Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 April 2013

ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား ဈေးကွက်ဝင်ရောက်လာ


ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန်အတွက် ဖုန်းတွင်းစနစ်ပိုင်းများ ကောင်းမွန်သော Quad-core CPU စနစ်သုံး ဖုန်းအမျိုးအစားတစ်ခု ဈေးကွက်အတွင်းသို့ ၀င်ရောက်လာကြောင်း သိရသည်။
အဆိုပါဖုန်းမှာ ThL W8 ဖုန်း အမျိုးအစားဖြစ်ပြီး Quad-core 1.2GHz CPU ကို အသုံးပြုပေးထားသော ဖုန်းဖြစ်သည်။ ဂရပ်ဖစ်စနစ်အတွက်လည်း PowerVR SGX 544MP GPU ကို အသုံးပြုထားကာ Screen Resolution ကောင်းမွန်ပြီး ရုပ်ထွက်ပုံရိပ်ဖော်ဆောင်မှု စနစ်ပိုင်းများ aကာင်းမွန်သော ဖုန်းအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရသည်။ ဖုန်း၏ Screen အရွယ်အစားမှာ ၅.၀ လက်မရှိပြီး ပုံစံဒီဇိုင်းမှာလည်း လှပသေသပ်သော Touch Screen ဖုန်းအမျိုးအစားဖြစ်သည်။ GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Android OS Version 4.1.2 ကို အသုံးပြုထားကာ အင်တာနက်စနစ်များအတွက်လည်း EDGE, GPRS, HSDPA, HSUPA စနစ်များကို အသုံးပြုနိုင်မည်ကြောင်း သိရသည်။ ၀ါယာလက် အင်တာနက်စနစ်အတွက်လည်း WiFi စနစ် ပါဝင်ပြီး Bluetooth 2.0, USB 2.0  များကို အသုံးပြုထားသောဖုန်းဖြစ်သည်။ ဖုန်းတွင်းမှတ်ဉာဏ်အတွက်လည်း 8GB ROM, 1GB RAM စနစ်ပါဝင်ပြီး IPS Screen, Camera, Multimedia အစရှိသော စနစ်ပိုင်းများ ပြည့်စုံကောင်းမွန်သော ဖုန်းအမျိုးအစားဖြစ်ကြောင်း သိရသည်။ ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့