Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 20 October 2013

ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှစ်ဆန်းပိုင်း စတင်နိုင်မည်

ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှစ်ဆန်းပိုင်း စတင်နိုင်မည်

ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခုဖြစ်သည့်အပြင် အကြီးမားဆုံး လေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန်အတွက် ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။...

အဆိုပါ ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့သည် တည်ဆောက်ရေး ကန်ထရိုက် စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဒုတိယအကြိမ် ညှိနှိုင်းမှုတွေ လုပ်ပြီးသွားပါပြီ။ ညှိနှိုင်းဆွေးနွေးပွဲတွေ သုံးကြိမ်ပြုလုပ် သွားမှာဖြစ်ပြီး၊ နိုဝင်ဘာ လဆန်းလောက်ဆိုရင် အပြီးသတ် ညှိနှိုင်းမှု ပြီးဆုံးမှာပါ။ တည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၁၄ နှစ် ဆန်းပိုင်းမှာ စတင်နိုင်မှာပါ" ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံမှ Incheon Airport ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ် စည်းကမ်းချက်များနှင့် ကွဲလွဲချက်အချို့ ဖြစ်ပေါ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံမှ Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များပေါ် အခြေပြု၍ လက်တွေ့တည်ဆောက်ရာတွင် လိုအပ်မည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ဟံသာဝတီ လေဆိပ်သစ် ပုံစံငယ် ဒီဇိုင်းအား တွေ့ရစဉ်
See More
ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး 
လုပ်ငန်းများ ၂၀၁၄ နှစ်ဆန်းပိုင်း စတင်နိုင်မည်



ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် 
စတင်နိုင်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု 
ဦးစီးဌာနမှ သိရသည်။



မြန်မာနိုင်ငံ၏ အဓိက ၀င်ပေါက်တစ်ခုဖြစ်သည့်အပြင် အကြီးမားဆုံး လေဆိပ်အဖြစ် 
သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တည်ဆောက်ရန်အတွက် 
ကိုရီးယားနိုင်ငံမှ Incheon Airport Consortium အား ရွေးချယ်ခဲ့သည်။



အဆိုပါ ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု 
ဦးစီးဌာနတို့သည် တည်ဆောက်ရေး ကန်ထရိုက် စာချုပ်ချုပ်ဆိုရန် 
ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။



"ကျွန်တော်တို့ ဒုတိယအကြိမ် ညှိနှိုင်းမှုတွေ လုပ်ပြီးသွားပါပြီ။ 
ညှိနှိုင်းဆွေးနွေးပွဲတွေ သုံးကြိမ်ပြုလုပ် သွားမှာဖြစ်ပြီး၊ နိုဝင်ဘာ 
လဆန်းလောက်ဆိုရင် အပြီးသတ် ညှိနှိုင်းမှု ပြီးဆုံးမှာပါ။ တည်ဆောက်ရေး 
လုပ်ငန်းတွေကို ၂၀၁၄ နှစ် ဆန်းပိုင်းမှာ စတင်နိုင်မှာပါ" ဟု 
လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် 
ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။



ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံမှ 
Incheon Airport ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု 
ဦးစီးဌာနတို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ် 
စည်းကမ်းချက်များနှင့် ကွဲလွဲချက်အချို့ ဖြစ်ပေါ်နေကြောင်း 
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။



ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံမှ 
Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က 
စည်းကမ်းချက်များပေါ် အခြေပြု၍ လက်တွေ့တည်ဆောက်ရာတွင် လိုအပ်မည့် 
အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် 
စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း
 လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် 
ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။         



ဟံသာဝတီ လေဆိပ်သစ် ပုံစံငယ် ဒီဇိုင်းအား တွေ့ရစဉ်

Sunday 13 October 2013

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင် ပြင်ဆင် ဆောင်ရွက် နေတာ တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေး ပါတီတွေနဲ့ ဒီနေ့တွေဆုံပြီး ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြ ထားပါတယ်။


၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)  


၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်မရှင် ဥက္ကဌပြော

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လိုအပ်တဲ့အခြေခံမူတွေကို ဒီနှစ် ဒီဇင်ဘာလမှာ အပြီးရေးဆွဲမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။

၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလို ခါးသီးတဲ့ အတွေ့အကြုံမျိုးတွေ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မကြုံရအောင် ကြိုးစားသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကလည်း လွန်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ မဲမသမာမှုတွေ၊ ကြိုတင်မဲပြဿနာတွေကို လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဖြစ်အောင်ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံနိုင်ဖို့ ပေးသွင်းရတဲ့ ငွေကျပ် ၅သိန်းနဲ့ ရွေးကောက်ပွဲနောက်ပိုင်း တရားစွဲချင်တဲ့အခါ ပေးရတဲ့ငွေကျပ် ၁ဝသိန်းတို့ကိုလျှော့ပေးဖို့ တင်ပြခဲ့ကြပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေး ပါတီ ၃၆ ပါတီက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ 

အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း

နောင်ချိုမြို့နယ် ဂယ်လောင်း စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းမှ မြင်ကွင်း ဓါတ်ပုံများ





















 ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ဂယ်လောင်းစိုက်ပျိုးမွေးမြူရေးအကျဉ်းစခန်းမှဦးစီးအရာရှိသည် ကိုယ်ကျိုးစီးပွားရှာဖွေမှု၌ ပြစ်ဒဏ်ကျအကျဉ်းသားများ၏လုပ်အားများကို  အဓမ္မစေခိုင်းအမြတ်ထုတ်မှုများရှိနေ ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ် ဂယ်လောင်းအကျဉ်းစခန်း၌ အကျဉ်းသား ၁၈၃ ယောက်ရှိပြီး ကြံ ၊ ပြောင်းစိုက်ဧက ၁၅၀ခန့်အားလုပ်ကိုင်ရန်ပြစ်ဒဏ်ချထားခြင်းဖြစ်သော်လည်း ဦးစီးအရာရှိ သည်နယ်မြေလုပ်ငန်းရှင်များ ၏လုပ်ကွက်များ၌ အငှားချစေခိုင်း၍ လုပ်အားအမြတ်ထုတ်မှုများရှိနေကြောင်း၊မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွား အတွက် သစ်များကို ဥပဒေမဲ့ခုတ်ဖြတ်၍ ထင်းအဖြစ်ရောင်းချခြင်း၊မီးသေွးဖုတ်ခြင်းဖြင့်အကျိုးစီးပွားဖြစ်ထွန်းနေ ကြောင်း၊ပြစ်ဒဏ်ကျအကျဉ်းသားများ အနေဖြင့်အဓမ္မစေခိုင်း၍လုပ်အားအမြတ်ထုတ်ယူခြင်းခံနေရသော်လည်း အကျိုးခံစားခွင့် လုံးဝမရှိသည့်အပြင် လုပ်ငန်းမအောင်မြင်ပါက ထပ်တိုးပြစ်ဒဏ်များပါ ခံစားကြရကြောင်း ၊ပြန်လည်အောင်မြင်မှူရရှိမှသာ ပြစ်ဒဏ် ပြန်ဖြုတ်ပေးကြောင်း သိရှိရပါသည်။

အကျဉ်းသားများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်ပြင်နေ့စဉ်လုပ်ငန်းလုပ်ကိုင်နေရခြင်း ကြောင့် ကျန်းမာရေးချို့တဲ့လာပါကလည်း နားနေခွင့်မရှိဘဲ ရိုက်နှက်စေခိုင်းမှုများပင်ရှိကြောင်း သိရှိရပါသည်။ ”အကျဉ်းစခန်းမှာ အကျဉ်းသား ၁၈၃ ယောက်ရှိပါတယ်။ ကြံနဲ့ပြောင်းစိုက်ဧက ၁၅၀ အတွက် လုံလောက်တဲ့ အင်အားဖြစ်အောင် ချပေးထားတာပါ။ ဒါပေမယ့် နယ်ခံတွေရဲ့လုပ်ကွက်တွေမှာထမင်းကျွေး ၂၅၀၀ိ/။ ထမင်းမကျွေးရရင် ၃၀၀၀ိ/ ကျပ်ဆိုပြီးလုပ်အားတွေကိုအငှားစေခိုင်းနေပါတယ်။တစ်နေ့ ၃၀ ဦးပျမ်းမျှနဲ့ ဆို တစ်လ သိန်း၂၀ ကျော် အစိတ်လောက်ရနေတယ်။ ဒါပေမယ့် အကျဉ်းသားတွေအတွက်ကတော့ ဘာခံစားခွင့်မှမရရှိတဲ့အပြင် အစားအသောက်တောင်မှ ရပိုင်ခွင့်အပြည့်မပေးထားပါဘူး “ဟု(အ.က.စ)ဝန်ထမ်း တစ်ဦးမှပြောပြပါသည်။

၎င်းပြစ်ဒဏ်ကျ အကျဉ်းသားများအား မြန်မာနိုင်ငံအကျဉ်းဦစီးဌာနမှ လုပ်အားရှင်(Labour)ဟုသတ် မှတ်၍ နိုင်ငံတော်လုပ်အားရှင်နှုန်းထား တစ်နေ့ ၂၀၀ိ/ ကျပ်နှင့်နေ့စဉ်ရိက္ခာစို ထောက်ပံကြေး ၂၀၀ိ/ ကျပ် ပေးထားသော်လည်း အကျဉ်းသားများ အနေဖြင့် နံနက်စာ ဆန်ပြုတ်ဖြင့်ပင်လုပ်ငန်းခွင်ဝင်ကြရပြီး နေ့လည်စာ  စားသုံးချိန်၌ပဲဟင်း(ရည်ကြဲ)တစ်ခွက်၊ငါးပိကြော်(ငါးပိအကျက်)တစ်ဇွန်း၊ညနေဟင်းအဖြစ်ဟင်းရွက်ရည်ကြဲတစ် ခွက် ကိုသာရရှိကြောင်း၊ နိုင်ငံတော်မှအသားစားရက်နှစ်ရက်သတ်မှတ်ပေးထားပြီး ထိုအသားစာရက်များ အတွက် ငါးနက်ကျော် ငါးဖြင့်သာ ပုံစံကြအမြဲစားနေရကြောင်းသိရှိရပါသည်။

“ငါးနက်ပြာငါးက ဈေးအချိုဆုံးပဲလေ။တစ်ပိဿာ ၁၅၀၀ိ/ နှုံးနဲ့ မြစ်ဆိပ်က အပါတ်တိုင်းဝယ်ရတယ်။ လူ (၁၈၃)ယောက်အတွက်(၁၃)ပိဿာပေါ့။ဒါက သူတို့အတွက် မပြောင်းလဲနိုင်တဲ့ ဟင်းကောင်းတစ်ခွက်ပါဘဲ” ဟု ၎င်းမှထပ်မံပြောပြပါသည်။

“ဝက်ဝံထုံးထင်းတစ်နေ့နှစ်ခေါက် ထုတ်ရောင်းပါတယ်။ဝက်ဝံထုံးထင်းက တစ်စီးကို၅၀၀၀၀ိ/ဆိုတော့ လေ၊တစ်နေ့နှစ်ခေါက်ကတော့ပုံမှန်ဘဲ။ ဒါတွေကိုတော့(Welfare) ဝါးဖဲအတွက်လို့ပြောပါတယ်။ ဝန်ထမ်းဖူလုံ ရေးပေါ့၊ဒါပေမယ့်အရာရှိတွေမှ၃၀၀၀၀ိ/- ၅၀၀၀၀ိ/ ဆိုတာ အများဆုံးပေးတဲ့လပါ။အခြားအဆင့်ဝန်ထမ်းတွေဆို တစ်သောင်းနှုံးဘဲ ရပါတယ်”ဟုဆိုသည်။

မြန်မာနိုင်ငံသည် Clean Government (သန့်ရှင်းသောအစိုးရ)ဟု သုံးနှုံး၍ ပြုပြင်ပြောင်းလဲရေးသို့ ဖော်ဆောင်နေသော်လည်းနောက်ပြန်ဆွဲလိုသောမိမိအကျိုးစီးပွားတစ်ရပ်တည်းသာရှေးရှုနေသော ဝန်ထမ်းများ အားဖော်ထုတ်အရေးယူမှုများသည် နည်းပါးနေသေးသောကြောင့် အခြေခံပြည်သူများအနေနှင့် စစ်မှန်သော ပြောင်းလဲမှုများကို မခံစားကြရသေးခြင်းပင်ဖြစ်သည်။

“ကြင်နာမှု ရှိပါ။
ရပ်တည်ချက်ခိုင်မြဲပါ “
ဆိုသောအကျဉ်းဦးစီး၏ဆောင်ပုဒ်နှင့်အညီ ယနေ့အကျဉ်းသားများ၏ဘဝကို ထပ်တူကျစေချင်ပါသည်။

