
iOS 6.1.2 အထိ Jailbreak ထွက်ရှိနေပြီး အဆိုပါ Jailbreak များ လုပ်ဆောင်ရာတွင် အခက်အခဲအနည်းငယ်ရှိကြောင်း သုံးစွဲသူနှင့် iPhone, iPad ပြုပြင်သူများ၏ ပြောကြားချက်အရ သိရသည်။
iPad အချို့တွင် keyboard တင်ရန်ခက်ခဲခြင်းနှင့် ယခင်ရရှိခဲ့သည့် setting အချို့ကိုပါ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။ ''Jailbreak ကို မြန်မာစာဖောင့်တစ်ခု ထည့်သွင်းရုံအတွက်တော့ မလုပ်သင့်ပါဘူး။ အခြား Crack Application သွင်းချင်တယ်။ iPhone ရဲ့ Setting အချို့ပြင်ဆင်ချင်တယ်ဆိုရင်တော့ Jailbreak လုပ်သင့်ပါတယ်။ လက်ရှိ setting အချို့ ပြင်ဆင်ချင်တယ်ဆိုရင်တော့ Jailbreak လုပ်သင့်ပါတယ်။ လက်ရှိ iOS 6.1.2 အထိကလည်း Jailbreak ရရှိနေပြီဆိုတော့ အခက်အခဲရှိတယ်ဆိုပေမယ့် သုံးစွဲသူတွေအတွက် အဆင်ပြေပါတယ်။ iOS 6.1.2 Version မြှင့်ထားမယ်ဆိုရင်တော့ Jailbreak ရရှိပြီးနေတဲ့အတွက် ကောင်းပါတယ်”” ဟု Win Star မှ ကျွမ်းကျင်သူကရှင်းပြသည်။ ““မြန်မာဖောင့်က မရတာမဟုတ်ပါဘူး။ ယခင် ““;”” နေရာမှာ ““ ' ”” ပုံဖြစ်နေတာပါ။ ““ ' ”” ကိုနှိပ်လိုက်မယ်ဆိုရင် မြန်မာစာရဲ့ ““;”” ပေါ်လာပါလိမ့်မယ်။ iPad တွေမှာ မြန်မာစာအခက်အခဲဖြစ်နေတာကတော့ ထည့်ထားတဲ့ဇော်ဂျီဖောင့်က ဗားရှင်းနိမ့်နေလို့လည်း ဖြစ်နိုင်ပါတယ်။ အချို့ iPad2 တွေမှာဆိုရင် ကီးဘုတ်ကထည့်ထားပေမယ့် လုံးဝမပေါ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အချို့ iPad2 တွေမှာဆိုရင် Version 6.1.2 ကိုတင်လိုက်ပြီး အနည်းငယ်လေးသွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကတော့ Hardware ပိုင်းဆိုင်ရာနဲ့ အနည်းငယ် ပတ်သက်နိုင်ပါတယ်။ ဒီလိုဖြစ်နေတာတွေကလည်း စပြီး Jailbreak ထွက်ရှိချိန်ဆိုတော့ အဆင်သင့်မဖြစ်သေးတဲ့အတွက်ကြောင့်ပါ။ အခက်အခဲရှိတယ်လို့ ပြောလို့ရသလို၊ အဆင်သင့်မဖြစ်သေးတဲ့အတွက် အနည်းငယ်လွဲနေတာပါပဲ။ အခြားတော့ သိပ်ထူးခြားမှုမရှိပါဘူး”” ဟု iMotion မှ ကျွမ်းကျင်သူက ဆက်လက်ရှင်းပြသည်။
No comments:
Post a Comment