Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Monday, 7 October 2013
အရွယ်မရောက်သေးသူ မိန်းကလေးငယ် အဓမ္မကျင့်ခံရ၍ ကျောင်းကုန်းတွင် ပဋိပက္ခဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရရာမှ အောက်တိုဘာ ၅ ရက်နေ့ ည ၈ နာရီခန့်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။
ကျောင်းကုန်းမြို့နယ် (၂) ရပ်ကွက် ဗောဓိကုန်း၊ ကျန်စစ်သား (၁) လမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ် အစ္စလာမ် ဘာသာဝင် ဦးလှဝင်းဆိုသူက ၎င်း၏ အိမ်နီးချင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခြင်းနှင့် ပတ်သက်၍ ဒေသခံများက မကျေမနပ် ဖြစ်ရာမှ ပဋိပက္ခ ဖြစ်ပွားပြီး လူနေအိမ် ငါးလုံးနှင့် အစ္စလာမ် ဘာသာဝင် သုသာန်ရှိ ဇရပ်တစ်ဆောင် မီးရှို့ ဖျက်ဆီးခံရကြောင်း၊ အောက်တိုဘာလ ၅ ရက်နေ့ည ၈ နာရီမှ စတင်ခဲ့သော အဆိုပါ ပဋိပက္ခသည် နောက်တစ်နေ့ နံနက် ၁ နာရီကျော်တွင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောကြားသည်။
သြဂုတ်လ နောက်ဆုံးပတ်က နေအိမ်၌ မိန်းကလေးငယ် တစ်ဦးတည်း ရှိနေစဉ် ဦးလှဝင်းက အိမ်ပေါ်သို့ တက်ရောက်လာပြီး ပါးစပ်ကို အဝတ်ဖြင့် ပိတ်ဆို့၍ အဓမ္မပြုကျင့်ခဲ့ပြီး မိဘများကို ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုသဖြင့် မပြောရဲဘဲ ဦးလှဝင်း၏ ဇနီးဖြစ်သူကို မိန်းကလေးငယ်က တိုင်ကြားပြောပြခဲ့ရာ ဒေါ်နန်းကလည်း မည်သူ့ကိုမျှ မပြောရန် ထပ်မံ ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ မိန်းကလေးက The Voice သို့ ပြောကြားသည်။
“ကျွန်မသမီးလေး အလုပ်လုပ်တဲ့ ဆိုင်ရှင်အစ်မက သမီးလေး မှိုင်နေတာတွေ့လို့ မေးမှ သမီးက ဆိုင်ရှင်အစ်မကို ပြန်ပြောပြလို့ သိရပြီး ရဲစခန်းကို တိုင်ကြားရတာပါ” ဟု ယင်းမိန်းကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။
ကျောင်းကုန်း မြို့မရဲစခန်းတွင် တရားလို သားအမိကို စစ်ဆေး မေးမြန်းနေစဉ် ဒေသခံများ ရောက်ရှိလာပြီး တရားခံကို ထုတ်ပေးရန် တောင်းဆို၍ မြို့မဗလီအနီးရှိ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်သော နေအိမ်များကို ဝိုင်းရံထားစဉ် ကျောင်းကုန်းမြို့ရှိ သံဃနာယက ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့များ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ရပ်မိရပ်ဖများက ဝိုင်းဝန်းထိန်းသိမ်း ကြသဖြင့် မြို့မရပ်ကွက်မှာ ပျက်စီးဆုံးရှုံးမှု မရှိသော်လည်း တရားခံ၏ မိသားစုဝင်များ နေထိုင်သော နေအိမ်သုံးလုံး ဖျက်ဆီးခံရပြီး အစ္စလာမ် သုသာန်ရှိ ဇရပ်တစ်ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မူဆလင်များ ဘာသာရေးအဖွဲ့ ကျောင်းကုန်းမြို့နယ် ဥက္ကဋ္ဌ ဦးအုန်းမောင်က ပြောဆိုသည်။
“လူတစ်ဦးတစ်ယောက်ရဲ့စာရိတ္တ ချို့ယွင်းမှုကြောင့် ဖြစ်ရတာ ဘာသာရေး လူမျိုးရေးနဲ့ မဆိုင်ပါဘူး။ ဒီလူကြောင့် ကျွန်တော်တို့ တစ်မြို့လုံး စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူက အစ္စလာမ် ဘာသာရဲ့ အဆုံးအမအောက်မှာ မရှိတဲ့သူ ဖြစ်တယ်။ သူ့ကို ထိထိရောက်ရောက် အရေးယူပေးဖို့ သက်ဆိုင်ရာကို အကြောင်းကြား တောင်းဆိုပြီးပါပြီ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကျောင်းကုန်းမြို့တွင် အစ္စလာမ် ဘာသာဝင် အိမ်ထောင်စု ၁၇၃ စုရှိပြီး မြို့မဘက်ကမ်းတွင် ဗလီတစ်လုံးနှင့် မြို့တစ်ဖက်ကမ်းတွင် ဗလီတစ်လုံး