Friday 11 October 2013

တောင်ငူမြို့ တည်းခိုခန်းတွင်ဗုံးပေါက်ကွဲနှစ်ဦးသေ

 ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ (၁၇)ရက်ကွက်၊ ကန်လမ်းရှိ၊ ချမ်းမြေ့တည်ခိုခန်း ခန်းနံပါတ်(၅)တွင်
(၁၁.၁၀.၂၀၁၃)နေ့ည (၉း၃၀)အချိန်ခန့်က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ချမ်းမြေ့တည်းခိုခန်းတွင် လာရောက် တည်းခိုသူ ကျော်မျိုးနိုင်(၂၉)နှစ် (ဘ)ဦးကျော်လွင်၊ ခွဲ(၁၀)မီးရထားရဲနှင့် မငြိမ်းသီတာ(၂၇)နှစ်၊ (ဘ)ဦးခင်မောင်အုန်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်နေသူတို့သည် တည်ခိုခန်း အခန်းနံပါတ်(၅)တွင် တည်ခိုပြီး၊ ၄င်းတို့နှင့် အတူပါလာသော မယုယုခိုင်(၂၇)နှစ်၊ (ဘ)ဦးသိန်းဝင်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်မှာ အခမ်းနံပါတ်(၆)တွင်တည်းခိုခဲ့သည်။

မယုယုခိုင်မှ ကျော်မျိုးနိုင်နှင့်မငြိမ်းသီတာတို့၏ အခန်း(၅)သို့ လာရောက်ပြီး ၄င်းတို့ပါလာသောပိုက်ဆံအိတ်အား ဖွင့်ကြည့်ရာမှ ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် ကျော်မျိုးနိုင်သည် အခင်းဖြစ်နေတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မငြိမ်သီတာသည် တောင်ငူဆေးရုံကြီးတွင် ည(၁၁း၃၀)အချိန်ခန့်က ၄င်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် မယုယုခိုင်
သည် ဆေးရုံကြီးတွင်အတွင်း လူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။

ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ

 ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စုသန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူလိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။

လာမယ့် ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့မှာဖြစ်ပြီး အဲဒီနယ်မြေအတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။

“အစိုးရနဲ့ သဘောတူထားတာ ဒီတခေါက်က လူဦးရေကောက်ဖို့ဘာညာနဲ့ မှတ်ပုံတင်လုပ်ဖို့ အဲဒါပဲ၊ ဝဒေသမှာ ၁၆ မျိုးရှိတယ်၊ လူမျိုးစုံတယ်၊ ၄ သိန်း ပတ်ဝန်းကျင်လောက်ရှိပါတယ်၊ အများစုက ဝများတာပေါ့၊ ရှမ်းရှိတယ်၊ တရုတ်ရှိတယ်၊ ပလောင်ရှိတယ်၊ အမျိုးမျိုးပဲ လူမျိုးစုံရှိတယ်၊”

ပြီးခဲ့တဲ့ သတင်းပတ်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဝ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရခဲ့တာလို့ သိရပါတယ်။

အစိုးရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ

 ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းသိဒ္ဓိကျော်စွာ လမ်းမပေါ်မှာရှိတဲ့ စိုင်းမြင့်ထွန်းအောင် အထည်ချုပ် စက်ရုံက အလုပ်သမား ၃ဝဝ ကျော်ဟာ လုပ်ခလစာတိုးမြှင့်ပေးရေး အပါအဝင် အချက် ၁၅ ချက်ကို ဒီနေ့ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

အလုပ်သမားတွေ အဓိကထားတောင်းဆိုတဲ့အချက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ မအေးစန္ဒာက အခုလို ပြောပါတယ်။

“ကျမတို့ အဓိကတောင်းဆိုတာကတော့ အခြေခံလစာ တိုးမြှင့်ပေးဖို့ဖြစ်ပါတယ်၊ အခြေခံလစာကို သူဌေးဆီတိုင်ပင်တဲ့အခါမှာ သူ့ဘက်ကလုပ်ပေးဖို့ အစီအစဉ်မရှိပါဘူး၊ ပြီးတော့ အချိန်ပိုမဆင်းရဖို့ရယ်၊ နောက် supervisor တွေက အလုပ်သမားတွေအပေါ်မှာ ဆက်ဆံတာ အတော်မောက်မာတဲ့ ဆဲခြင်းဆိုခြင်း၊ အဆင့်အတန်းတွေကို ပြောဆိုခြင်း အဲဒါတွေကို အလုပ်သမားတွေက မကျေနပ်ကြဘူး၊ ဒါတွေကို အဓိကတောင်းဆိုခြင်းဖြစ်ပါတယ်”

စိုင်းမြင့်ထွန်းအောင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆ဝဝ ကျော်ရှိပြီး အလုပ်သမားအများစုဟာ လုပ်ခလစာနဲ့ အချိန်ပိုလုပ်အားခ စုစုပေါင်း ၈ဝဝဝဝ ကျော် ရရှိတယ်လို့ ဆန္ဒပြအလုပ်သမားတွေကဆိုပါတယ်။ လုပ်ခလစာ ဘယ်လောက်တိုးပေးရမယ်ဆိုတာကိုတော့ ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခြင်းမရှိပါဘူး။

အလားတူ ရွှေလင်ဗန်းစက်မှုဇုန် ဦးတရုတ်လမ်းနဲ့ ပန်းပဲခေါင်းမောင်ခက် လမ်းထောင့်မှာရှိတဲ့ ZKG BM 2 အထည်ချုပ်စက်ရုံက အလုပ်သမား ၄ဝဝ ကျော်ဟာလည်း လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ZKG စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ လက်ရှိအခြေခံလစာ ကျပ်လေးသောင်းကျော်သာရရှိပြီး တစ်လကိုတစ်သိန်းအထိတိုးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

12 _Oct_.13_km

12.Oct_.13_mal

အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.77)

Euro Sports 4 77

အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၅) အမှတ်(၆၆)


အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆

မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန်

 မောင်တော ၊ အောက်တိုဘာ ၁၀ ။ ။လွန်ခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်၈ရက် မှစတင်ထုတ်ပြန်ခဲ့သည့် မောင် တောနယ်စပ် ညမထွက်ရအမိန့် ပုဒ်မ၁၄၄ကို ၂၀၁၃ခုနှစ် အောက် တိုဘာ၈ရက်က ဆက်လက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၁၄၄ကို အောက်တိုဘာ ၈ ရက်တွင် ကိုးကြိမ်မြောက်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခင်ထုတ် ပြန်ထားသည့် အချိန်အတိုင်း ည ၁ဝနာရီမှ နံနက် ၄နာရီအထိကို ညမထွက်ရအမိန့်အဖြစ် သတ် မှတ်ကြောင်း မြို့နယ်အုပ်ချုပ်ရေး ဌာနမှ မြို့ပေါ်သို့ အသံချဲ့စက် များဖြင့် ည၆နာရီတွင် လိုက်လံ ကြေညာခဲ့ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ဆက်လက်ထုတ်ပြန် လိုက်သည့်အတွက် မောင်တော မြို့နယ်အတွင်း အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် လူငါး ဦး(သို့မဟုတ်) ငါးဦးထက်ပိုသော သူများ စုဝေးခြင်းမပြုရန် တား မြစ်ထားကြောင်း သိရသည်။

ပုဒ်မ၁၄၄ ထုတ်ပြန်ထား ချက်ကို နားမလည်သူတချို့က မောင်တောမြို့နယ် တွင် ဘင်္ဂါလီ များကို ဗလီတက်ခွင့်ပိတ်ထား သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာ တချို့တွင် ရေးသားဖော်ပြနေခြင်း မှာ ဌာနဆိုင်ရာများကို အမှား ကောက် အထင်အမြင်လွဲမှားနေ ခြင်းသာဖြစ်ပြီး ဗလီတက်ရောက် ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်ထားခြင်း မရှိဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေဖြစ်သည့်အတွက် အများ ပြည်သူနှင့်သက်ဆိုင်သည့် လမ်းမ ကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ ပန်းဥယျာဉ်၊ ဗလီ စသည်တို့တွင် လူငါးဦးထက် ပိုမစုရခြင်းသာဖြစ် ကြောင်း ဥပဒေရေးရာကျွမ်းကျင် သူ ဌာနဆိုင်ရာအကြီးအကဲတစ်ဦး က ပြောသည်။

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့်ထိုး

 ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည် နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။

ထိုအချိန်တွင် မသိင်္ဂီတို့အိပ်ခန်းပေါ်ရှိ အုတ်ဘောင်ပေါ်တွင် အမည်မသိ လူတစ်ဦး ဒူးထောင်ထိုင်နေသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်ဟုလည်း ဆိုထားသည်။ ထိုအခါ အဆိုပါလူငယ်က မသဇင်တို့၏ နေအိမ်အတွင်းမှ ယုဆောင်ထားသည့် အရိုးအသွား ကိုးလက်မရှိ၊ အနက်ရောင်ကော်ရိုးတပ် စတီးဓားပြားဖြင့် ထိုးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် မသဇင်တွင် ယာပါးပြတ်ရှ၊ ယာညှပ်ရိုးပြတ်ရှ၊ ယာဒူးပွန်းစုတ်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။

ဓားဖြင့် ထိုးခဲ့သူမှာ မျိုးဇော် (၁၉)နှစ်၊ ပုံနှိပ်စက်ကိုင်၊ IME ကုမ္ပဏီ၊ တိုက်(၈)၊(ပ)၊ အင်းစိန်လမ်း၊ (၉) ရပ်ကွက်၊ လှိုင်မြို့နယ်ဖြစ်သူဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းကိုအရေးယူပေးရန် မသဇင်က အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၅၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗိုလ်တစ်ဦး ရှောင်ပြေးနေ

မရမ်းကုန်းမြို့နယ်တွင် ဆယ်တန်းကျောင်းသူကလေးတစ်ဦးကို စစ်ဗိုလ်ကြီးတစ်ဦးက အကြိမ်ကြိမ် ကာမစက်ယှက်ပြီး လက်ထပ်ယူမည်ဟု ပြောဆိုခဲ့သော်လည်း တိမ်းရှောင်နေသည့်အတွက် ကာယကံရှင် မိသားစုက အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။

အမှုသည် စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိခင်ဖြစ်သူက ၁၅ နှစ်အရွယ်ရှိ ၎င်း၏သမီး ၁၀ တန်း ကျောင်းသူ သည် ကျူရှင်တက်ရန်နေအိမ်မှ ထွက်သွားခဲ့ပြီး ညနေခြောက်နာရီတွင် နေအိမ်တွင် ကျူရှင် သင်ပေးသည့် ဆရာမဖြင့် ပြန်လည်ရောက်ရှိလာရာမှ တစ်ဆင့်စတင်ခဲ့သည်။

ထို့နောက် သမီးဖြစ်သူကို မေးမြန်းရာ နေအိမ်အနီး ဆေးခန်းလာဖွင့်ထားသော ဆေးခန်းမှ တပ်မတော် ကိုယ်လက် အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံ(ကုတင် ၃၀၀)၊ မင်္ဂလာဒုံမြို့နယ် (စိစစ်ဆဲ)မှ ဗိုလ်ကြီးတစ် ဦးသည် ဆေးရုံဝင်း အတွင်းရှိ အဆောင်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ရဲကိုထွက်ဆိုထားသည်။

ထို့ပြင် ယခင်ကလည်း ယင်းကဲ့သို့ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နေထိုင်ခဲ့ကြောင်း သမီးဖြစ်သူက
ပြောပြခဲ့သည်ဟု မိခင်က ရဲစခန်းတွင် ထည့်သွင်းထွက်ဆိုထားသည်။ ယင်းကြောင့်ပင် အဆိုပါ ဗိုလ်ကြီးကို ခေါ်ယူ မေးမြန်းစဉ် ၎င်းမှ ကာမစပ်ယှက်မှုရှိခဲ့ကြောင်း ၀န်ခံခဲ့ပြီး ရုံးဖွင့်ရက်တွင် တရားရုံး၌ လက်ထက်မည်ဟု ပြောဆိုကာ သက်သေခံစာချုပ်တွင် သက်သေများထား၍ လက်မှတ်ထိုးပေးခဲ့သည်ဟုလည်း ဆိုထားသည်။

သို့သော် ယနေ့အချိန်ထိ အတွေ့မခံဘဲ တိမ်းရှောင်နေသောကြောင့် မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းကလေး ငယ်အား သားမယားအဖြစ် ပေါင်းသင်းမည်ဟု ဖြားယောင်းသွေးဆောင်ပြီး ကာမရယူခဲ့သူ အဆိုပါ စစ်ဗိုလ်အား အရေးယူပေး ရန် ကလေးမိခင်က စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်။
ယင်းတိုင်တန်းမှုကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ)၃၆၃ /၂၀၁၃ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုထားသည်။ ယင်းအပြင် တိုင်တန်းခံရသူသည် စစ်သည်ဖြစ်နေသဖြင့် သက်ဆိုင်ရာတပ်နှင့် ဆက်သွယ်ဆောင်ရွက် နေပြီး ပြစ်မှု ပုဒ်မ ၃၆၃/၃၆၆ ဖြင့် အရေးယူသွားနိုင်ရန် ဆောင်ရွက်နေသည်ဟု လည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။ 

လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကို တိုင်ကြားမှု များပြားဟုဆို

