Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များပြားလာသဖြင့် ငွေကြေး ကောက်ခံမှု နှုန်းထားများ လျှော့ချသွားရန် စီစဉ်


မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များပြားလာသဖြင့် ငွေကြေး ကောက်ခံမှု နှုန်းထားများ လျှော့ချသွားရန် စီစဉ် 

ပြည်တွင်း အင်တာနက် အသုံးပြုသူများသည် CDMA 800 MHz၊ GSM၊ WCDMA အစရှိသည့် မိုဘိုင်းဖုန်းများမှတစ်ဆင့် အင်တာနက် အသုံးပြုသူ ဦးရေမှာ လက်ရှိ သုံးသိန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း  ADSL စနစ်ဖြင့် အင်တာနက် အသုံးပြုသူ ဦးရေမှာလည်း လေးသောင်းခြောက်ထောင်ကျော်မျှ ရှိလာပြီ ဖြစ်ကြောင်း၊ ယခုကဲ့သို့ အင်တာနက် အသုံးပြုသူဦးရေ များပြားလာခြင်းကြောင့် အင်တာနက် အသုံးပြုမှု ကောက်ခံသော ငွေကြေး နှုန်းထားများအား တာဝန်ရှိသူတို့က လျှော့ချ ကောက်ခံသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ADSLစနစ်ဖြင့် အင်တာနက်အသုံးပြုမှုမှာ ယခုနှစ်တွင် မြို့ကြီး (၆၄) မြို့၌ လိုင်းအင်အား (၄၆၇) လိုင်းအထိ တိုးချဲ့အသုံးပြုလာပြီ ဖြစ်ပြီး အင်တာနက် အသုံးပြုရာတွင် မြန်ဆန်ရေး ဆက်ကြောင်း ရရှိမှုအပေါ် မူတည်၍ လက်ရှိ ကောက်ခံလျက်ရှိသော ငွေကြေးနှုန်းထားအတိုင်း အမြန်နှုန်းများ တိုးမြှင့်ပေးခဲ့ပြီး ငွေကြေး ကောက်ခံမှု နှုန်းထားများအား လျှော့ချကောက်ခံသွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ International Internet Kaokbone Link (၁၀) ဖြင့် ဂျပန်၊ အမေရိကန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ် (တိုင်ပေ)၊ Europe နိုင်ငံများသို့ Sea Meule 3၊ Satellite၊ Cross Border Fiber Link များဖြင့် ချိတ်ဆက်ထားကာ 13.88 Glops အထိ တိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့