Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် ငွေကျပ် သန်း ငါးသိန်းကျော် ရရှိခဲ့


အကောက်ခွန် ဦးစီးဌာနမှ စီမံ ဆောင်ရွက်မှုနဲ့ မော်တော်ယာဉ် အစားထိုး စီမံချက် အပါအ၀င် ပြည်ပမှ တင်သွားလာတဲ့ မော်တော်ယာဉ်များ အပေါ် လုပ်ငန်း
စတင် ဆောင်ရွက်သည့် ၂၀၁၁ အောက်တိုဘာလမှ ၂၀၁၃ ဧပြီလ အတွင်း စည်းကြပ် ကောက်ခံ ထုတ်ပေးပြီး ဖြစ်တဲ့ ယာဉ်စီးရေ ၁၆၀၂၃၁ စီး ရှိပြီ ဖြစ်ပါတယ်။ ဒီလို ကောက်ခံရာမှာ နိုင်ငံတော် အခွန်ဘဏ္ဍာငွေ အဖြစ် အကောက်ခွန် ၂၄၉၃၆၂.၅၁ သန်း၊ ကုန်သွယ် လုပ်ငန်းခွန် ၂၅၈၀၃၀.၂၁ သန်း၊ စုစုပေါင်း နိုင်ငံတော် ဘဏ္ဍာငွေ အဖြစ် ငွေကျပ် ၅၀၇၃၉၂.၇၂ သန်း ကောက်ခံရရှိပြီး ဖြစ်ပါတယ်။

ဒီလို ကောက်ခံရာမှာ ယခုလက်ရှိ ဧပြီလ အထိ ယာဉ်အို ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက် အတွက် ၆၈၁၇၁ စီး၊ ကားအရောင်းပြခန်းများ အတွက် ၃၅၂၃၅ စီး၊ သင်္ဘောသား ပါမစ်နဲ့ တင်သွင်းမှုများ အတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးရာ ၀န်ကြီးဌာန ပါမစ်ဖြင့် သွင်းသူ များအတွက် ၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်ဖြင့် ၇၂၈ စီး အပြင် ပြည်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် ၄၂ စီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပါမစ်ဖြင့် ၁၉၉၇ စီး၊ စစ်သံအမှုထမ်း ပါမစ်ဖြင့် ၁၀၈ စီးနဲ့ လွတ်လပ်စွာ ၀ယ်ယူသူ ပါမစ်ဖြင့် ၅၀၈၀၆ စီးတို့မှ ကောက်ခံရရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့