ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်း ဖက်မှုတွေ စနေနေ့ညက ဖြစ်ပွားခဲ့ပြီး အိမ်တချို့ ဖျက်ဆီးခံခဲ့ရတာကြောင့် အခြေ အနေကို ထိန်းသိမ်းတဲ့အနေနဲ့ အာဏာပိုင်တွေက အခုအခါ လုံခြုံရေး တိုးမြှင့်ချ ထားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောင်းကုန်း ဒေသခံ မူဆလင်အမျိုးသားတစ်ဦးကနေ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် အခုလို အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ ကျောင်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ်မှာတော့ ရဲရော စစ်တပ်ကပါ လုံခြုံရေး တင်းတင်းကျပ်ကျပ် ယူထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းက ဆက်သွယ်စုံစမ်းတင်ပြပေးထားပါတယ်။
အောက်တိုဘာလ ၅ ရက် စနေနေ့ညနေက ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ ဒေသခံ မူဆလင် အမျိုးသားတစ်ဦးကနေ အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတစ်ဦးကို မတရားပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိန်းကလေးရဲ့ မိခင်ဖြစ်သူက ရဲစခန်းကို သွားရောက် တိုင်ကြားရာ ကနေ တဖြည်းဖြည်း သတင်းပျံ့နှံ့ခဲ့ပြီး အခုလို လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ကျောင်းကုန်းရဲစခန်းက ဒီအမှုကို စစ်ဆေးနေချိန်မှာပဲ ရာနဲ့ချီတဲ့ လူတွေက အစောပိုင်းမှာ ရဲစခန်းရှေ့ စုဝေးခဲ့ကြပြီး နောက်ပိုင်းမှ အဲ့ဒီမူဆလင် အမျိုးသားရဲ့ နေအိမ်အပါအဝင် အိမ်တချို့ကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ၈၈ မျိုးဆက်အဖွဲ့မှ ကိုမျိုးနိုင်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။
“မြို့ခံတွေလည်းပါတယ်၊ လူကြီိးတွေလည်းပါတယ်၊ ကျေးရွာကနေပြီး တို့ဗမာ အမျိုးသမီးကို ထိရင် မခံဘူးကွ-ဆိုပြီး အော်ပြီးတက်လာတဲ့သူတွေလည်း ပါတယ်။ တချို့က ဓားတွေ၊ တုတ်တွေပါတယ်။အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ကလည်း တားပါတယ်။ ၈၈-ကလည်း တားတယ်။ လွှတ်တော်အမတ်တွေ ကလည်း တားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း တားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း တားတယ်။ တားလို့ ဘယ်လိုမှ မရဘူး။ လူအုပ်ကနေပြီး အုန်းအုန်း..အုန်း..အုန်းနဲ့ ဖျက်ကြတယ်။ အဲဒီ ကိုလှဝင်းရဲ့အိမ်ကို ဖျက်ကြတယ်။ သူ့ညီရဲ့အိမ်ကို ဖျက်တယ်။ သူ့ညီမအိမ်ကိုဖျက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျောင်းကုန်းရဲစခန်းက ရောက်လာတယ်။ ရဲဘော်အင်အားရော၊ အရာရှိအင်အားရော ၁၅ ယောက်လောက် ရှိမယ်။ ရောက်လာပြီးတားတယ်။ ‘မင်းတို့ မလုပ်ကြနဲ့-လူစုခွဲကြ’..နဲ့တားတယ်။ လူစုက ဘယ်လိုမှ ခွဲမရဘူး။ အုန်းအုန်း..အုန်း..အုန်းဖြစ်နေတယ်။ အဲဒီအချိန်မှာ သစ်ဆိမ့်ကုန်း ဆရာတော် ဘုရားကြီးရယ်၊ မော်--- ဆရာတော်ဘုရားကြီးရယ် ရောက်လာပြီးတော့ လူထုကို ထိန်းသွားတယ်ပေါ့။ ဆရာတော်တွေစကားနားထောင်ပြီး လူစုတော့ ကွဲသွားတယ်။”
ဒီအကြမ်းဖက်မှု အဓိကရုဏ်းနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောပါတယ်။ တိုင်ကြားခံရသူ မူဆလင်အမျိုးသားကို တော့ ကျောင်းကုန်းရဲစခန်းကနေ ပုသိမ်ကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တဲ့အကြောင်းနဲ့ အခုလောလောဆယ် အာဏာပိုင်တွေအနေနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်လို့ လုံခြုံရေးအင်အားကို တိုးမြှင့်ချတယ်လို့ လည်း ဦးသိန်းနိုင်က အခုလို ပြောပြပါတယ်။