 မန္တလေးမြို့တော်တွင် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူနေသူများကို တစ်ယူနစ်လျှင် ၃၅ ကျပ်အစား ၇၅ ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမှုကို ကျေနပ်မှု မရှိသဖြင့် တိုင်ကြားမှု များလာကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။
“တိုင်ကြားစာ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မှတ်မထားလို့ မသိတော့ဘူး။ တိုင်ကြားစာတွေကို စစ်ဆေးတဲ့ အခါမှာ ကောက်ခံတဲ့ နှုန်းထားနဲ့ ပတ်သက်ပြီး မီးသုံးသူကို ကြိုတင် အသိပေးတာမျိုး မရှိလို့ ဆိုတာကို တွေ့ရတယ်။ ပြောင်းလဲ ကောက်ခံ မယ့် နှုန်းထားကို မီးသုံးသူကို အသိပေး လက်ခံလာတဲ့ အထိ ပြောဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

အိမ်သုံးမီတာဖြင့် တစ်စိတ်တစ်ပိုင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်ပါက ၇၅ ကျပ်နှုန်း ကောက်ခံခြင်း သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရှိ ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီ တစ်ခုဖြစ်သည့် ပစိဖိတ်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အိမ်သုံးမီတာနဲ့ ဆိုင်ဖွင့်ထားလို့ ၇၅ ကျပ်နဲ့ ကောက်တာကို လုပ်ငန်း မလုပ်တော့ဘူးဆိုပြီး ပြန်လာ ပြောရင် ၃၅ ကျပ်ပြန် ကောက်ပေးတာ ရှိတယ်” ဟု ၎င်းကဆိုသည်။

အိမ်အတွင်း စာသင်ဝိုင်း ဖွင့်ထားသည့်အတွက် အိမ်သုံးမီတာအစား လုပ်ငန်းသုံး မီတာနှုန်းဖြင့် ကောက်ခံရသဖြင့် အိမ်သုံးယူနစ် နစ်နာ၍ ခွဲခြား ကောက်ခံသင့်ကြောင်း လုပ်ငန်းမီတာ လျှောက်ကာ လုပ်ငန်းဆောင်ရွက် လိုသော်လည်း အိမ်ငှား ဖြစ်သဖြင့် အဆင်မပြေကြောင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြင်ပသင်ဆရာ တစ်ဦးက ပြောကြားသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေးယူရန် အစီအစဉ်များ မရှိသေးဟုဆို

အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့် ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ သတင်းရရှိသည်။

အဝေးပြေးဝင်းအတွင်း၌ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်စေသည် အထိ ကားအငှားပွဲစားလုပ်ခြင်း၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများဖြင့် လက်မှတ်ရောင်းချခြင်းများအား ခွင့်ပြုချက်မဲ့ ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ၀င်းအတွင်းရှိ မြို့တော်စည်ပင် အခွန်ဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးကာလများ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းများကို လျှပ်တစ်ပြက် ပြုလုပ်ခြင်းများ ရှိသော်လည်း ပွဲစားများ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

“စီမံချက်ကာလအတွင်းမှာ ဖမ်းမိတဲ့လူတွေဆိုရင်တော့ ဒဏ်ရိုက်ပြီး ပြန် လွှတ်လိုက်တာပဲ၊ သူတို့ရဲ့ စားဝတ်နေရေးကလည်း ရှိသေးတယ်၊ သူတို့လည်း ဒီအတွက်ကြောင့် အလုပ်လုပ်နေရတာလေ၊ ဒါပေမဲ့ ခရီးသည်က ကျေနပ်မှုမရှိလို့ တိုင်ကြားရင်တော့ ချက်ချင်းဆောင် ရွက်ပေးတယ်၊ အဓိကကတော့ ယာဉ်လိုင်းတွေက လုပ်ဆောင်ခွင့်ပေးနေလို့ လက်မှတ်ပွဲစားတွေ ရှိနေတာပါ”ဟု ‘မြို့တော်စည်ပင်၊ အခွန်ဌာန(အောင် မင်္ဂလာ)’ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်များနှင့် ကားငှားပွဲစားများ၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများ အကြားရှိ ပြဿနာအများစုမှာ ကားတစ်စီးတည်းတွင် ခရီးစဉ် သုံးလေးကြောင်း အတွက် ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ခရီးသည်များအား ပြောဆိုဆက်ဆံမှု မပြေပြစ်ခြင်း၊ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်အောင် လက်မှတ်အရောင်း လူခေါ်ပွဲစားများ က ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြဿနာအများစုမှာ အောင်မင်္ဂလာအငှား ယာဉ်အသင်း မ၀င်ထားသော အငှားယာဉ်များနှင့် ခရီးသည်စီးနင်းမှုနည်းသော အဝေးပြေး ယာဉ်လိုင်းများ တွင် အဖြစ်များကြောင်း သိရသည်။အောင်မင်္ဂလာ အဝေးပြေးဝင်းအ တွင်း လက်မှတ်ပွဲစားများထက် အငှားယာဉ်ပွဲစားများနှင့် ပြဿနာဖြစ်မှု ပိုမိုများပြားနေပြီး အငှားယာဉ်ပွဲစားများမှာ ကားတစ်စီးတည်းတွင် ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ပြောဆိုဆက်ဆံ မှု မပြေပြစ်ခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသည့် လူခေါ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာ) သို့ ရောက်ရှိလာသည့် တိုင်ကြားစာများအရ သိရသည်။ 

ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့တော်စည်ပင်မှ ဝန်ထမ်းတစ်ဦး ဆေးရုံတင်လိုက်ရ

 ဌာနတွင်း အစည်းအဝေးတစ်ခုတွင် စကားပြောမိသဖြင့် ဌာနမှူးမှ ခုံပေါ်တက် ၍ မတ်တတ်ရပ်ဒဏ်ပေးခံရသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ တော်ခန်းမရှိရာ မြတ်ဌာနမှ အသက် ၅၀ နီးပါးအရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး ယင်းနေ့တွင်ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း မိသားစုဝင် များ၏ ပြောပြချက်အရ သိရှိရသည်။

"ဖြစ်တာက အောက်တိုဘာ ၂ ရက် နေ့ပါ။ အန်တီသိတဲ့အချိန် သူက ဆေးရုံ ရောက်နေပြီ။ သူ စကားပြန်ပြောနိုင်တဲ့ အချိန်ကျမှ မေးကြည့်တော့ ဒါဘာမှ စကားပြောမိလို့ ဌာနမှူးက သူတို့နှစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ခိုင်းတယ်တဲ့။ ပြီးတော့ ဓာတ်ပုံလည်း ရိုက်တယ်တဲ့။ သူ အရမ်းရှက်သွားတယ် လို့ပြောတယ်။ သားပဲ စဉ်းစားကြည့်လေ အသက် ၅၀ နီးပါးရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ဒဏ်ပေးတယ်ဆိုတာ၊ သူ့မှာ နှလုံးရောဂါ အခံလည်း ရှိတယ်ဆိုတော့ ရှော့ခ်ဖြစ် သွားတယ်ထင်တယ်"ဟု အဆိုပါဝန်ထမ်း အမျိုးသမီးကြီး၏ မိသားစုဝင်တစ်ဦးက News Watch ဂျာနယ်သို့ ပြောကြား သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၂ ရက်နေ့မှ ၇ ရက်နေ့ ထိ ဆေးကုသမှုခံယူခဲ့ပြီး ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အိမ်တွင် ခေတ္တပြန် လည်အနားယူနေရပြီး အောက်တိုဘာ ၁၄ ရက်နေ့တွင် ထပ်မံပြသရမည်ဖြစ်ကြောင်း ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ခြင်းမျိုး မဟုတ်သေးဘဲ ထပ်မံကုသမှုခံယူရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

"ဆေးရုံက ၁၄ ရက်နေ့ ပြန်လာ ပြရမယ်ပြောတယ်။ အက်ကိုးဆိုလား ထပ် ရိုက်ရမယ်။ ပြီးမှ ဘယ်လိုကုသရမယ်ဆို တာ ထပ်ပြောမယ်လို့ပြောတယ်"ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။
ဆေးကုသမှုခံယူနေစဉ်ကာလအတွင်း ဌာနနှင့် ဝန်ထမ်းအချို့ လာရောက်၍ ဌာနမှူးမှ မေတ္တာရပ်ခံသည့်အကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ဝန်ထမ်း ၂ ဦးအား မတ်တတ်ရပ်ဒဏ်ပေးခဲ့သည့် ဌာနမှူးအား အခြားဌာနတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း သိရသည်။

"ပြောင်းရွှေ့တာဝန်ပေးတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ပုံမှန်ဌာနပြောင်းရွှေ့ မှုမျိုးပါ။ အဲဒီကိစ္စနဲ့မသက်ဆိုင်ပါဘူး"ဟု မြို့တော်စည်ပင် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးမှ အောက်တိုဘာ ၁၀ ရက်က News Watch ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဓာတုလက်နက်တားဆီးရေးအဖွဲ့ ရရှိ

OPCW ရဲ့ အကြီးအကဲ ညွန်ကြားရေးမှူးချူပ် တူရကီနိုင်ငံသား အာမက် အူဆီမူရှာ ဒီနေ့ချီးမြင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် နိုဗယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတု လက်နက်တွေကို စောင့်ကြည့်နေတဲ့ နယ်သာလန် နိုင်ငံ ဟေ့ဂ် အခြေစိုက် ဓာတုလက်နက်တားဆီးကာကွယ်ရေး အဖွဲ့ (OPCW) က ရရှိသွားပါတယ်။

ဓာတုလက်နက် ဖျက်သိမ်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်တဲ့အတွက် အခုလို ချီးမြင့်တာလို့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကြေညာပါတယ်။

OPCW အဖွဲ့ကို ၁၉၉၇ ခုနှစ် ဧပြီမှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၉၀ ပါဝင်ပါတယ်။ ရန်ပုံငွေ ယူရို  ၇၄ သန်း  ရှိပြီး ၀န်ထမ်း ၅၀၀ လောက် တာဝန် ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ အင်ဂိုလာ၊ မြန်မာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယား နဲ့ တောင်ဆူဒန်တို့ကတော့ အဖွဲ့ဝင် အဖြစ် မပါဝင်ထားပါဘူး။

ဒီအဖွဲ့ဟာ ကုလသမဂ္ဂအဖွဲ့ဝင် မဟုတ်ပေမယ့်  ဓာတုလက်နက်နဲ့ဆိုင်တဲ့ အရေးကိစ္စတွေမှာ မူဝါဒချမှတ်ရာမှာရော၊ လက်တွေ့လုပ်ဆောင်ရာမှာပါ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လျာထားစာရင်းမှာတော့ အမျိုးသမီးရဲ့ ပညာရေးနဲ့ အမျိုးသမီးအခွင့်အရေးကို ဆောင်ရွက်နေတဲ့ အသက် ၁၆ နှစ်အရွယ် မာလာလာ ယူဆွတ်ဆေး၊ အမေရိကန်အစိုးရရဲ့ လျို့ဝှက်ချက်တွေကို ၀ီကီလိဒ် အင်တာနက်စာမျက်နှာကို ပေးအပ်ခဲ့တယ်လို့ စွဲဆို ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ချဲလ်ဆီးဘရက်လေ မန်းနင်း၊ အကြမ်းမဖက် နိုင်ငံရေး အံတုနည်း ဗျူဟာတွေနဲ့ အာဏာရှင်စနစ်အောက်က ဒီမိုကရေစီရေးအတွက် ကမ္ဘာတ၀ှမ်းမှာ ရုန်းကန် တိုက်ပွဲဝင်သူတွေအပေါ် ဩဇာလွှမ်းခဲ့တဲ့ အမေရိကန် လူမျိုးပညာရှင် ဂျင်းရှပ် စသူတို့ ရွေးချယ်ခံထားရတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အုပ်စုဖွဲ့ တောင်းပွဲ တိုက်ပွဲများကြောင့် စိုက်ပျိုးရေး အထူးဇုန် စီမံကိန်းများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရဟု ဝန်ကြီးပြော

 ရန်ကုန် ၊ အောက်တိုဘာ ၁၀ ။ ။ လူအုပ်စုဖွဲ့ပြီးတောင်းပွဲတိုက်ပွဲ များကြောင့် ကုမ္ပဏီများ၏ လယ်ယာစိုက်ပျိုးရေးအထူးဇုန်စီမံကိန်း များရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည် ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့် လှိုင်က အောက်တိုဘာ ၁ဝရက် တွင်ပြု လုပ် သော ရန်ကုန် တိုင်း ဒေသကြီးရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအ ဝေးပွဲ တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အခြေခံအကြောင်းအမျိုး မျိုးဖြင့် နောက်ကွယ်မှမြှောက် ပင့်လှုံ့ ဆော်မှု များကြောင့် လူအုပ် စုဖွဲ့ပြီး တောင်းပွဲ တိုက်ပွဲ များ ပေါ် ပေါက် လာခဲ့ကြသည့်အတွက် လယ်ယာစိုက်ပျိုးရေး အထူးဇုန် စီမံကိန်းများတွင် ပါဝင်လုပ်ကိုင် နေကြသော ကုမ္ပဏီများ၏ လုပ် ငန်းများ အရှိန်ရပ်တန့်လုနီးပါး ရပ်ဆိုင်း သွား ခဲ့ ရသည် ဟု ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့ ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏အား ပေးလမ်းညွှန်မှု၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ မိမိကိုယ်တိုင် ဦးစီးအားပေးမှုဖြင့် မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် မျိုး ကောင်းမျိုးသန့်၊ မျိုးစေ့ ထုတ်လုပ် ငန်းများပေါ်ပေါက်လာစေရန် ကုမ္ပဏီများက ငွေကြေးသိန်း ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး အ ကောင် အထည်ဖော်ဆောင်ရွက် ၍ ဖွံ့ဖြိုးတိုးတက်မှုများပေါ်ထွန်း လာသည့် အချိန်တွင် ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းကို စိတ်မ ကောင်း စွာမြင်တွေ့ခဲ့ရသည်ဟု ဦးမြင့် လှိုင်က ပြောသည်။