ရှိကြောင်း၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအဖွဲ့ ဖွဲ့၍ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန် ဒေသအာဏာပိုင်များနှင့် လူမှုရေး အဖွဲ့များက လုပ်ဆောင်နေကြပြီး ပြစ်မှု ကျူးလွန်သူကို ကျောင်းကုန်းမြို့ မြို့မရဲစခန်းတွင် ပြစ်မှုအမှတ် ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မြိုခံများထံမှ စုံစမ်းသိရှိရသည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
October
(252)
- ဟံသာဝတီ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၄ နှ...
- ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ကော်မရှင် (ရုပ်/သံ)
- ၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်...
- အကျဉ်းစခန်းမှ ဦးစီးအရာရှိ လုပ်အား အဓမ္မစေခိုင်း
- တောင်ငူမြို့ တည်းခိုခန်းတွင်ဗုံးပေါက်ကွဲနှစ်ဦးသေ
- ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်မျာ...
- ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ
- အောက်တိုဘာလ(၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- အောက်တိုဘာလ (၁၃)ရက်နေ့ ထုတ် EURO SPORTS Journal (V...
- အောက်တိုဘာလ (၇)ရက်နေ့ ထုတ် မြန်မာတောင်သူကြီးများ ဂ...
- မောင်တော နယ်စပ် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ဆက်လက်ထုတ်...
- ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမ...
- ဆယ်တန်းကျောင်းသူနှင့် အတူနေပြီး လက်ထပ်မယူဘဲ စစ်ဗို...
- လျှပ်စစ်ဓာတ်အားခ နှုန်းထား ပြောင်းလဲ ကောက်ခံခြင်းကိ...
- အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေး...
- ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့...
- နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဓာတုလက်နက်တားဆီးရေးအဖွဲ့ ...
- အုပ်စုဖွဲ့ တောင်းပွဲ တိုက်ပွဲများကြောင့် စိုက်ပျို...
- ပြည်မြို့ နဝဒေး တံတားအနီး လူသတ်မှု အမှုမှန်ပေါ်ရေး ပြ...
- မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျေ...
- ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထေ...
- ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်
- သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်
- ၀န်ကြီးချုပ်များကို လွှတ်တော်များမှ တိုက်ရိုက်ခန့်ထ...
- ဦးကျော်ဆန်း ၀ဋ်လည်ပြီလား
- ရခိုင်ပြည်နယ်တ၀ှမ်း စစ်တပ်သိမ်းယူမြေဧက တစ်သောင်းခန...
- လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ
- ဆရာဝန် တစ်ထောင်ကျော်ကို နာမည်ပျက်စာရင်း ကနေ အစိုးရ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် M Plaza Shopping Journ...
- အောက်တိုဘာလ (၁၁)ရက်နေ့ ထုတ် Auto World Vol 2 Issue 38
- အောက်တိုဘာလ (၁၀)ရက်နေ့ ထုတ် အားကစားမြင်ကွင်းဂျာနယ်...
- ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်
- လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွ...
- ပညာရေးစီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်ေ...
- မဲပြားတွေမှာ ဖယောင်းသုတ်ကြောင်း တိုင်ကြားမှု ပြစ်ဒဏ...
- ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်
- အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရ...
