Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

LG Optimus L7 P700



Network
LG Optimus L7 ဖြစ်ပြီး နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေ ပေါင်းစပ်လာတဲ့အပြင် ပုံစံဒီဇိုင်းပိုင်းမှာလည်း ချောမွေ့လှပနေတာ တွေ့ရမှာပါ။ ကွန်ရက်ကတော့ GSM ကွန်ရက်စနစ်ကို အသုံးပြုရမှာဖြစ်ပြီး 2G, 3G ကွန်ရက်နှစ်မျိုးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Mini SIM စနစ်ဖြစ်တဲ့အတွက် SIM ကတ် ဖြတ်စရာတော့ မလိုပါဘူး။ 3G စနစ်အတွက် HSDPA, HSUPA အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာပါ။ ၀ါယာလက် အင်တာနက်စနစ်အတွက်လည်း WiFi စနစ် ပါဝင်ပါတယ်။ HSDPA အတွက်တော့ 21Mbps ရရှိမှာဖြစ်ပြီး HSUPA အတွက်တော့ 5.76Mbps ထိ ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုချိန်မှာ ရရှိနိုင်မယ့် Speed နှုန်းတွေပဲ ဖြစ်ပါတယ်။ Bluetooth ကတော့ 3.0 With A2DP စနစ်ဖြစ်ပြီး USB ကတော့ ၂.၀ စနစ် ဖြစ်ပါတယ်။

CPU & GPU
CPU ကတော့ 1 GHz Cortex-A5 CPU ကို အသုံးပြုပေးထားတာဖြစ်တဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက်အပိုင်းတွေနဲ့ ဖုန်းတွင်းစနစ်ပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှု ရှိနေမှာဖြစ်ပါတယ်။ နောက်ပိုင်းထွက် Dual Core, Quad-core ဖုန်းတွေထက်တော့ CPU နည်းနည်းနိမ့်ပါတယ်။ ပုံရိပ်ဖော်ဆောင်နိုင်မှု၊ ရုပ်ရှင်နဲ့ ဗီဒီယိုစနစ်တွေအပြင် အခြား ဂရပ်ဖစ်ပိုင်းဆိုင်ရာ ပုံဖော်နိုင်ခြင်း၊  ဂိမ်းများ အစရှိတဲ့ စနစ်တွေအတွက်  ဂရပ်ဖစ်  GPU  ကတော့  Adreno 200 GPU ကိုအသုံးပြုထားတာဖြစ်ပါတယ်။ GPU စနစ်ပိုင်းမှာ မြင့်မားတာကို တွေ့ရမှာပါ။

Camera
ကင်မရာကတော့ 5 Mega Pixel ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Pixel Resolution တွေအနေနဲ့ကတော့ 2592 x 1944 ထိ အသုံးပြုနိုင်မှာဖြစ်ပြီး ကင်မရာစနစ်ပိုင်းတွေအနေနဲ့လည်း အလင်းရောင်အတွက် LED Flash, ပုံရိပ်ကို အလိုအလျောက် သိရှိနိုင်မှုအတွက် Auto Focus, ဓါတ်ပုံရိုက်ချိန်မှာ တည်နေရာတွေကို မှတ်သားရိုက်ကူးနိုင်မယ့် Geo-tagging အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ ဗီဒီယိုစနစ်အတွက်လည်း အသုံးပြုနိုင်မှာဖြစ်ပြီး 1.3 Megapixel ရှိတဲ့ ရှေ့ကင်မရာ ပါဝင်ပါတယ်။ Dual ကင်မရာစနစ်ပါ။

Multimedia
SNS integration, Active noise cancellation with dedicated mic, DivX, MP4, WMV player, MP3, WAV, WMA, Document editor, Organizer, Google Search, Maps, Gmail, YouTube, Google Talk, Voice memo/dial/commands အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Dimension & Weight
ဖုန်းရဲ့အရွယ်အစားကတော့ အမြင့် 125.5mm ရှိပြီး ဘေးတိုက် မျက်နှာပြင်အကျယ်အ၀န်းကတော့ 67mm ရှိပါတယ်။ ထုကတော့ 8.7mm ရှိတဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစားတစ်ခုဖြစ်တယ်လို့ ဆိုနိုင်တဲ့ ဖုန်းပါပဲ။ ဒါကတော့ ဖုန်းတစ်ခုလုံးရဲ့ အကျယ်အ၀န်းနဲ့ အရွယ်အစားဖြစ်ပါတယ်။

Sensor & Chipset
ဖုန်းကို ခိုင်းစေတဲ့နေရာမှာ ဖုန်းရဲ့ အလိုအလျောက်သိရှိနိုင်မှု စနစ်တွေအတွက် Sensor စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတာ တွေ့ရမှာပါ။ ဖုန်းရဲ့ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor စနစ်တွေအပြင် ဖုန်းပြောနေချိန်မှာ Screen ကို အလိုအလျောက်ပိတ်ထားပေးမယ့် Proximity Sensor စနစ်၊ တည်ရပ်ညွှန်းထောင့်တွေကို တွက်ချက်ပေးနိုင်မယ့် Compass Sensor စနစ်တွေကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Chipset ကတော့ Qualcomm MSM7227A Snapdragon Chipset ကို အသုံးပြုထားတာ တွေ့ရပါတယ်။

OS
OS ကတော့ Android OS ကို အသုံးပြုထားတာဖြစ်ပြီး Version ကတော့ 4.0.3 Ice-cream Sandwich ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ 4.2.1 ကိုလည်း Upgrade ပြုလုပ်ခွင့်ပေးထားတာတော့ မတွေ့ရပါဘူး။

Screen
Screen Size ကတော့ 4.3 Inch ရှိပါတယ်။ Screen Pixel ကတော့ 480 x 800 pixels ဖြစ်ပါတယ်။ Screen အမျိုးအစားကတော့ IPS LCD Screen အမျိုးအစားပါ။

Memory
Internal Memory 4GB ပါဝင်ပြီးRAM အနေနဲ့တော့ 512RAM ပါဝင်ပါတယ်။ Memory ထပ်တိုးအသုံးပြုနိုင်ဖို့အတွက်တော့ Micro SD Card ကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး 32GB ထိ ထပ်တိုးအသုံးပြု နိုင်မယ်လို့ ဆိုထားတာတွေ့ရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့