်န် တာနယ်လ်ကလည်း သဘောတူပါတယ်။
“ပြုပြင်ပြောင်းလဲရေးတွေ အများကြီး ပိုလုပ်ဖို့ တကယ့်ကိုလိုအပ်ပါတယ်။ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးလို၊ တရားဥပဒေစိုးမိုးရေးလို အခြေခံပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုသလို မူဝါဒချမှတ်တဲ့အပိုင်းမှာလည်း ပိုပြီ့း အခြေခံကျတဲ့အဆင့်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါလိမ့်မယ်။”
အစိုးရရဲ့ ရည်ရွယ်ချက်ကြီးမားလှတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေထွက်လာမယ့် ရလာဒ်တွေကို လက်တွေ့မြင်ရဖို့ ရာ နှစ်အတော် ကြာကောင်းကြာနိုင်ပေမဲ့လည်း နှစ်နှစ် သုံးနှစ်အတွင်း အကျိုးကျေးဇူးဖြစ်လာအောင် လုပ်ဆောင်သင့်တာတွေ ကို ADB ရဲ့ အစီရင်ခံစာမှာ အထူး အကြံပေး ဖော်ပြထားပါတယ်။
အဲဒါတွေထဲမှာ စီးပွားရေးမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ ပါဝင် လုပ်ဆောင်မှုကို တိုးမြှင့်တာ၊ အတိုးနှုန်းနဲ့ ငွေထုတ်ချေးတာတွေအပေါ် ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးတာတွေ ပါဝင်ပါ တယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေ မှတ်ပုံတင်တာနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတဲ့လုပ်ငန်းတွေ ကို လွယ်ကူရှင်းလင်းအောင်လုပ်ဖို့၊ စွမ်းဆောင်ရည်နိမ့်ကျတဲ့ ဓာတ်အားစနစ်ကို အဆင့်မြှင့်ဖို့၊ စိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာငွေကြေး ရယူနိုင်ဖို့နဲ့ တခြားဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးတာတွေဟာလည်း ရေတိုမှာ အကျိုးဖြစ်နိုင် တယ်လို့ ADB က အကြံပေးထားပါတယ်။
ရှေ့တိုးပြီး လုပ်ဆောင်သွားတာနဲ့အမျှ ဥရောပသမဂ္ဂ EU က အဆိုပြုထားတဲ့ မြန်မာနိုင်ငံက တင်ပို့ကုန်တွေအပေါ် အထူး အခွင့်အရေးပေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံက တင်သွင်းကုန်တွေကို အမေရိကန်ကပိတ်ပင်ထားတာ ဆိုင်းငံ့လိုက်တဲ့ကိစ္စတွေကနေ နိုင်ငံစီးပွားရေးအတွက် အကျိုးဖြစ်လာဖို့ရှိတယ်လို့ ADB က ဆိုပါတယ်။
၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဓာတ်ငွေ့တွင်းကြီး နှစ်ခုကနေ ဓာတ်ငွေ့စထုတ်မှာမို့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု နှစ်ဆတိုးလာမှာဖြစ်ပြီး တရုတ်နဲ့ ထိုင်းတို့လို သဘာဝဓာတ်ငွေ့ဝယ်ယူနေတဲ့ အဓိကဈေးကွက်ကြီးတွေဆီ ပိုရောင်းနိုင်မယ်လို့ ADB အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကြီးထွားလာနေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ ပိုတိုးပြီးရလာနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရားဝင် အထောက်အပံ့ တွေ၊၊ ၂၀၁၃ ခုနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံခွင့်လိုင်စင်နှစ်ခု ချပေးဖို့ စီစဉ်ထားတယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ အတူ တိုးပွားလာနေတဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း စီးပွားရေးကဏ္ဍလုပ်ဆောင်ချက်ကို အထောက်အပံ့ပေး သွားလိမ့်မယ်လို့ ADB အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday, 25 April 2013
အလားအလာကောင်းနဲ့ စိန်ခေါ်မှုပြည့်နေတဲ့ မြန်မာ့စီးပွားရေး
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
April
(585)
- Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထို...
- Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း
- Huawei U8825D Android Version 4.04 Root လုပ်နည်း
- Sony Xperia Miro
- iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)
- ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန...
- iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံြး...
- နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆို...
- Samsung Galaxy S III Mini မိတ်ဆက်ပြသ
- Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်
- ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မ...
- မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းန...
- မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များ...
- Huawei U8818 Version 2.3.6 Root လုပ်နည်း
- Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း
- Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Pas...
- မိုဘိုင်းဖုန်း Driver များစုစည်းမှု
- External Hard Disk ကို Mac မှာရော Windows PC တွေမှ...
