Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်ရန် NEO Tech မှ စီစဉ်


iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်ရန် NEO Tech မှ စီစဉ်

ကမ္ဘာတစ်ဝန်းတွင် ရောင်းအား မြှင့်တင်လျက်ရှိသော Apple ၏ နောက်ဆုံးထုတ်ကုန်သစ် iPhone 5 ကို မြန်မာနိုင်ငံ၏ i Devices ချစ်သူများ ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံးပြုနိုင်ရန်အတွက် Neo Tech မှ ကြိုတင်မှာယူ စနစ်ဖြင့် ဈေးလျှော့ ရောင်းချပေးမည်  ဖြစ်ကြောင်း သိရသည်။ iPhone 5 (16 GB) ကို ကြိုတင်မှာယူ စနစ်နဲ့ ကျပ် ၈၉၉,၀၀၀ အထိ ဈေးချပြီး ရောင်းပေးသွားမှာပါ။ အရောင်ကတော့ အဖြူနဲ့အနက် နှစ်မျိုးလုံး ရနိုင်ပါတယ်။ Neo Tech မှာ ဝယ်ယူအားပေးတဲ့ Customer တွေ အတွက် Nano SIM Card အဖြစ် အသုံးပြုလို့ရအောင် အခမဲ့ ဝန်ဆောင်မှု ပေးသွားမှာပါ။ အခြား ဝန်ဆောင်မှုတွေ အတွက်ကတော့ အရင်နှုန်းအတိုင်းပဲ ဝန်ဆောင်ပေးသွားပါမယ်” ဟု Neo Tech မှ MD ကိုကျော်စွာဦးက ပြောသည်။ Neo Tech တွင် Apple ပစ္စည်းမျိုးစုံ၊ Accessories ပစ္စည်းမျိုးစုံ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းမျိုးစုံကို ဈေးနှုန်း မှန်ကန်စွာ ဝန်ဆောင်မှု ကောင်းမွန်စွာဖြင့် ရောင်းချပေးလျက်ရှိပြီး အသေးစိတ် စုံစမ်း သိရှိလိုသည်များကို Neo Tech (ရန်ကုန်) ဖုန်း ၃၉၈၁၉၉၊ ၇၁၀၇၅၂ နှင့် Neo Tech (မန္တလေး) ဖုန်း ၀၉ ၉၁၀၁၉၅၆၀ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။

ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခွင့်ရရှိက သတင်း ထုတ်ပြန်ထားသည့်အတိုင်း ဖုန်းတစ်လုံးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်းချပေးမည်ဟု  ရွှေပြည်တံခွန် ကုမ္ပဏီက ပြောသည်။ “လုပ်ကိုင်ခွင့် ရရှိဖို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက်လည်း အလုံးစုံနီးပါး ပြင်ဆင်ထားပြီးပါပြီ။ လောလောဆယ် ငါးထောင်နှုန်း သတ်မှတ်ထားပေမယ့် နောက်ပိုင်း အလကားပေး ဖို့အထိ ဆောင်ရွက်ပေးသွားမှာပါ” ဟု ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေး ကော်ပိုရေးရှင်းအတွက် ကုမ္ပဏီနှစ်ခုကို ရွေးချယ်ထားပြီး ကျန်ရှိနေသည့် ကုမ္ပဏီနှစ်ခုကို တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမည်ဟု သတင်းထုတ် ပြန်ထားသည်။ ယင်းခေါ်ယူမှုကို ယခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီများ လုပ်ကိုင်ခွင့်ကို လာမည့်နှစ်မှ စတင်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးထံမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့