Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

Sony Xperia Miro

Sony Xperia Miro

Sony က အသစ်ထုတ်လုပ်လိုက်သည့် မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်သည်။  ၂၀၁၂ စက်တင်ဘာလပိုင်းက ဈေးကွက်သို့ စတင် ဖြန့်ချိလိုက်သည့် ဟန်းဆက်ဖြစ်ပြီး GSM လိုင်းဖြင့် ချိတ်ဆက်သုံးရမည်။ စကရင်အကျယ်  3.5 လက်မ ရှိသည်။ Andriod ၏ နာမည်ကြီး OS Ice Cream Sandwich Version 4.0 ဖြင့်  အင်ဂျင် ခုတ်မောင်းပေးပြီး Application အသုံးပြုမှုကို မြန်ဆန် ကောင်းမွန်မှုရှိစေရန်အတွက် 800MHz Cortex A5 CPU ဖြင့် ထောက်ပံ့ လုပ်ဆောင်ပေးသည်။ ပုံရိပ်များ ရိုက်ကူးမှတ်တမ်းတင်နိုင်ရန် အတွက် 5MP အဆင့် ကင်မရာ ပါရှိသည်။ Data အချက်အလက်များ သိုလှောင်သိမ်းဆည်းနိုင်ရန် အတွက် Internal  Memory 4GB Storage, 512 MB Ram များ အသင့်ပါရှိသည်။ 1500 mAh ရှိ Li-Ion ဘက်ထရီဖြင့် ဖွဲ့စည်းထားပြီး Stand-by အဖြစ် နာရီ ၄၀၀ ကျော်နှင့် ဖုန်းဆက်တိုက် ပြောဆိုခြင်းအတွက် ၅ နာရီကျော် သုံးနိုင်မည်။ ဈေးနှုန်း- ၁၆၉၀၀၀ ကျပ်ဖြင့် Today's Mobile ဖုန်းအရောင်းဆိုင်တွင် ဝယ်ယူနိုင်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့