
တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်အတွင်းသို့ ၀င်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဖုန်းများမှာ GSM စနစ်သုံး ဖုန်းအမျိုးအစားများဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁ သိန်း ၀န်းကျင်အတွင်းတွင်သာ ရှိမည်ဖြစ်ပြီး ဖုန်း၏မော်ဒယ်မှာ GMG G22 ဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းများမှာ HTC \ Screen ပုံစံများဖြင့် ဆင်တူပြီး အသုံးပြုသူများအတွက် အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်း၏ CPU မှာ 1GHz CPU ဖြစ်ပြီး Screen အရွယ်အစားမှာ 4.3 ရှိသောကြောင့် အရွယ်အစားမှာလည်း ကောင်းမွန်သော ဖုန်းဖြစ်သည်။ ဖုန်းတွင်းမှတ်ဉာဏ်အနေဖြင့် 512MB RAM စနစ် ပါဝင်မည်ဖြစ်ပြီး နောက်ထပ် မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်မည်ဖြစ်သည်။ Dual Sim စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး GSM နှင့် WCDMA စနစ်နှစ်ခုကို အသုံးပြုနိုင်မည်ဖြစ်သည်။ WiFi စနစ်၊ Bletooth စနစ်၊ Music & Multimedia စနစ်များကိုလည်း အသုံးပြုနိုင်မည်ဖြစ်ပြီး ကင်မရာစနစ်မှာလည်း ရှေ့ကင်မရာစနစ်ပါဝင်သော Dual ကင်မရာစနစ် ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် 450 မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
No comments:
Post a Comment