Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

ရင်နှင့်ရင်း၍ ချစ်ခဲ့သော'


လှည့်စားခံရတယ်ဆိုတာ
ငါ့အတွက် အိပ်ရာဝင်ပုံပြင်သာသာပါ
ဒီလိုအတွေးနဲ့ နေတတ်စေဖို့
ကြိုးပမ်းရတော့လဲ
ဟောဒီရင်ဘတ်က တစ်ဆစ်ဆစ်နာတယ်
မင်းကတော့ အစားထိုးသီအိုရီတစ်ပုဒ်နဲ့
ခဏတစ်ဖြုတ် နားခိုသွားရုံလေးပါ
မင်းပေးတဲ့ အပေါ်ယံအလွှာကို
ယုံကြည်မိတော့လဲ
ဟောဒီရင်ဘတ်က တစ်ဆစ်ဆစ်နာတယ်
ဒီနေရာလေးကို အရောက်လာပါလို့
ခေါ်ခဲ့တဲ့သူကိုယ်တိုင်
ဒီနေရာလေးမှာ မရှိတော့ပေမယ့်
လက်ကျန်အငွေ့အသက်လေးတွေအတွက်
ဆက်လက်ရပ်တည်မိတော့လဲ
ဟောဒီရင်ဘတ်က တစ်ဆစ်ဆစ်နာတယ်

ချစ်တယ်ဆိုတဲ့ စကားက
အပြောင်အပြက် ပြောရတဲ့
စကားတစ်ခု မဟုတ်ဘူးဆိုတာ
မင်းကိုသိစေချင်တိုင်း
ဟောဒီရင်ဘတ်က တစ်ဆစ်ဆစ်နာတယ်
တမ်းတသတိရတဲ့စိတ်ကို
ဥပေက္ခာ ပြုခံရတိုင်း
လွမ်းတဲ့စိတ်လေးတွေအတွက်
နာစရာတွေ့တိုင်း
ဟောဒီရင်ဘတ်က တစ်ဆစ်ဆစ်နာတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့