“အခုဆို အေးအေးချမ်းချမ်းပါပဲ။ ထိခိုက်ဒဏ်ရာရတာ ဘာမှ မရှိဘူး။ အခုလောလောဆယ်မှာ ရဲအင်အားဆိုလို့ရှိရင် ၁၀၀ ကျော်လောက်ရှိတယ်။ လုံခြုံရေးယူထားတာ၊ တပ်ကလည်း ၃၀ လောက်ရှိတယ်။ တပ်ရင်းတပ်ဖွဲ့မှူးရော၊ နောက်တခါ ခရိုင်အုပ်ချုပ်ရေးမှူးတို့- ဒိပြင် ခရိုင်ရဲတပ်ဖွဲ့မှူးတွေ သုံး-လေးယောက်လောက်ပါတယ်။ ရဲအင်အား ၈၀ လောက်နဲ့ အခုထက်ထိ လုံခြုံရေး အခိုင်အမာ ချထားတုန်းပဲ။ ..ဆိုတော့ သိပ်တော့ ညက ဘာမှ မဖြစ်သလို ဒီနေ့တော့လည်း မဖြစ်ဘူးထင်တာပဲပေါ့ဗျာ။ ကျနော်တို့တွေကလည်း တတ်နိုင်သလောက်တော့ ဝိုင်းပြီး မြို့မိ မြို့ဖတွေကလည်း ဝိုင်းထိန်းကြရမှာပေါ့။ တရားခံနဲ့ပတ်သက်လို့ကတော့ ဥပဒေကြောင်းအရ သူ့ကိုတော့ အရေးယူမယ်ပေါ့။ မနေ့ကတည်းက အာဏာပိုင်အဖွဲ့အစည်းက ဖမ်းပြီးတော့ ပုသိမ်ကို ပို့ပြီးပြီ။ ဒါကလည်း ဥပဒေနဲ့အညီဖြစ်အောင် မှန်မှန်ကန်ကန် အရေးယူ ဆောင်ရွက်မှာပါ။”
မေး။ ။ ကျမ နောက်ဆုံးသိချင်တာက တချို့အိမ်တွေ အဖျက်ခံရတယ်ဆိုတော့ အဲဒီ အိမ်တွေ ဖျက်တဲ့သူတွေကိုရော အာဏာပိုင်တွေဘက်က အရေးယူဖို့ အစီအစဉ်တွေ ရှိပါလားရှင့်။
“အဲဒါကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စည်းကမ်းဥပဒေနဲ့ ညီအောင်လုပ်ဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ လောလောဆယ်မှာတော့ ငြိမ်သွားအောင် လိုက်ထိန်းတဲ့ သဘောမှာရှိတယ်။”
ဒီအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းကုန်းရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အခြေအနေတွေဟာ လောလောဆယ် တည်ငြိမ်နေတယ်ဆိုပေမဲ့ ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပြီး သတိထား သွားလာနေကြ တယ်လို့ ကျောင်းကုန်းဒေသခံ ၈၈ မျိုးဆက်အဖွဲ့က ကိုမျိုးနိုင်ဝင်း က အခုလို ပြောပါတယ်။
“အခုက ဘယ်လိုပုံစံဖြစ်နေလဲဆိုတော့ မြို့က ခြောက်ကပ်နေတယ်။ ဆိုင်တွေ၊ ဈေးတွေပိတ်ကုန်ပြီ။ သတိထားနေရတဲ့အနေအထားမှာ ရှိသေးတယ်။”
ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ သွေးထွက်သံယို ဆူပူအကြမ်းဖက်မှုတွေ ဒီပဋိပက္ခအတွင်း ထိခိုက်သေဆုံးမှုတွေ၊ နေအိမ် အဆောက်အဦးတွေ၊ ဗလီတွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပြီးနောက်မှာတော့ လုံခြုံရေးတွေ ကိုလည်း တိုးမြှင့်ချထားခဲ့တာပါ။ အခြေအနေတွေ အခုအခါ ပြန်လည် တည်ငြိမ်စပြုလာနေပြီလို့ ဆိုပေမဲ့လည်း ဒေသခံတွေကြားမှာတော့ လုံခြုံရေးအတွက် စိုးရိမ်ပူပမ်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာနကတော့ လူ ၅ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီး၊ ဒီပဋိပက္ခနဲ့ဆက်စပ်ပြီးတော့ မင်္သကာသူ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၄ ဦးကို သံတွဲရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့ကနေ သတင်း ထုတ်ပြန်ခဲ့ပါတယ်
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
October
(252)
- ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှ...
- ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)
- ၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်...
- အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း
- တောင်ငူမြို့ တည်းခိုခန်းတွင်ဗုံးပေါက်ကွဲနှစ်ဦးသေ
- ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်မျာ...
- ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ
- အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (V...
- အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂ...
- မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်...
- ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမ...
- ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗို...
- လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကိ...
- အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေး...
- ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့...
- နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဓာတုလက်နက်တားဆီးရေးအဖွဲ့ ...
- အုပ်စုဖွဲ့ တောင်းပွဲ တိုက်ပွဲများကြောင့် စိုက်ပျို...
- ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြ...
- မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျေ...
- ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထေ...
- ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်
- သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်
- ၀န်ကြီးချုပ်များကို လွှတ်တော်များမှ တိုက်ရိုက်ခန့်ထ...
- ဦးကျော်ဆန်း ၀ဋ်လည်ပြီလား
- ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန...
- လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ
- ဆရာဝန် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် M Plaza Shopping Journ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် Auto World Vol 2 Issue 38
- အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ်...
- ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်
- လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွ...
- ပညာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်ေ...
- မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှု ပြစ်ဒဏ...
- ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်
- အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရ...
- ရန်ကုန်မြို့တော် ခန်းမရှေ့ ဆူးလေ မှတ်တိုင်တွင် ရပ်...
- မြန်မာ အလှည့်ကျအာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မေးခွန်းထုတ်
- လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထာ...
- တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေမျာ...
- မြန်မာမှ အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူခဲ့၊ ၂၀၁၄ ဇ...
- မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မ...
- မယ်စကြာဝဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖ...
- ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူမ...
- အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်...
- ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး
- ပျောက်ဆုံးနေသူ လူငယ် (၂) ဦး အလောင်းကို သံတွဲတွင် ရ...
- တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ...
- ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ မီးလောင်မှုဖြစ်ပွား
- ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ...
- တရုတ်နိုင်ငံ တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကိုြ...
- ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက်...
- စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံး...
- ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်အတွင်း ညမထွက်ရ အမိန့်ရု...
- မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး
- မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကိ...
- ဦးဥာဏ်ဝင်း(NLD)အား ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိ...
- ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာကျောက်မျက်ကုမ္ပဏီ ဖျ...
- မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အာ...
- အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်...
- မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ...
- ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်
- စိတ်ကြွဆေးတွေ ရန်ကုန် လေဆိပ်မှာ ဖမ်းမိ
- » ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံ...
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Tech Space Vol 2 Issue 28
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Netguide Vol(3) , Issue...
- တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာ...
- အမှုကြီးများဖြစ်ပွားမှု မြင့်တက်လာ၍ မန္တလေးမြို့ခံမျာ...
- လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်...
- ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ...
- မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းအကြားေ...
- ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ...
- မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်
- အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး
- အမျိုးသမီးဘော်ဒါဆောင်ရှေ့ ဂစ်တာတီးနေစဉ် အမည်မသိ လူ...
- ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝြ...
- နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်မြောက်
- တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး
- ဖွဲ့စည်းပုံ ပြင်သင့်ရင် ပြင်မယ့် သူရ ဦးရွှေမန်း
- » မြန်မာ ၃၄ ဦး ထိုင်းလူပွဲစားနဲ့ အတူ အဖမ်းခံရ
- အောက်တိုဘာလ (၁၀)ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄...
- အောက်တိုဘာလ (၇)ရက်နေ့ထုတ် Commerce Journal Vol 13 ...
- ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာ...
- သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
- ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာ...
- စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်
- Cranfield တက္ကသိုလ်မှာ မြန်မာစစ်အရာရှိ သင်တန်းတက်
- မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ...
- နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ၀င်ငွေ ကျဆင်းလာ
- မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရ...
- မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ...
- ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်...
- စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင...
- ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် ...
- နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
- အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
- ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား န...
- ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်
- ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြာ...
-
▼
October
(252)
No comments:
Post a Comment