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
- ၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့်...
- ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ
- အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ
- စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်
- မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ
- ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ...
- မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်...
- ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့...
- ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်...
- နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ...
- ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ...
- အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားေ...
- မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်
- မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သ...
- သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်
- ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွ...
- ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရေ...
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ...
- မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်...
- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျ...
- တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိ...
- အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ...
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူး...
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟေ...
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာန...
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ်...
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် ...
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာေ...
- သမ္မတ စာကြောင့် မီဒီယာများကို ဧရာဝတီတိုင်း လွှတ်တော်...
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ...
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ...
- မိုးအဝင် နောက် ကျမယ်
- ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်
- Facebook နိုင်ငံသား
- အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ
- ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှ...
- NLD ပါတီ လူငယ်ညီလာခံကျင်းပရန် စီစဉ်
- ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ
- ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်
- ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်...
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူ...
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို...
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလ...
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ေ...
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်...
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ...
- Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ
- Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated ...
- ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုဖြင့် ၀ယ်ယူ...
- Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူမျာ...
- တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်ဝင်ရောက်လာ
- ရွှေမိုဘိုင်းမှ ၎င်း၏ Website Application တစ်ခုဖြန့်ချ...
- iOS 6 Jailbreak ရရှိပြီးသော်လည်း အခက်အခဲအနည်းငယ်ရှိ
- သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ဧပြီလ...
- CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည...
- Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား
- LG Optimus L7 P700
- My Trip Tracker
- CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ
- ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား စေ...
- မြန်မာစာ အပြည့်အ၀အသုံးပြုနိုင်မည့် JAS မိုဘိုင်းဖု...
- Battery Doctor ဆိုတဲ့ Android Application လေးကိုမြ...
- ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထ...
- ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
- ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ ...
- ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀
- ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဝင်ပြိုင်နိုင်ရန် ဖွဲ့စည်း...
- လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို နိုင်ငံသား ဟုတ်၊ မဟ...
- အလွမ်းခိုး
- ကောင်မလေးအတွက်...........
- ယောက်ျားလေး / မိန်းကလေးတွေသိထားသင့်သော အချက်(၃၀)
- ဒါနတစ်ခုတည်းနဲ့လား...
- ရင်နှင့်ရင်း၍ ချစ်ခဲ့သော'
- မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက...
- 1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း
- အလားအလာကောင်းနဲ့ စိန်ခေါ်မှုပြည့်နေတဲ့ မြန်မာ့စီးပွာ...
- မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်...
- မြို့တွင်းလုံခြုံရေး ကင်မရာများ
- အမေရိကန် ကုန်သွယ်ရေးအရာရှိ မြန်မာနိုင်ငံရောက်
- မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိ...
- ဧရာဝတီတိုင်း တောင်သူ လယ်သမား ညီလာခံ တရပ်ကို
- အီးယူ ဆန်ရှင်အဖွင့် မြန်မာလုပ်ငန်းရှင်တွေ ရင်ဆိုင်...
- မြန်မာနိုင်ငံက မူဆလင်များအရေး အာဆီယံဆွေးနွေးဖို့ရှိ
- တောင်ဒဂုံရှိ တပ်ပိုင်မြေပေါ် အငှားချ နေထိုင်သူနှင့်...
- ပီအာရ်စနစ်ကို ဘယ်သူတွေက ဘာကြောင့် ကျင့်သုံးချင်ကြတာလဲ
- မုံရွာခရိုင်အတွင်း ရဲနဲ့ ဒေသခံတွေ တိုက်ခိုက်မှု ဖြစ...
- သံဃာတပါး အသတ်ခံရမှုအတွက် ဆက်လက်စစ်ဆေး (ရုပ်/သံ)
- ပြည်မြို့ က စစ်သားသုံးဦး လုယက်သတ်ဖြတ်ခံရသူ ဇာပန လု...
- သံလျင်ရေနံချက်စက်ရုံက သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရ...
- အင်းလေးဟိုတယ်ဇုန် မြေယာသိမ်းခံတောင်သူများ ကလောမြို...
- စောင်ရေအများဆုံး 7 Day နေ့စဉ်သတင်းစာ ထုတ်ဝေ
- တာချီလိတ်တွင် အသိမ်းခံထားရသည့်မြေများ အစားပြန်ပေးမည်
- မှော်ဘီ စိုက်ဘဏ်သို့ မိုးစပါးချေးငွေ ပေးဆပ်ရာတွင် ...
- လိင်ခရီးသွားလုပ်ငန်းကျိန်စာ မြန်မာရှောင်ရှားနိုင်မ...
-
▼
April
(585)
No comments:
Post a Comment