ယင်းကဆက်လက်၍ အ မှန်တကယ်အခွန်အခပေးပြီး တ ရားဥပဒေနှင့် အညီ လုပ်ကိုင်နေ သော ကုမ္ပဏီများအားလယ်ယာ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များချထားပေးမှသာလျှင် ကုမ္ပဏီ များအနေဖြင့် တရားရုံးများတွင် တရားစွဲဆို ဆောင်ရွက် သွားနိုင် မည်ဖြစ်သည်ဟု ပြောသည်။

လွတ်လပ်သောတောင်သူ လယ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က ''လယ်သမား တွေအနေနဲ့ ဆန္ဒပြတောင်းဆိုကြ တဲ့နေရာမှာ ဆူပူစေလိုမှု အကျိုး ဖျက်ဆီးလိုမှုမရှိပါဘူး။ အများ စုက သူတို့တွေ တကယ်နစ်နာဆုံး ရှုံးမှုတွေကို ကုစားမှုရလိုရငြား ဆိုပြီး တောင်းဆိုကြတာပါ။ တစ် ခါတစ်ရံမှာ အခွင့်အရေးယူအမြတ် ထုတ်လိုသူတွေက လယ်သမား တွေကို အသုံးချတာ မျိုးတွေရှိ တတ်ပါတယ်''ဟု ပြောသည်။

ဒဂုံမြို့သစ်မြို့နယ် ခေတ်မီ စက်မှုလယ်ယာစံပြအထူးစီးပွား ရေးဇုန်အတွက် လယ်ယာမြေအ သိမ်းခံခဲ့ရသော လယ်သမားတစ် ဦးက''ကျွန်တော်တို့ ဆန္ဒထုတ်ဖော် တောင်းဆိုတဲ့နေရာမှာ နောက် ကွယ်က မြှောက်ပင့် လှုံ့ဆော်ပေး တဲ့ လူလုံး ဝမရှိပါ ဘူး။ ကျွန်တော်တို့ရဲ့နစ်နာ ဆုံးရှုံးမှုတွေ ကို ပြန် လည်ရရှိလိုမှုကြောင့် ဒီလိုတောင်း ဆိုမှုတွေလုပ်ရတာပါ''ဟု ပြော သည်။

လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်အနေဖြင့် ဥပဒေ နှင့်အညီ ခိုင်ခိုင် မာမာ ရပ်တည် ဆောင်ရွက်ပြီး လူအုပ်စုများဖွဲ့၍ဆူပူမှုများဖန်တီးခြင်း၊ တည် ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် အားပေးအားမြှောက်ဆောင် ရွက်နေကြသူ များကို ဥပဒေ နှင့် အညီ ပြတ်ပြတ်သားသား အရေး ယူဆောင်ရွက်ခြင်း နည်းလမ်းအားဖြင့် ကိုင်တွယ်ထိန်းသိမ်းလုပ် ဆောင်နိုင်မှသာလျှင် နိုင်ငံတော် အစိုးရ၏ ရည်မှန်းချက်အတိုင်း စံပြစိုက်ပျိုးရေးအထူး ဇုန်များတည် ထောင်ရန်ကို အရှိန် အဟုန် မြှင့် ဆောင် ရွက်နိုင် မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြည်သူ ၄၀၀၀၀ ကျော် လက်မှတ်ထိုး သမ္မတထံတင်

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ။ ။ ပြည် မြို့ နဝဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက် ပြီး ပြစ်မှုကျူးလွန်သူများအား မှန်ကန်စွာ ဖော်ထုတ်အရေး ယူ ဆောင်ရွက်ပေးစေရန် ပြည်သူ ပေါင်း ၄ဝဝဝဝကျော် ၏လက်မှတ် များဖြင့် သမ္မတနှင့် အာဆီယံအ ဖွဲ့အစည်းများထံသို့ အောက်တို ဘာ ၁၀ ရက်တွင်တင်ပြခဲ့ကြောင်း သိရသည်။

ယင်း လက်မှတ်ထိုးစာရင်း ထဲတွင် ပြည်မြို့မှ အများဆုံးပါ ဝင်ပြီး ရွာပေါင်း ၃ဝကျော်သို့သွား ရောက်၍ လက်မှတ် စာရင်းအား ကောက်ယူခြင်း များပြုလုပ်ခဲ့ကာ ယင်းသို့ လက်မှတ်ကောက်ခံမှု သည် အချိန်တစ်လကြာမြင့်ခဲ့ ကြောင်း သိရသည်။

''ခုလိုမျိုး ပြည်သူတွေဆီက လက်မှတ်တွေကို စုဆောင်းပြီး တော့ နိုင်ငံတော်သမ္မတကြီးနဲ့ အာဆီယံအဖွဲ့အစည်းတွေကို တင် ဖို့လုပ်တာက အပြစ်ရှိတဲ့သူကို အ မှန်အတိုင်း အရေးယူဆောင်ရွက် ပေးစေချင်လို့ပါ။ ဘယ်လိုလူမျိုး ပဲဖြစ်ဖြစ် တရား ဥပဒေ အတိုင်း ဆောင်ရွက်တာ မျိုးကိုပဲ ဖြစ်စေ ချင်တယ်။ ဒါမှလဲ တရားဥပဒေ စိုးမိုးရေးနဲ့ ကိုက်ညီမှာပါ။ မိသား စုဝင်တွေဘက်ကလဲ ခုလိုမျိုးလုပ် တာကို မကျေနပ်ဘူးလို့ပြောတယ်။ ဒီကိစ္စထဲကိုတော့ ပါဝင်ပြီးလှုပ် ရှားတာမျိုး တော့ သူတို့ တွေ မ လုပ်နိုင်ဘူး။ ကျွန်တော်တို့ကပဲ ဦးဆောင်ပြီးလုပ်ပေးတာပါ။ ကျွန် တော်တို့ ခုလိုမျိုးလုပ်တာကလဲ တရားဥပဒေဘောင်အတွင်းကပဲ သူတို့တွေ အဖြစ်မှန်ကိုဖော်ထုတ် ပြီး အရေးယူဆောင်ရွက်ပေးတဲ့ အထိကို ဆက်လုပ် သွား မှာပါ'' ဟု ပြည်မြို့ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုသန်းထိုက် က ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ် သက်ပြီး ပြည်မြို့နှင့်ရပ်ရွာများ ရှိ ပြည်သူများအပြင် ယခုအခါ အဖွဲ့အစည်းများ၏ လက်မှတ်များ အားလည်း လိုက်လံစုဆောင်းသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လက်မှတ်ထိုးသည့် စာရင်းထဲ တွင် ပါဝင်သည့် နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ က ''ကျွန်တော် လက်မှတ်ထိုးခဲ့ တာက ပြည်သူတွေအားလုံးအ တွက်ပါ။ တရားဥပဒေစိုးမိုးမှုရှိ စေချင်တဲ့အတွက်ပါ။ အခုဆိုရင် ပြည်သူတွေက ကျီးလန့်စာစားနေ ရသလိုဖြစ် နေတယ်။ တကယ် အ ပြစ်ရှိတဲ့သူကို အပြစ်ရှိသလို ဆောင် ရွက်နိုင်တာမျိုးပဲ ဖြစ်စေချင်တာ ပါ။ တကယ်လို့ ဒီကိစ္စမှာ စစ် သားတွေက တရားခံအစစ်အ မှန်မဟုတ်ဘူးလို့ယုံကြည်ရင် ရှင်း အောင်လုပ်ပေါ့။ ဖမ်းမိတာက ရဲ တွေက ဖမ်းတာ လေ။ တကယ်မ ဟုတ်ဘူးဆိုရင် ရဲတွေကိုပြန်စစ် ပေါ့။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ အတွက် အပြစ်ရှိတဲ့သူကိုဖော် ထုတ်အရေးယူပေးစေချင်တယ်။ ဒါမှလဲ ပြည်သူတွေရဲ့ စိုးရိမ်စိတ် တွေ ပြေပျောက်နိုင်မယ်လို့ထင် တယ်''ဟုပြောသည်။
အဆိုပါ အမှုကိစ္စသည် ဧပြီ ၂၃ရက်က ပြည်မြို့နဝဒေးတံတား အနီး ကမ်းနားသောင်ပြင်တွင်ဖြစ် ပွားခဲ့သည့် ပစ္စည်းယူလူသတ်ခဲ့ သည်ဟုစွပ်စွဲထားသည့် တပ်မ တော်သားသုံးဦးအား အရေးယူ ဆောင် ရွက်ခြင်း မရှိသေးသဖြင့် ယခုကဲ့သို့ လက်မှတ် များကောက် ယူပြီး သမ္မတနှင့် အာဆီယံအဖွဲ့ အစည်းများထံသို့ပေးပို့ရန်ပြုလုပ် ခြင်းသည် ဥပဒေနှင့်အညီ ဆောင် ရွက်စေခြင်း၊ နစ်နာသူများအား ကုစားခွင့်ဆောင်ရွက်ပေးရန်နှင့် အလားတူကိစ္စရပ်များမဖြစ်ပေါ် စေရေး အတွက် အာမခံမှု များရ ရှိအောင်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။ 

မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျော် ခိုးယူခံရ

 မုံရွာမြို့လယ် ပေါ်တော်မူဘုရားကြီးအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပေါ်ဦးရွှေရတနာအရောင်းဆိုင်မှ အလေးချိန် ၇၀ ကျပ်သားရှိ ရွှေဆွဲကြိုးမျိုးစုံ အောက်တိုဘာလ ၉ ရက် နံနက်က ခိုးယူခံရကြောင်း ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

““ကောင်တာထဲမှာ ချိတ်ဆွဲထားတဲ့ ရွှေဆွဲကြိုးတွေပဲ ပါသွားတယ်။ ရွှေအလေးချိန်နဲ့ဆိုရင် ၇၀ ကျပ်သားဝန်းကျင်ပေါ့။  ကာလတန်ဖိုးနဲ့ဆိုရင် ကျပ်သိန်း ၄၉၀ ကျော်ရှိတယ်”” ဟု ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

ပေါ်ဦးရွှေရတနာအရောင်းဆိုင်လုပ်ငန်း တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ညပိုင်းအိပ်တဲ့အလုပ်သမား မရှိပါဘူး။ ညနေ ၆ နာရီဆိုရင် ဆိုင်ပိတ်ပြီး အလုပ်သမားတွေအားလုံးပြန်ပြီ။ ကောင်တာထဲက ဗျပ်ထဲမှာထားတဲ့ ရွှေထည်အားလုံးကို သိမ်းတယ်။ ကောင်တာမှန်မှာချိတ်ဆွဲထားတဲ့ ဆွဲကြိုးတွေအားလုံး ခိုးယူသွားတာဖြစ်ပါတယ်။ ဆိုင်နောက်ဖေး အလုပ်ခန်းထဲက အိမ်သာအပေါ်ထပ် ကွန်ကရစ်ပန်းခက်ကို ဖျက်ဆီးထားတာတော့ တွေ့ရတယ်”” ဟု ဆိုသည်။

ဖောက်ထွင်းခိုးယူခံရသော ပေါ်ဦးရွှေရတနာအရောင်းဆိုင်  ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ဆွဲကြိုးအချို့ကို သိမ်းဆည်းခြင်းမရှိဘဲ ရွှေကောင်တာအတွင်းထားရှိပြီး ပိုင်ရှင်မိသားစုသည် ညအချိန်တွင် နေအိမ်အပေါ်ထပ်တွင် တီဗီကြည့်ရှုခဲ့ပြီး ည ၁၀ နာရီခွဲအချိန်ခန့်တွင် အိပ်ရာဝင်ခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီခန့်တွင်  ရွှေဆိုင်ဖွင့်ရန် နေအိမ်အပေါ်မှ အောက်ထပ်သို့ ဆင်းလာရာ ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရွှေဆိုင် ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရွှေထည်ခိုးယူသူကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်ပေးနိုင်ရန် ပေါ်ဦးရွှေဆိုင်ပိုင်ရှင် ဦးသန်းဝေက မုံရွာအမှတ်(၁)ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့သဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထောင်သို့ပို့ထား

 ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်ညက အစ္စလာမ်ဘာသာဝင်များ၏ တဲကြီးသုံးလုံး ဖျက်ဆီးမှုတွင် ပါဝင်သူများနှင့် ဖျက်ဆီးရန်လှုံ့ဆော်သူ ငါးဦးကို ဖမ်းဆီးထားပြီး ပုသိမ်ထောင်သို့ ပို့ဆောင်ထားကြောင်း ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။

အောက်တိုဘာ ၅ ရက်က ကျောင်းကုန်းမြို့တွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ကို ဘာသာခြား အသက် ၄၃ နှစ်အရွယ် ဦးလှဝင်းက အဓမ္မပြုကျင့်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဦးလှဝင်းနေထိုင်သော တဲကြီးတစ်လုံးနှင့် အခြားတဲနှစ်လုံးကို ဒေသခံများက ဖျက်ဆီးခဲ့သည်။ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များကို ထပ်မံဖျက်ဆီးရန် လှုံ့ဆော်သူလေးဦးနှင့် တဲများကိုဖျက်ဆီးခဲ့သော တရားခံတစ်ဦးကို ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

““ပါဝင်တဲ့သူတွေ ဖမ်းဆီးတာ ငါးဦးရှိသွားပါပြီ။ တိုင်းမှူးကလည်း ဒါကို ခွင့်မလွှတ်ဘူးလို့ပြောပါတယ်။ သူတို့ကို တာဝန်အရ ပုသိမ်ထောင်ကို ပို့ထားပါတယ်”” ဟု ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။

ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်က ဘာသာရေးအသွင်ဆောင် ဖျက်ဆီးခံရမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အောက်တိုဘာ ၆ ရက်တွင်  အစ္စလာမ်ဘာသာဝင်များ ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များမှာ ပိတ်ထားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ကျောင်းကုန်းမြို့၌ ပြန်လည်တည်ငြိမ်လာပြီး အစ္စလာမ်ဘာသာဝင်များ ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များ ပြန်လည်ရောင်းချလာကြောင်း ကျောင်းကုန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၆ ရက်တွင် ကျောင်းကုန်းမြို့ အစ္စလာမ်ဘာသာ သင်္ချိုင်းစောင့် နေထိုင်သော  တဲတစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီးမှုကို အမှုဖွင့်ဆောင်ရွက်နေကြောင်း ကျောင်းကုန်းမြို့ နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်

မြန်မာသံဃာတွေ ကျောင်းထိုင်ဖြစ်ရေး မျှော်လင့်ချက် ရှိ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရာချီပြီး တည်ရှိနေတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်း တွေမှာ အစဉ်အလာအရ မြန်မာ ဘုန်းတော်ကြီးတွေပဲ ကျောင်းထိုင် ဖြစ်ခဲ့ရာက ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ထိုင်းအစိုးရက ထိုင်း တနိုင်ငံလုံးက ဘုန်းတော်ကြီးကျောင်းတွေမှာ ထိုင်းနိုင်ငံက သံဃာတွေပဲ ကျောင်းထိုင် ဖြစ်ရမယ် ဆိုတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းထိုင် ဘုန်းတော်ကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

အဲဒီကိစ္စ ပြေလည်ရေးအတွက် မြန်မာဘုန်းတော်ကြီးကျောင်းတွေ တည်ရှိတဲ့ နေရာတွေကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် ဖြေရှင်း ဆောင်ရွက်ပေးနေခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ကတော့ သံအမတ်ကြီး ဦးတင်ဝင်းက မဲဆောက်မြို့ကို ရောက်လာခဲ့ပါတယ်။

မဲဆောက်နယ်မြေထဲက မြန်မာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းမှာ မြန်မာကျောင်းထိုင်တွေ သီတင်းသုံး နေတယ်ဆိုတာကို သိရလို့ အဲဒီ့မြန်မာ သံဃာတော်တွေကို မြန်မာနဲ့ ထိုင်းနှစ်ဖက် အစိုးရ နဲ့ သံဃာ့အဖွဲ့အစည်းများက အသိအမှတ်ပြုတဲ့ တရားဝင် ကျောင်းထိုင် သံဃာတွေ ဖြစ်မြောက်ရေး အတွက် သူ ကူညီ ဆောင်ရွက် ပေးနေတယ် လို့ သံအမတ်ကြီးက ဘီဘီစီကို ပြောပါတယ်။

ချင်းမိုင်က ဝပ်ဆိုင်မွန် မြန်မာဘုန်းတော်ကြီးကျောင်းနဲ့ မဲဆရီယန်မြို့က မန်တလေးကျောင်းတိုက်တွေမှာ မြန်မာ ကျောင်းထိုင်တွေ ခန့်အပ် ပေးနိုင်ခဲ့ပြီးပြီလို့ သံအမတ်ကြီးက ဆိုပါတယ်။

တကာ တကာမတွေက သံအမတ်ကြီးဆီ တရားဝင် တောင်းဆိုရမည်

ပြီးခဲ့တဲ့နှစ်တုံးက သက်တမ်း ၁၁၃ နှစ်ရှိပြီဖြစ်တဲ့ မဲဆောက်တောရ ကျောင်းဟောင်းက လက်ရှိ ကျောင်းထိုင် ဆရာတော် ဦးမဟိန္ဒဟာ ထိုင်းနိုင်ငံသား မဟုတ်ဘူး ဆိုပြီးတော့ ဖယ်ရှားပြီး ကျောင်းထိုင်နေရာ ၀င်ယူဖို့ ထိုင်းမှတ်ပုံတင် ကိုင်ထားတဲ့ မြန်မာ သံဃာတပါးက ကြိုးစားခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်း ဂေါပကတွေနဲ့ လက်ရှိကျောင်းထိုင်ကို ကြည်ညိုတဲ့ တကာတွေက လက်မခံလို့ ဖယ်ရှားရေးကိစ္စ မအောင်မြင်ခဲ့ ပါဘူး။

မဲဆောက်တောရကျောင်းဟောင်း ဆရာတော်ကို တရားဝင် ခန့်အပ်နိုင်ဖို့အတွက်၊ အဲဒီကျောင်းက ဂေါပကတွေနဲ့ တကာ၊ တကာမတွေက ပထမဆုံး မြန်မာသံအမတ်ကြီးဆီကို စာရေးသားပြီး တရားဝင် တောင်းဆိုရမှာ ဖြစ်ပါတယ်။ သံအမတ်ကြီးက မြန်မာအစိုးရနဲ့ သံဃာ့မဟာနာယက အဖွဲ့တွေဆီကို ထပ်ဆင့်တင်ပြပြီး၊ သူတို့ဆီက တရားဝင် ခန့်အပ်လွှာရရင်၊ ထိုင်းအစိုးရနဲ့ သံဃာ့ရာဇာ ခွင့်ပြုချက်နဲ့ နှစ်ဖက် တာဝန်ရှိသူတွေက အခမ်းအနားနဲ့ ကျောင်းထိုင်အဖြစ် ခန့်အပ်ပေးသွားမယ်လို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကပြောပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်

သမ္မတဟောင်း မူရှာရက်ဖ် ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်းခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။

အဲဒီ စီးနင်းမှုမှာ လှုံ့ဆော်ရေးတရားတွေ ဟောပြောတဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတာတပါ။

သူ ဒီကနေ့မှာ တရားရုံးမှာ လာရောက် အစစ်ခံရပါမယ်။

ဗုဒ္ဒဟူးနေ့ကတော့ တရားရုံးချုပ်က မစ္စတာ မူရှာရက်ဖ် ရင်ဆိုင်နေရတဲ့ စွဲချက်တွေထဲက တခုဖြစ်တဲ့ သူပုန်ခေါင်းဆောင် တယောက် အသတ်ခံရမှုမှာ သူ့ကို အာမခံပေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ်ကတော့ သူ့အပေါ်စွဲဆိုချက်တွေအားလုံးဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်။

မစ္စတာ မူရှာရက်ဖ်ရဲ့ ပြောခွင့်ရပုဂ်ဂိုလ်က အခုနောက်ဆုံး စွဲချက်ကို ပယ်ချလိုက်ပြီး အဲဒီ ဗလီကို ဝင်စီးမှုဟာ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်ပြီး အကြမ်းဖက်သမားတွေ ကို ရှင်းပစ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ်များကို လွှတ်တော်များမှ တိုက်ရိုက်ခန့်ထားလိုဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်သည့် စနစ်အစား
သက်ဆိုင်ရာလွှတ်တော်ကသာ ခန့်အပ်လိုသည်ဟု ကိုယ်စားလှယ်အချို့က တောင်းဆိုလိုက်သည်။

ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေ သုံးသပ်ရေးပူးပေါင်းကော်မတီဖွဲ့စည်း ဆောင်ရွက်ချိန်နှင့်
လွှတ်တော်ပြင်ပပါတီအချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့က အခြေခံဥပဒေသစ်
ပြန်လည်ရေးဆွဲရန် တောင်းဆိုနေကြချိန်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

"သမ္မတက တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်တာဟာ ဗဟိုချုပ်ကိုင်မှု လျော့ချရေးမူ
နဲ့ လုံးဝဆန့်ကျင်နေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း ကပြောသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ်များသည် သက်ဆိုင်ရာပါတီများ၏ တိုင်းဒေသကြီးဥက္ကဋ္ဌ ဖြစ်နေခြင်း
သည်လည်း လူတစ်ဦးတည်းက အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးများကို ချုပ်ကိုင်ထားသကဲ့သို့
ဖြစ်နေသောကြောင့် ဒီမိုကရေစီ စံနှုန်းများနှင့် မညီညွတ်ခြင်း၊ ပြည်သူ့ဆန္ဒကိုမထင်ဟပ်ခြင်းကြောင့်
တောင်းဆိုရခြင်းဖြစ်သည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။

"တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေက တစ်ချိန်တည်းမှာ ပါတီတွေရဲ့ တိုင်းဒေသကြီးဥက္ကဋ္ဌ တွေဖြစ်
နေတော့ ဥပဒေပြုရေးက ကိုယ်စားလှယ်တွေက သူ့ဆန္ဒကို လွန်ဆန်နိုင်ဖို့ခက်ပါ တယ်"ဟု
ဒေါ်ညိုညိုသင်းက ပြောသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု သုတေသနအဖွဲ့က မကြာမီကထုတ်ပြန်ထားသာ စာတမ်းတွင်
ဝန်ကြီးချုပ်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဩဇာလွှမ်းမိုးသော အနေအထားတွင်
ရှိနေပြီး ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါဝင်ခွင့်ရသော
တစ်ဦးတည်းသောသူဖြစ်နေသည်ဟု ဖော်ပြထားသည်။

ယင်းအချက်များသည် ဘတ်ဂျက်ကိစ္စရပ်များ ဆွေးနွေးရာတွင် သက်ရောက်မှုများရှိသည်ဟု
တိုင်းဒေသကြီးကိုယ်စားလှယ်အချို့ကဆိုသည်။

"အဲဒီသက်ရောက်မှုက တော်တော်ရှိပါတယ်။ ကျွန်မတို့ ဧရာဝတီတိုင်း ဒေသကြီးမှာဆို လူမှုရေး၊
ပညာရေး၊ ကျန်းမာရေးဘက်မှာ အသုံးစရိတ်နည်းပြီး အခြေခံအဆောက်အအုံ ဆောက်တဲ့ဘက်မှာ
ပဲ များနေတယ်" ဟု ဧရာ ၀တီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ(ရေကြည်-၂)မှ
ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၊ ဒုတိယ သမ္မတများကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်
သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်
သည်။

"အဲဒီလိုခန့်အပ်တဲ့အတွက် ၀န်ကြီးချုပ်တွေက ပြည်သူကို မျက်နှာမူတာ နည်းသွားတယ်။
လွှတ်တော်ကိုတာဝန်ခံရတာထက် သမ္မတကို တာဝန်ခံရတာ များသွားတယ်"ဟု ရှမ်းပြည်နယ်၊
အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က သုံးသပ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက ၀န်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်များကသာ တိုက်ရိုက် ရွေးချယ်ရန်ကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြမည်ဟု ပြောသည်။

"မဲဆန္ဒနယ် အများဆုံးနိုင်တဲ့ ပါတီက ၀န်ကြီးချုပ်မဖြစ်ဘဲ သမ္မတက ခန့်တဲ့သူက ဖြစ်ရင် ပြည်သူ
တွေ ကျေနပ်မှာ မဟုတ်ပါဘူး" ဟု ဦးရဲထွန်းက ပြောသည်။ 

ဦးကျော်ဆန်း ၀ဋ်လည်ပြီလား

အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးအချို့၏ သတင်းများကို နိုင်ငံပိုင် သတင်းစာ များဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း၊ မြန်မာ့ ရုပ်မြင်သံကြား ပြည်တွင်း သတင်းတို့တွင် ဖော်ပြရာ၌ မလျော်မကန် တည်းဖြတ်ခြင်း ခံရကြောင်း အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး အချို့က မြန်မာ သံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။

