Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 29 April 2013

အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ကျော် ပြန်လည် ပေးလျော်ခဲ့


မြန်မာ့ အာမခံ လုပ်ငန်းမှ သတင်း ထုတ်ပြန်ချက်များ အရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ၀င်ငွေမှာ
ကျပ်သန်း ၁၅၀၈.၁၆ သန်းဖြစ်ပြီး၊ လျော်ကြေးငွေမှာ ၁၆၃.၈၈ သန်း ပြန်လည် ပေးလျော် ခဲ့တယ်လို့ သိရပါတယ်။ အလုံးစုံ မော်တော်ယာဉ် အာမခံဟာ မိမိသဘော ဆန္ဒအလျောက် ထားရှိနိုင်တဲ့ အာမခံ အဖြစ် ထားရှိ ထားတဲ့ ယာဉ်ထိခိုက်မှု ဖြစ်ပါက မိမိယာဉ် အပါအ၀င် အခြားသူများရဲ့ အသက် ဆုံးရှုံးမှု ထိခိုက် ဒဏ်ရာ ရရှိမှုများနဲ့ ပစ္စည်း ပျက်စီးဆုံးရှုံးမှုများ အတွက် နစ်နာကြေးရ ရှိနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အလုံးစုံ မော်တော်ယာဉ် အာမခံကို တရားဝင် မှတ်ပုံတင် ထားတဲ့ မော်တော် ယာဉ်များနဲ့ ၀န်ချီစက်၊ မြေတူးစက်၊ မြေညှိစက်၊ မော်တော်ဆိုင်ကယ်၊ မီးသတ်ယာဉ်၊ လူနာတင် ယာဉ်စတဲ့ ယာဉ်အမျိုးအစားများ အာမခံထားရှိ နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်ပိုင်ယာဉ် တစ်စီး အာမခံ ထားရှိပါက ကျသင့် ပရီမီယံ နှုန်းမှာ ၁ ရာခိုင်နှုန်းခန့်နဲ့ အငှားယာဉ်ဖြစ် ပါက ၁.၅ ရာခိုင်နှုန်းခန့် သာရှိကြောင်း သိရှိရပါတယ်။ အဆိုပါ အာမခံမှုမှ ရရှိနိုင်တဲ့ အကာအကွယ် များမှာ ယာဉ်မတော်တဆ ထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်း၊ ယာဉ်ပေါ်သို့ ပစ္စည်း တစ်ခုခု ပြုတ်ကျခြင်း၊ မီးလောင်ပျက်စီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ ယာဉ်မှအလိုအလျောက် မီးလောင်ခြင်း၊ ပြင်ပ မီးကူးစက် လောင်ခြင်းနဲ့ အခြားသော ပေါက်ကွဲမှု တို့ကြောင့် ယာဉ်ပျက်စီးခြင်း၊ ရေလမ်း၊ ကုန်းလမ်းနဲ့ သယ်ယူ ပို့ဆောင်စဉ် ပျက်စီးခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့