Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည်ဖြစ်သော ရေစိုခံအကြမ်းခံဖုန်း မကြာမီရောက်ရှိမည်




CDMA 800 MHz စနစ်နှင့် GSM စနစ်နှစ်ခုအား တစ်ပြိုင်နက်တွဲဖက်အသုံးပြုနိုင်မည်ဖြစ်ကာ ရေစိုခံ၊ အကြမ်းခံသော ဖုန်းအမျိုးအစားသစ်တစ်ခု မကြာမီအချိန်အတွင်း ဈေးကွက်အတွင်း တင်သွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖုန်းမှာ GMG i1 အမျိုးအစားဖြစ်ပြီး ဖုန်း၏ပုံစံဒီဇိုင်းမှာ  စက်ရုပ်တစ်ခုနှင့်ဆင်တူမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါဖုန်းမှာ ပါးလွှာပေါ့ပါးပြီး အကြမ်းခံ၊ ရေစိုခံနိုင်သည့်အပြင် လိုင်းဆွဲအားနှင့် ဖုန်းလုပ်ဆောင်ချက်အပိုင်းများတွင်လည်း အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းမှာ Android OS ဖုန်း အမျိုးအစားတစ်ခုဖြစ်ပြီး Version 4.0.4 ICS အမျိုးအစားဖြစ်ကာ ဖုန်း၏ CPU မှာလည်း Core2 duo CPU အမျိုးအစားကို အသုံးပြုထားကြောင်းသိရသည်။ ဖုန်းတွင်းမှတ်ဉာဏ်စနစ်အနေဖြင့် 1GB RAM နှင့် 512MB ROM စနစ်များ ပါဝင်မည်ဖြစ်ပြီး Five Finger Multi Touch စနစ်ကို အသုံးပြုနိုင်မည်ဖြစ်သောဖုန်းဖြစ်သည်။ Screen အရွယ်အစားကတော့ 4.5 လက်မ ရှိမည်ဖြစ်ပြီး Screen Resolution အနေနဲ့တော့ 540x960 Pixel ရှိမည်ဖြစ်သည့်အပြင် AMOLED Screen ကို အသုံးပြုထားသောကြောင့် ကောင်းမွန်သောမြင်ကွင်းကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဖုန်းတွင် 5Megapixel ရှိသော ကင်မရာ ပါဝင်မည်ဖြစ်ပြီး 1.3Megapixel ရှိသော ရှေ့ကင်မရာပါဝင်သောကြောင့် Dual ကင်မရာစနစ်သုံး ဖုန်းအမျိုးအစား ဖြစ်သည်။ ၎င်းဖုန်းအား မကြာမီ ဈေးကွက်အတွင်းသို့ ဖြန့်ချိပေးသွားတော့မည်ဖြစ်ပြီး ပုံစံဒီဇိုင်းလှပသေသပ်ကာ အကြမ်းခံသောဖုန်းအမျိုးအစားတစ်ခုဖြစ်မည်ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့