တည်းဖြတ်ခြင်းခံရသော ပြည်ထောင်စု ၀န်ကြီးများတွင် ယခင်က စစ်အစိုးရမှသည် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် တိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခဲ့သည့် သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလည်း ပါဝင်ပြီး၊ ၎င်း၏ အခြေခံ လူတန်းစား ပြည်သူများအတွက် သမ၀ါယမကဏ္ဍ လုပ်ငန်းပြန်လည် တိုးတက်အောင် ဆောင်ရွက်နေသည့် ပြောကြားချက်များ၊ သတင်းများကို နိုင်ငံပိုင် သတင်းစာများက မဖော်ပြဘဲ ၎င်းတို့၏ သဘောဖြင့် တည်းဖြတ်ပြီး သတင်းဖော်ပြ ခဲ့ကြောင်း သမ၀ါယမ ၀န်ကြီးရုံးမှ သတင်းရရှိသည်။

ထိုကဲ့သို့ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့ရုပ်မြင်သံကြားနှင့် အစိုးရ သတင်းစာတိုက်များ၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ (ယခင် စာပေစိစစ်ရေး) တို့အပေါ် နှစ်ရှည်လများ ချုပ်ကိုင်၍ သြဇာလွှမ်းမိုးမှု ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ပြည်သူ့အကျိုးပြု သတင်းများကိုပင် တည်းဖြတ်ကာ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်တို့မှာ နေရာမပေးနိုင်၍ ဖြစ်နိုင်ကြောင်း၊ မိမိ နားလည်ပေး နိုင်ပါကြောင်း၊ သို့သော်လည်း ပြည်သူအများ သိသင့်သော ပြည်သူ့အကျိုးပြု ကဏ္ဍများနှင့် သမ၀ါယမ ကိစ္စရပ်များကို တည်းဖြတ်ခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း … ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြန်မာသံတော်ဆင့် အယ်ဒီတာ နှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

ယခုသီတင်းပတ်အတွင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် နိုင်ငံတော် အကြံပေး ဦးအံ့မောင်တို့ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြွေဆိပ်ဖြေဆေး လှူဒါန်းခြင်းနှင့် ဒေသခံပြည်သူများအား အာဆီယံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ မင်းသားကြီး နန်းဝင်း အပါအ၀င် အဖွဲ့လိုက် ပါဝင်ပြီး ဖျော်ဖြေခဲ့ခြင်းများ စသည်တို့ကို မြန်မာအသံနှင့် ရုပ်မြင်သံကြား သတင်းများ၌ အပြည့်အစုံ ဖော်ပြပေးခြင်း မရှိဘဲ သာမန် အလှူအတန်း သတင်းမျှသာ ဖော်ပြခဲ့ကြောင်း နေပြည်တော် သာသနာရေးဝန်ကြီး ဌာနရုံးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ထိုကဲ့သို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၏ သတင်းများကိုပင် တည်းဖြတ် ဖော်ပြပေးခြင်း သာမက  နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး သတင်းများတွင်လည်း နိုင်ငံပိုင် မီဒီယာများက တည်းဖြတ်ဖော်ပြ ကြောင်း အထူးသဖြင့် အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ်များနှင့် အစိုးရအပေါ် ဝေဖန်သည့် ဆွေးနွေးချက် များကို တည်းဖြတ်ခဲ့ခြင်းများ ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က မြန်မာ သံတော်ဆင့်သို့ ပြောကြားသည်။

လက်ရှိ ပြည်ကြားရေး ၀န်ကြီးဌာနတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်မှာ ဦးတင့်ဆွေ (ယခင်စာပေစိစစ်ရေးမှ ဒုညွှန်ချုပ်/ အကြီးအကဲ) ဖြစ်ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှာ ဦးရဲတင့်တို့ ဖြစ်ကြသည်။
နိုင်ငံပိုင် သတင်းစာများတွင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အချို့၏ သတင်းများကို တည်းဖြတ် ခံရခြင်းနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက အစိုးရအဖွဲ့တွင် အယူအဆ သဘောထား မတူညီသော အုပ်စုများ ကွဲပြားနေခြင်း ဖြစ်ကြောင်း၊ ၃ ယောက် တစ်ဖွဲ့၊ ၄ ယောက် တစ်ဖွဲ့၊ ၂ ယောက် တစ်ဖွဲ့၊ ၁ ယောက် တစ်ဖွဲ့ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင် အုပ်စု ကွဲနေစေကာမူ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်သင့်ကြောင်း၊ ဝေဖန်မှုများကို ရန်လိုနေမည့် အစား မိမိတို့၏ သမိုင်းကြောင်း ကောင်းဖို့ မိမိတို့လုပ် ဆောင်ခဲ့ကြရန်သာ လိုအပ်ကြောင်း၊ နိုင်ငံပိုင် သတင်းစာများတွင်လည်း ကျင့်ဝတ် ဖောက်ဖျက်သော လုပ်ရပ်များကို ပြန်လည် စိစစ် ဆင်ခြင်သင့်ပြီ ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန့် ပြန်ပေးမည်

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်စတဲ့ မြို့နယ် ၁ဝ ခုလောက်မှာ တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း တစ်သောင်းနီးပါးခန့်ကို တောင်သူတွေလက်ထဲ မကြာခင်ပြန်လည်ပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ တပ်မတော်အဆင့်မြင့်အရာရှိ အသိုင်းအဝိုင်းက RFA ကို ဒီကနေ့အတည်ပြုပြော ဆိုပါတယ်။

တပ်မတော်အနေနဲ့ ပြည်နယ်အစိုးရကတဆင့် တောင်သူတွေဆီ မကြာခင်လက်ရောက်ပေးအပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာကော်မတီ ၅ ဦးတို့ရဲ့ မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်တွေကိုယူနေကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက RFA ကိုပြောပါတယ်။

အခုပေးအပ်မယ့် လယ်ယာမြေတွေထဲမှာ တချိန်က တောင်သူတွေရဲ့ ဦးပိုင်အမည်ပေါက်နဲ့ ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာတွေအပြင်၊ တောရိုင်းမြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေ အများဆုံးပါဝင်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမပုံမှန်အစည်းအဝေးမှာ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁၊ ၂ နဲ့ ပတ်သက်ပြီး ဆွေးနွေးချက်အပေါ်မှာ တပ်ဧရိယာပြင်ပ စိုက်ပျိုးမြေတွေကနေ ပိုင်ဆိုင်မှုအလိုက်စိစစ်ပြီး ပြည်ထဲရေးအမိန့် (လန-၃၉) ရရှိပြီး မြေယာတွေကို ပြန်လည်ပေးအပ်ဖို့ စီစဉ်နေတာလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် တပ်မတော်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း သုံးသောင်းခုနစ်ထောင်လောက်ရှိနေပြီး ရခိုင်ပြည်နယ်တောင်ပိုင်းဖြစ်တဲ့ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွစတဲ့မြို့နယ်တွေက သိမ်းဆည်းခံထားရတဲ့ မြေယာတွေပြန်လည်ရရှိရေးအတွက် လာမယ့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်လို့ လည်းသိရပါတယ်။

 

လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ

 စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက ယာမြေတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ခြံစည်းရိုးခတ်ထားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီနေ့ ဝက်မှေးရွာဟောင်းကနေ ရန်မျိုးအောင်စေတီအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြ ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုတွေ ပြီးဆုံးမှသာ ကြေးနီစီမံကိန်းကို ဆက်လုပ်စေချင်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက RFA ကိုပြောပါတယ်။

“ဒေသခံပြည်သူတွေနဲ့ မညှိနှိုင်းပဲနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စတင်လုပ်တယ်၊ လယ်ယာမြေတွေထဲကို စိုက်ပျိုးထားတဲ့ အသီးအနှံပျက်စီးအောင်လို့ ခြံတွေခတ်တယ်၊ အဲတာကြောင့်မို့ ကျမတို့က မကျေနပ်လို့၊ ဝက်မှေးရွာဟောင်းအနေနဲ့ အစီရင်ခံစာထွက်ပြီးတဲ့နောက်မှာ ဒါပထမဆုံးအကြိမ် ဆန္ဒပြရခြင်းဖြစ်တယ်၊ လယ်ယာမြေအငြင်းပွားမှုမပြီးမချင်း ဒီဒေသခံပြည်သူတွေရဲ့ လယ်ယာမြေထဲကို အဆောက်အဦးဆောက်တာမျိုးတွေ၊ ခြံစည်းရိုးခတ်တာမျိုးတွေကို ကျမတို့ကမလုပ်စေချင်ဘူး၊ ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးစေချင်တယ်”

ကြေးနီိစီမံကိန်းထဲပါဝင်တဲ့ ယာမြေတွေကို အစိုးရက အခုလ ၃ရက်နေ့ကစတင်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ခြံစည်းရိုးခတ်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီအထိ ချီတက်ဆန္ဒပြဖို့ခွင့်တောင်းခဲ့ပေမဲ့ အစိုးရက အဲဒီကုမ္ပဏီရှေ့အထိ ခွင့်မပြုတဲ့အတွက် ဆန္ဒပြပွဲဟာ လမ်းမှာပဲ ပြီးဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း ယာမြေတွေမှာ ခြံစည်းရိုးခတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

ဆရာဝန် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ ပယ်ဖျက်

အမည်ပျက် သွင်းထားတဲ့ ဆရာဝန်တခိျု့ စာရင်းက ပျက်ဖျက် ခံရလို့ ဆေးကုသနိုင်ပြီ ကျန်းမာရေးဦးစီးဌာန လက်အောက် ကနေ ၀န်ထမ်း အဖြစ်မှ ထုတ်ပယ်ပြီး လျော်ကြေးမပေးတဲ့ ဆရာဝန် တစ်ထောင်ကျော်ကို အစိုးရ က နာမည်ပျက်စာရင်း ကနေ ပယ်ဖျက်ပေးလိုက် ပါတယ်။

ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ ဆောင်ရွက်ပေးလျက်ရှိတဲ့ မူနဲ့အညီ အစိုးရက အခုလို ပယ်ဖျက်ပေးလိုက်တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်လောက်တုန်း ကတော့ အမည်ပျက် စာရင်သွင်းထားတဲ့ ဆရာဝန် ၁၀၀ ကျော် ကို ပယ်ဖျက်ပေးခဲ့တာ ရှိပြီး အခုတော့ အယောက် တစ်ထောင့်တစ်ဆယ် အထိ ပယ်ဖျက်လိုက်တာ ဖြစ်တာကြောင့် အရည်အတွက် အများဆုံး ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပါတယ်။

အရင်က ကျန်းမာရေး ၀န်ကြီးဌာနကို လျော်ကြေးမပေးပဲ အလုပ်ထွတ်လျှင် အကြောင်းမကြားပဲထွက်လျှင် ဆမ လို့ ခေါ်တဲ ဆေးကုသခွင့် လတ်မှတ်ကို သိမ်းယူပြီး ဆေးကုသခွင့် မပြုတော့ပါဘူး။

ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့ အခုလိုလုပ်တာ ဖြစ်ကြောင်း သိရပါတယ်။

အခုလို အမည်ပျက်စာ ရင်း ကနေ ပယ်ဖျက်ပေးလိုက်သူတွေ ထဲမှာ အစိုးရကို လျော်ကြေးပေးရမဲ့ ဆရာဝန်တွေဟာ အနည်းဆုံး ၁၀ သိန်း ကနေ အများဆုံး သိန်း ၃၀ အထိ ဘွဲ့အလိုက် လျော်ကြေးပေးပြီရင်တော့ သူတို့ဟာ အမည်ပျက်စာရင်း ကနေ ကင်းလွတ်ခွင့်ရပြီး ဆေးကုသခွင့် ပြန်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ အထိ မြန်မာနိုင်ငံမှာ အမည်ပျက်စာရင်း ထဲပါတဲ့ ဆရာဝန်တစ်ရာ ကျော် ရှိတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန က သိရပါတယ်။

အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် M Plaza Shopping Journal Vol 1 , Issue 18

M Plaza Shopping Journal Vol 1 , Issue 18

အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် Auto World Vol 2 Issue 38

Auto World Vol 2 Issue 38

အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ် အတွဲ(၂) အမှတ်(၄၀)

SportsView_2-40+

ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်

ကုလအတွင်းရေးမှူးချုပ်နဲ့ မြန်မာသမ္မတ ၂၀၁၂၊ ဧပြီလက တွေ့ဆုံခဲ့ကြစဉ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အောက်တိုဘာလ ၁၁ ရက် သောကြာနေ့ မနက်ပိုင်းမှာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လူအုပ်စုချင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ ပြေလည်ရေး အတွက် ဆွေးနွေးဖို့ ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန်တို့ ဘရူနိုင်းနိုင်ငံမှာရောက်နေကြတာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ သိသိသာသာ အောင်မြင် တိုးတက်မှုတွေ ရှိနေပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် စိန်ခေါ်မှုတွေ အများကြီးရှိနေသေးတယ်လို့လည်း ဘန်ကီမွန်းကဆိုပါတယ်။

ဒီပြဿနာတွေအတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးမှုဖြစ်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒတွေ ချမှတ်ဆောင်ရွက်နိုင်ဖို့လည်း သူနဲ့ တကွ သူ့ရဲ့အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) တို့က တိုက်တွန်းနေကြပါတယ်လို့ အတွင်း ရေးမှူးချုပ်က ပြောပါတယ်။

လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွင် မထည့်ရန် လွှတ်တော်ဆုံးဖြတ်

 ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အခြေခံပညာ အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းရန် အဆိုကို ကျောင်းသင်ခန်းစာများတွင် ထည့်သွင်း အသုံးမပြုဘဲ မှတ်တမ်းအဖြစ် သာထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ကန့်ကွက်ခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးများအတွက် အထောက်အကူ ဖြစ်စေရန်နှင့် သိရှိနားလည်နိုင်ရန် ရည်ရွယ်ကာ ယင်းအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဒေါ်တင်နွယ်ဦးက ဆိုသည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းခဲ့သည့်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီ ဖြစ်သောကြောင့် ယနေ့ခေတ်စနစ်နှင့် ညီညွတ်မှု မရှိတော့သောကြောင့် အထက်တန်း ပညာရပ်များတွင် ထည့်သွင်းရန် အားနည်းချက်များ ရှိနေပြီ ဖြစ်ကြောင်း ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။
“အင်မတန်အားနည်းတဲ့ အချက်တွေ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ကန့်ကွက်ပါတယ်” ဟု ဦးသိန်းညွန့်က လွှတ်တော် အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

၁၉၅၄ ခုနှစ်ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အထက်တန်းကျောင်းများ၏ သင်ခန်းစာများတွင် ထည့်သွင်း သင်ကြားမည် ဆိုပါက နိုင်ငံတော်က အသိအမှတ် ပြုထားသော အခြားဘာသာ သာသနာများနှင့် ခွဲခြား ဆောင်ရွက်ရာရောက်မည် ဖြစ်သောကြောင့် ကျယ်ပြန့်စွာ စဉ်းစားသင့်ကြောင်း၊ ထို့ကြောင့် လွှတ်တော်တွင် မှတ်တမ်းတစ်ခု အဖြစ်သာ ထားရှိရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ထောက်ပြ ပြောဆိုသည်။

ပညာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ပြောကြား

မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးစီမံခန့်ခွဲမှုဟာ ညံဖျင်းနေတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံပညာရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဆန်းလွှင်က ပြန်လည်ဖြေကြားအပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က အခုလို ပြောခဲ့တာပါ။

"ကျောင်းသားဗဟိုပြုစနစ်က ပြောသာပြောနေတယ်၊ ဘာမှကျောင်းသားကို ဗဟိုမပြုဘူး၊ ဆရာကရေးပြတဲ့ဟာကို အလွတ်ကျက်ပြီးတော့မှ ဖြေနေတဲ့သဘောဖြစ်နေတဲ့အခါကျတော့ ပညာရေးမှာ၊ မြန်မာနိုင်ငံမှာ သိပ္ဗံနဲ့နည်းပညာ အားနည်းတယ်ဆိုတာ ဒီပညာရေးစနစ်ကြောင့် အားနည်တာ၊ စဉ်းစားခြင်း၊ တွေးခေါ်ခြင်း၊ တီထွင်ခြင်းဆိုတဲ့ အဆင့်ကိုမရောက်ဘူး၊ မိမိဆီမှာ ကျူရှင်မယူရင် အတန်းထဲမှာနှိမ်တာတို့၊ ရိုက်တာတို့ဆိုတာ ဒီခေတ်မှာ မရှိသင့်တော့ဘူး၊ ဒီခေတ်မှာရှိသေးတယ်ဆိုရင် ဒီခေတ်မှာလည်း ပညာရေးစနစ် ညံ့ဖျင်းနေသေးတယ်ဆိုတာ သုံးသပ်လို့ရတယ်'

ဒါ့အပြင် ကျောင်းဆရာ၊ ဆရာမတွေ အရည်အသွေးမြင့်လာအောင် သင်တန်းတွေပေးဖို့၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအနေနဲ့လည်း ဆရာ၊ ဆရာမတွေ လိုက်နာနိုင်တဲ့အမိန့်တွေကိုသာထုတ်ပြန်ဖို့ စတဲ့အချက်တွေကိုလည်း ဦးခင်အောင်မြင့်က ထောက်ပြခဲ့ပါတယ်။

"ဆရာတွေ အရည်အသွေးမြင့်အောင် သင်တန်းတွေပေးရမယ်၊ ခန့်ထားပြီးသားဆရာတွေ ဖြုတ်ပစ်လို့မရဘူး၊ လဲပစ်လို့မရဘူး၊ ဒီဆရာတွေကိုပဲ အရည်အသွေးမြင့်မားအောင်လုပ်ရမယ်၊ ပြီးရင်ဘယ်လိုသင်သလဲ၊ ဆရာတစ်ယောက်က ကျောင်းသားဘယ်နှစ်ယောက်လဲ၊ သင်ကြားချိန် ဘယ်နှစ်ချိန်လဲ၊ တစ်ပတ်မှာ ၅ ရက်ရှိတယ်၊ အချိန် ၂ဝ လောက် သင်နေရပြီဆိုရင် ဒီဆရာက ကျန်တဲ့ correction အလုပ်လုပ်နိုင်စရာအကြောင်းမရှိဘူး၊ ကျူရှင်မပျောက်ဘူးဆိုတာ ကျောင်းမှာသင်တာ မလုံလောက်လို့မပျောက်တာလေ၊ ကျူရှင်မပြအောင် စုံစမ်းတယ်၊ စစ်ဆေးတယ်၊ အမိန့်ထုတ်တယ်၊ အရေးယူတယ် မပျောက်ဘူး၊ တရားသဖြင့် ပေးသောအမိန့်မဟုတ်လို့ရှိရင်'
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံပညာရေးနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနတွေရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ထင်သာမြင်သာရှိဖို့၊ တွဲဖက်အထက်တန်းကျောင်းတွေ တိုးမြင့်ပေးဖို့ စတဲ့အချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှု ပြစ်ဒဏ်ချမှတ်

 ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲကဒ်ပြားတွေပေါ်မှာ ဖယောင်းသုတ်ထားတယ်လို့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားရာမှာ ဒီနေ့ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် တစ်ထောင် (သို့) ထောင်ဒဏ်တစ်လ ဆိုပြီး အမိန့်ချလိုက်ပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ သတင်းပေးပို့ချက်ကြောင့် ကော်မရှင်ကိုစုံစမ်းပေးဖို့ တရားဝင်သတင်းပေးပို့ခဲ့ရာက အခုလို ဖြစ်ခဲ့တာပါလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မဲဆန္ဒရှင်တွေက ဖယောင်းသုတ်တယ်၊ ခြစ်လို့မရဘူးလို့ စောဒကတက်ကြတယ်၊ ကျနော်က ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူးအနေနဲ့ ဒါကအရေးကြီးတယ်၊ လူတွေရဲ့မဲပေးခွင့်ကို ထိခိုက်စေတယ်၊ ဗဟိုကော်မရှင်ကို ကျနော်တရားဝင်ပို့တာ၊ ရွေးကောက်ပွဲအပြီး တစ်ပတ်လောက်အကြာမှာ သူတို့စုံစမ်းတယ်၊ NLD ပါတီကို ကျနော်ပြန်တင်ပြတယ်၊ ပါတီကအမှားလုပ်တာမဟုတ်လို့ တောင်းပြန်ဖို့မလိုဘူးလို့ ဒါကိုကျနော်တို့ အကြောင်းပြန်တယ်၊ ဒါကိုမကျေနပ်လို့ ကျနော့်ကိုတရားစွဲပါတယ်၊ တစ်နှစ်ကျော်ပါပြီ၊ ကျနော်တရားရုံးနဲ့ ဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အတွက် ဒါကို လုံးဝစောဒကမတက်ဘူး၊ ဒီနေ့အမိန့်ချပါတယ်၊ ဒဏ်ငွေတစ်ထောင်ချပါတယ် ”

ဒီနေ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက ငွေဒဏ် ကျပ်တစ်ထောင် ပေးဆောင်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲပြားတွေပေါ်မှာ ဖယောင်းသုတ်တာမရှိကြောင်း ပြီးခဲ့တဲ့နှစ် မေလ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို တရားစွဲခဲ့တာပါ။

ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်

 ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားပေါ် တောင်ဘက်မုဒ်ရှိ ဗေဒင်ဟောခန်း အနီးတွင် (၁၀.၁၀.၂၀၁၃)နေ့ နံနက်(၄း၀၀)အချိန်ခန့်ကမုဒိန်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ထက်ထက်လှိုင် ထမင်းဆိုင်တွင် အလုပ်နေသော မxxxxx(၁၇)နှစ်သည် အလုပ်လုပ်နေစဉ် ဘုရားတောင်ဘက်မုဒ်ရှိ အိမ်သာသို့ သွားစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ဘေးမှ ဘုရားပန်းရောင်း သော မိန်းခလေးတစ်ဦးနှင့် အတူသွားရာ မxxxxမှ အိမ်သာမှထွက်၍ ခြေထောက်ဆေးနေစဉ် လွန်ခဲ့သော (၄/၅)ရက်ခန့်က ထမင်းဆိုင်တွင် ထမင်း စားဘူးသူ ကျော်သက်ဦး(၂၁)နှစ်၊ (ဘ)ဦးဇော်ဦး၊ (ယာဉ်နောက်လိုက်)၊ ဘဏ္ဍာကုန်းကျေးရွာ၊ ပဲခူးမြို့နယ် နေသူသည်မှ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ကျော်သက်ဦးမှ ဘုရားပေါ်တက်မည်၊ လိုက်ခဲ့ဟုခေါ်ရာ မxxxxမှ မလိုက်နိုင်ကြောင်း ပြောသောအခါ ကျော်သက်ဦးမှ အတင်းလက်ဆွဲကာ ပါးစပ်ပိတ်ပြီး ဘုရားပေါ်သို့ ခေါ်ဆောင်သွားခဲ့ရာ ဘုရားတောင်ဘက်မုဒ်ပေါ်ရှိ ဗေဒင်ဟောသည့် အခန်းအနီးတွင် ထိုင်ပြီး ကျော်သက်ဦးမှ မxxxxအား ချစ်ကြိုက်ကြောင်း ပြောဆိုပြီး မxxx၏ ရင်သားအား ကိုင်ခြင်း၊ ပါးအား နမ်းပြီး ဆွဲလှဲကာ အလိုမတူဘဲ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် မxxxxမှ ကျော်သက်ဦးအား အရေးယူပေးပါရန် ပဲခူးမြို့မ ရဲစခန်းသို့
တိုင်ကြားရာ ရဲစခန်းမှ(ပ)၆၀၀/၂၀၁၃ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)အရ အမှုဖွင့် အရေးယူထားပြီး တရားခံ ကျော်သက်ဦးအားဖ မ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်

အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရှို့မှုနှင့်တရားစွဲထားသူအား လူသတ်မှုသို့ပြောင်း



ရခိုင်အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိခဲ့ပြီးနောက်  သံတွဲပဋိပက္ခနှင့်ပတ်သက်ပြီး မီးရှို့မှုနှင့် တရားစွဲဆိုခံနေရသူ ကမန်တိုင်းရင်းသားများထဲမှ တစ်ဦးကို အဆိုပါလူသတ်မှုတွင်ပါဝင်နေသည်ဟုယူဆကာ ပြောင်းလဲ တရား စွဲဆိုထားသည်ဟု သံတွဲ့မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲဒုတပ်ကြပ် အောင်နိုင်ဝင်းက ပြောသည်။

“မီးရှို့မှုနဲ့ဖမ်းထားတဲ့  ရှစ်ယောက်ထဲက ဟာမက်(ခ) ကျော်စိုးလှိုင် ကလူသတ်မှုမှာပါနေတယ်။ သူကိုတော့ မနေ့က လူသတ်မှုနဲ့ပြောင်းလဲတရားစွဲဆိုပါတယ်” ဟု၎င်းကဆိုသည်။

အသက် ၂၉ နှစ်နှင့် ၃၃ နှစ်အရွယ်အမျိုးသားအလောင်းနှစ်လောင်းကို သံတွဲမြို့နယ် အုန်းတောချောင်းအနီးတွင် ယခုလ ၉ ရက် မနက်ကရဲများက တူးဖော်ရှာဖွေတွေ့ရှိခဲ့သည်။

သံတွဲတွင် စက်တင်ဘာ ၂၈ရက်မှစတင်ကာ ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်း သားများ ကြားပြသနာဖြစ်ပွား ခဲ့ရာ အဆိုပါပဋိပက္ခ   အတွင်း ရခိုင်တိုင်းရင်းသားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကာ၊ ကမန်တိုင်းရင်းသား ငါးဦးသေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းစာရင်းများကဆိုသည်။

