Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

Samsung Galaxy S III Mini မိတ်ဆက်ပြသ


  Samsung Galaxy S III Mini မိတ်ဆက်ပြသ


တောင်ကိုရီးယား နည်းပညာ လုပ်ငန်းကြီး Samsung က Galaxy S III စမတ်ဖုန်း၏ Mini Version ကို ယနေ့ မိတ်ဆက် ပြသလိုက်ပြီ ဖြစ်သည်။ Galaxy S III mini ဖုန်းလေးသည် HD ရုပ်ထွက် အရည်အသွေးရှိသော Touchscreen နှင့် ပွဲထွက်လာသည်။ Screen အရွယ်အစားမှာ (၄) လက်မဖြစ်ရာ ၎င်း၏ နောင်တော် Galaxy S III ထက် အရွယ်အစား သိသာစွာ သေးငယ်သွားသည်။ ထို့အပြင် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များမှာလည်း Galaxy S III ထက် နိမ့်ကျလာသည်။ Screen ၏ Resolution မှာ 800x480 သာ ရှိပြီး Galaxy S III တွင်မူ 1280X720 ဖြစ်သည်။ ကင်မရာသည် Galaxy S III တွင် 8mp ရှိသော်လည်း mini တွင်မူ 5mp အဆင့်သာ တပ်ဆင်ထားသည်။

Galaxy S III ၏ မြန်နှုန်းမြင့် Dual-Core 1.5GHz Processor အစား mini တွင် 1GHz မြန်နှုန်းသို့ အဆင့်နှိမ့်ထားကြောင်းလည်း သိရသည်။ "ခုလို mini ဖုန်းပါ ထုတ်ရတာက ဝယ်ယူသူတွေ အနေနဲ့ ပိုပြီး ရွေးချယ်ခွင့် ရှိစေချင်လို့ပါ" ဟု Samsung က ပြောကြားခဲ့သည်။ Samsung သည် ဖုန်းနှင့် ပတ်သက်ပြီး စတင်ရောင်းချမည့် နေ့ရက်၊ ဈေးနှုန်းတို့အကြောင်း လေသံမဟသေးချေ။ mini ၏ Screen သည် Apple မှ ထုတ်လုပ်သော iPhone 5 နှင့် အရွယ်အစား တူညီကြောင်း သိရသည်။
လက်ရှိတွင် Samsung နှင့် Apple တို့မှာ မူပိုင်ခွင့် ကိစ္စအတွက် အပြန်အလှန် တရားစွဲရင်း အပြင်းအထန် ပြိုင်ဆိုင်နေကြသည်။ လက်ရှိတွင် mini နှင့် ပတ်သက်သော ကောက်ချက်များမှာ အကောင်းဆုံး အခြေအနေတွင် မရှိသေးချေ။ လော့စ်အန်ဂျလိစ်တိုင်းမ် သတင်းစာက 4G ကွန်ရက်နှင့် ချိတ်ဆက်ရာတွင် mini ၏ စွမ်းရည်မှာ အထင်ကရ အမှတ်တံဆိပ် ဖုန်းတစ်လုံးအဖြစ်သို့ တက်လှမ်းရန် လက်ခံနိုင်စရာ မရှိဟု ဝေဖန်ထားသည်။ mini သည် Galaxy S III တွင် ပါဝင်သည့် Software ထောက်ပံ့မှု အများအပြား ပြန်လည် ထည့်သွင်းပေးထားသည်။

OS အဖြစ် Andriod ၏ နောက်ဆုံးထုတ် Jelly Bean ကို အသုံးပြုထားပြီး S Voice နှင့် Smart Stay ကဲ့သို့ Software ထောက်ပံ့မှုများ ပါဝင်လာသည်။ ထို့အပြင် Direct Call Feature အရ သူငယ်ချင်း တစ်ဦးထံမှ Message ကို ဖတ်နေရင်း နားတွင် ကပ်လိုက်သည်နှင့် ထိုသူထံ ဖုန်းခေါ်နိုင်မည် ဖြစ်သည်။ S Beam က Galaxy S III စီးရီးဖုန်းများနှင့် Galaxy Note II ကိုင်ဆောင်သူများကြား သီချင်းများ မျှဝေစေနိုင်ရန် ကူညီပေးမည်ဟု ဆိုသည်။

Samsung ၏ IT နှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဌာနမှ အကြီးအကဲ ရှင်ဂျွန်ကွန်းက "တချို့က ခုဖုန်းသစ်ကို Galaxy S III အနိမ့်စားလို့ မြင်ကြတယ်။ ကျွန်တော်တို့ကတော့ mini ကို သီးခြား ဖုန်းအမျိုးအစားတစ်ခု အဖြစ်ပဲ သတ်မှတ်ချင်ပါတယ်" ဟု ပြောကြားသွားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့