အဆိုပါလူသတ်မှုတွင်ပါဝင်သူကို ရွှေလှေရဲစခန်းမှ (ပ) ၂၇/ ၁၃ ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆/၂၀၁/၁၁၄ တရားစွဲဆိုထား ကြောင်း၊ လူသတ်မှုတွင် ပါဝင်သူ နောက်ထပ်လေးငါးယောက်ခန့်ရှိကြောင်း၊  တိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးနိုင်ရန်စုံစမ်းနေကြောင်း ဒုတပ်ကြပ် အောင်နိုင်ဝင်းကပြောသည်။     

Thursday 10 October 2013

ရန်ကုန်မြို့တော် ခန်းမရှေ့ ဆူးလေ မှတ်တိုင်တွင် ရပ်၊ ချ၊ တင်၊ ထွက်စနစ် စံပြကျင့်သုံး

ရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်း သွားစေရန် မြို့အနှံ့ရှိ အဓိက ကျသော လမ်းမများ ပေါ်၌ ကားမှတ်တိုင်များတွင် ယာဉ်လိုင်းများမှ မော်တော် ယာဉ်များကို ရပ်၊ ချ၊ တင်၊ ထွက်စနစ် ကျင့်သုံးရန် သက်ဆိုင်ရာမှ ထုတ်ပြန် ကြေညာ ထားသော်လည်း လိုက်နာ ကျင့်သုံးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း နည်းနေသေး သဖြင့် တချို့နေရာများ၌ ယာဉ်ကြောများမှာ ဆိုးဆိုးရွားရွား ပိတ်ဆို့နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ သို့သော် မြို့တော် ခန်းမရှေ့ရှိ ဆူးလေ မှတ်တိုင်တွင်မူ ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို သက်ဆိုင် ရာမှ စောင့်ကြည့် ကြီးကြပ်ကာ စံပြ ကျင့်သုံးစေသည့် အတွက် ယာဉ်ကြော ရှင်းလင်းပြီး လိုင်းကားများ အပြင် တခြားသော မော်တော်ယာဉ်များလည်း အဆင်ပြေ ချောမွေ့စွာ မောင်းနှင် သွားလာ လျက် ရှိသည်ကို တွေ့ရသည်။

အဆိုပါ မြို့တော် ခန်းမရှေ့ရှိ ဆူးလေ မှတ်တိုင်တွင် လိုင်းကားများ စနစ်တကျ ခရီးသည် အတင်အချ ပြုလုပ်နိုင်စေရန် Barrier များ ကာရံပြီး Channel တစ်ခု လုပ်ပေးထားကာ ထို Channel အတွင်း၌ တခြားသော ယာဉ်များ ဝင်ရောက် ရပ်နားခြင်း မပြုလုပ်ရန် ဆိုင်းဘုတ်များ ဖြင့် သတိပေး ထားသည်။ ထို့အပြင် လိုင်းကားများ စနစ်တကျ ရပ်နားပြီးရပ်၊ ချ၊ တင်၊ ထွက် စနစ်ကို ကျင့်သုံးခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန် အနီးအနားတွင် CCTV Camera များကိုလည်း တပ်ဆင် ထားသည်ကို တွေ့ရသည်။
ယခု လက်ရှိတွင် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးရန် သက်ဆိုင်ရာမှ ပညာပေး ကာလအဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိသော်လည်း ပညာပေးကာလ နောက်ပိုင်းတွင် တိတိကျကျ လိုက်နာ ကျင့်သုံးခြင်း မရှိသော မော်တော်ယာဉ်များကို အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် မော်တော်ယာဉ်များ အားလုံး သည် ရပ်၊ ချ၊ တင်၊ ထွက် စနစ်ကို တိတိကျကျ လိုက်နာ ကျင့်သုံးမည် ဆိုပါက ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေသည် ၅ဝ ရာခိုင်နှုန်းခန့် အထိ လျော့ကျသွား နိုင်ဖွယ်ရှိကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ 

မြန်မာ အလှည့်ကျအာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မေးခွန်းထုတ်

လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပါရဲ့လားလို့ ဝေဖန်သူတွေက မေးခွန်းထုတ်ကြပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ်မှာ အလှည့်ကျ အာဆီယံဥက္ကဌ တာဝန်လက်ခံဖို့ သမ္မတ ဦးသိန်းစိန်ဟာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၃ ကြိမ်မြောက် အာဆီယံညီလာခံကို တက်ရောက်နေပြီဖြစ်ပါတယ်။ ဒေသတွင်း စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးတက်ဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို အလှည့်ကျ အာဆီယံဥက္ကဌအဖြစ် ဒီကနေ့တရားဝင်ခန့်အပ်မှာပါ ။ တကယ့် အာဆီယံ ဥက္ကဌတာဝန်တွေကိုတော့ ၂၀၁၄ ဇန်န၀ါရီ ၁ ရက်နေ့မှာ စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကဲခတ်တချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာဟာ အာဆီယံဥက္ကဌဖြစ်ဖို့ အချိန်မတန်သေးဘူးလို့ဆိုကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မပြည့်စုံသေးဘူးလို့ ပြောဆိုခဲ့သလို၊ Fortify Rights အဖွဲ့က မြန်မာ့အရေးလေ့လာသူ Matthew Smith ကလည်း လူ့အခွင့်အရေး ထောင့်ကကြည့်ရင် မြန်မာကို ဥက္ကဌနေရာဟာ မြန်မာအစိုးရအတွက် မရဖူးတဲ့ဂုဏ်တစ်ရပ်ဖြစ်ပါတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း လူနှစ်သိန်းခွဲကျော် နေရာရွှေ့ပြောင်းခံခဲ့ရတယ်၊ စစ်ကြောင့်ဖြစ်ရတဲ့ ချိုးဖေါက်မှုတွေလည်းရှိနေတုန်းပါ၊ ရခိုင်ပြည်နယ်က လူမျိုးစုပြဿနာကလည်း အာဆီယံဒေသအဆင့် ဒုက္ခသည် အကြပ်အတည်းတစ်ခုဖြစ်လာနေပါတယ်၊ ဒီကိစ္စတွေဟာ အာဆီဥက္ကဌအဖြစ်နဲ့ မလျော်ကန်ပါဘူးလို့ ပြောပါတယ်။

ပြည်တွင်း နိုင်ငံရေးအကဲခတ်တစ်ဦးကလည်း မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ပြည်တွင်းပြဿနာတွေကို ပြေလည်အောင်မရှင်းနိုင်ဘဲနဲ့ ၊ ဒေသတွင်းခေါင်းဆောင်အခန်းကဏ္ဍကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ မေးခွန်းထုတ်စရာပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတရဲ့ ပြောခွင့်ရသူကတော့ မြန်မာနိုင်ငံမှာ ပြဿနာတွေရှိနေတယ်ဆိုတာ လက်ခံပါတယ်၊ ဒါပေမဲ့ မြန်မာဟာ သူ့အတိုင်းအတာနဲ့သူ အကောင်းဆုံးဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်လို့ ပြောခဲ့သလို၊ ကမ္ဘောဒီးယား လူ့အခွင့်အရေးခေါင်းဆောင်တစ်ဦးကလည်း မြန်မာကို လူရှေ့သူရှေ့ နေရာပေးလိုက်ရင် ပြုပြင်ပြောင်းလဲမှုတွေအတွက် အကျိုးရှိလိမ့်မယ်လို့ ပြောဆိုသူပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကတော့ တဖြည်းဖြည်းပြောင်းလဲနေတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲတွေရှိနေပေမဲ့၊ အချိန်တန်တော့လည်း အာဆီယံဥက္ကဌ ဖြစ်လာတဲ့သဘောပါပဲလို့ ပြောကြားခဲ့ပါတယ်။ 

လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားဖွယ်ရှိ

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထွက်ရှိနေပေမဲ့၊ လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထားရဖွယ်ရှိတယ်လို့ UPI သတင်းက ဖေါ်ပြပါတယ်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ရေးအတွက် မြန်မာနဲ့အတူ ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယနဲ့ စင်္ကာပူတို့ သဘောတူညီခဲ့ကြပါတယ်။ ဓါတ်အားပမာဏ မက်ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မယ့် အဲဒီစက်ရုံကို မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ Daimon Palace Services လီမိတက်တို့နဲ့အတူ အိန္ဒိယ Orange Powergen လီမိတက်၊ စင်္ကာပူ Global Adviser လီမိတက်တို့ ပူးပေါင်းတည်ဆောက်ကြမယ်လို့ သိရပါတယ်။

အလားတူ အိန္ဒိယ တာတာ စွမ်းအင်ကုမ္ပဏီဟာ ဧရာဝတီတိုင်း၊ ငရုတ်ကောင်းရွာမှာ ကျေက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ဖို့စီစဉ်နေပြီး၊ ၁၀၁၉ ခုနှစ်မှာ အပြီးသတ်ဖို့မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမရရှိသူလူဦးရေ ၇၀ ရာနှုန်းရှိပါတယ်။ အခုအခါ ကျောက်မီးသွေးထက်စာရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုနည်းတဲ့သဘာဝဓါတ်ငွေ့ အမြောက်အများ တွေ့ရှိနေပေမဲ့၊ ပြည်တွင်းမှာ မသုံးစွဲနိုင်သေးဘဲ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်နေပါတယ်။
ဒေသတွင်း စွမ်းအက်လုပ်ငန်းအကြံပေးတစ်ဦးဖြစ်သူ Collin Reynolds က မြန်မာနိုင်ငံမှာ တွေ့ရှိထားတဲ့ သဘာဝဓါတ်ငွေ့သိုက်တွေဟာ စိတ်မချရကြောင်း၊ စိတ်ချရတယ်ဆိုဦး၊ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိဖို့ အသည်းအသန်လိုအပ်နေလို့ အပြင်ကိုရောင်းနေရတာဖြစ်ကြောင်း ပြောဆိုပါတယ်။ 

တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေများ တစ်နှစ်အတွင်း ဆယ်ဆခန့်ဈေးမြင့်




မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်အတွင်း တည်ဆောက်နေသော နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ်ကမ်းနှင့် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် စီမံကိန်းတို့နှင့် နီးသော ယာမြေများကို မန္တလေးမြို့ခံ တရုတ်ဝယ်လက်များကြောင့် တစ်နှစ်အတွင်း ဆယ်ဆခန့် ပေါက်ဈေး မြင့်တက် သွားကြောင်း အဆိုပါဒေသ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ စီမံကိန်းများ ပေါ်ပေါက်လာခြင်းကြောင့် တံတားဦး-မြို့သာ-မြင်းခြံ မော်တော်ကားလမ်းဘေးရှိ လယ်ယာမြေများကို မန္တလေးမြို့ခံ တရုတ်ဝယ်လက်များ အဓိက ဝယ်ယူပြီး လမ်းမဘေး ကားလမ်းနှင့် နီးပြီး နေရာအကွက်အကွင်း ကောင်းသည့်ပေါ် မူတည်၍ ပေါက်ဈေး ကွာခြားကာ အရောင်းအဝယ် ဖြစ်ကြောင်းမြို့သာမြို့ အခြေစိုက် မြေဝယ်ရောင်း လုပ်ကိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းများအနီး ကျေးရွာယာမြေများသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခန့်က တစ်ဧကလျှင် ကျပ်သိန်း ၂၀ ခန့်ရှိခဲ့ရာမှ ယင်းစီမံကိန်းကို အကြောင်းပြုကာ တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ မှ သိန်း၂၅၀ ခန့်အထိ ပေါက်ဈေး ရှိလာကြောင်း မြင်းခြံမြို့နယ် ညောင်ပင်သာ ကျေးရွာ ရာအိမ်မှူး ဦးသိန်းထွန်းနိုင်က The Voice သို့ ပြောကြားသည်။

ယင်းစီမံကိန်းများကြောင့် အသိမ်းခံရသည့် လယ်ယာမြေ တစ်ဧကအတွက် မြေယာလျော်ကြေး ကျပ်သိန်း ၂၀ နှင့် ကျပ်ငါးသိန်းနှုန်း နှစ်မျိုးသာရကြောင်း ဆီမီးခုံဆိပ်ကမ်း အနီးရှိ ညောင်ပင်သာ ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ဝယ်တော့ ဝယ်နေကြတာပဲ။ ရောင်းသူကလည်း ရောင်းနေတာပဲ။ ဒီမြေရောင်းလိုက်တဲ့ငွေက ဘယ်လောက်အထိ အသုံးခံမှာလဲဆိုတာ စဉ်းစားပြီးမှ ရောင်းဝယ်သင့်တယ်” ဟု တံတားဦးမြို့နယ် ဂေါင်းကွဲကျေးရွာတွင် နေထိုင်သူ တောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Rayal Hi-Tech Company Group တို့ပူးပေါင်းကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလခန့်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ညောင်ပင်သာ ကျေးရွာတွင် နိုင်ငံတကာအဆင့်မီ ဆီမီးခုံ သင်္ဘောဆိပ်ကမ်း စီမံကိန်းနှင့် ငါန်းဇွန်မြို့နယ် မြို့သာမြို့အနီးတွင် မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုမ္ပဏီထံမှ သိရှိရသည်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့