- ရန်ကုန်မြို့တော် ခန်းမရှေ့ ဆူးလေ မှတ်တိုင်တွင် ရပ်...
- မြန်မာ အလှည့်ကျအာဆီယံ ဥက္ကဌ တာဝန်ယူဖို့ မေးခွန်းထုတ်
- လျှပ်စစ်ဓါတ်အားအတွက် ကျောက်မီးသွေးကိုသာ အဓိကအားထာ...
- တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေမျာ...
- မြန်မာမှ အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူခဲ့၊ ၂၀၁၄ ဇ...
- မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မ...
- မယ်စကြာဝဠာ မြန်မာ ရွေးချယ်မှုမှုနှင့် ပတ်သက်ပြီး ဝေဖ...
- ကာမကိစ္စအလို့ငှာ သွေးဆောင်စည်းရုံး ပို့ဆောင် ပေးသူမ...
- အောင်မင်္ဂလာအဝေးပြေးတွင် ရဲတပ်ဖွဲ့ဝင်နှင့် အငှားယာဉ်...
- ဆေးနဲ့မှည့်တဲ့ငှက်ပျောသီး
- ပျောက်ဆုံးနေသူ လူငယ် (၂) ဦး အလောင်းကို သံတွဲတွင် ရ...
- တောင်ကြီး ကွန်ပျူတာတက္ကသိုလ် အတွင်းက တောင်သူတွေကို ...
- ပခုက္ကူ အမှတ်(၅)အထည်စက်ရုံ မီးလောင်မှုဖြစ်ပွား
- ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၀ ...
- တရုတ်နိုင်ငံ တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကိုြ...
- ယာဉ်မောင်း မရှိစဉ် မော်တော်ယာဉ် အား ယာဉ်နောက်လိုက်...
- စားသုံးရန်မသင့်သည့်ဆီများ မြန်မာနိုင်ငံအတွင်း လုံး...
- ငပလီကမ်းခြေနှင့် ဟိုတယ်ဇုန်အတွင်း ညမထွက်ရ အမိန့်ရု...
- မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး
- မင်းရာဇာက ရိုက်ကွင်းတွင်အမျိုးသမီးသရုပ်ဆောင်အသစ်ကိ...
- ဦးဥာဏ်ဝင်း(NLD)အား ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိ...
- ဦးဇော်ဇော်ပိုင်သည့် မက်စ်မြန်မာကျောက်မျက်ကုမ္ပဏီ ဖျ...
- မိုးထိမိုးမိရွှေလုပ်ကွက် နောက်ဆုံးကျန်ဇုန်ကို အင်အာ...
- အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်...
- မန္တလေးမြို့ သုံးလောင်းပြိုင် လူသတ်မှု တရားခံနှစ်ဦး ...
- ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်
- စိတ်ကြွဆေးတွေ ရန်ကုန် လေဆိပ်မှာ ဖမ်းမိ
- » ထုံးဘိုကျောက်ထုတ်စခန်း သုံးရက်ဆက်တိုက် ကျောက်တုံ...
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Tech Space Vol 2 Issue 28
- အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Netguide Vol(3) , Issue...
- တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာ...
- အမှုကြီးများဖြစ်ပွားမှု မြင့်တက်လာ၍ မန္တလေးမြို့ခံမျာ...
- လယ်မြေများအတွက် နစ်နာကြေးပေးရန် စကုဒေသခံများ တောင်...
- ဒေသခံတောင်ယာသွားလမ်း စစ်တပ်သံဆူးကြိုးများဖြင့် ပိတ...
- မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းအကြားေ...
- ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ...
- မလေးရှားရောက် တရားမဝင် မြန်မာနှစ်ရာနီးပါး အိမ်ပြန်
- အစဉ်အလာကို ကျော်နိုင်ဖွယ် မရှိသေးသည့် နွေလျှပ်စစ်မီး
- အမျိုးသမီးဘော်ဒါဆောင်ရှေ့ ဂစ်တာတီးနေစဉ် အမည်မသိ လူ...
- ဝက်မှေးရွာဟောင်းမှဆန္ဒထုတ်ဖော်ခွင့်ကိုအင်အား ၁၅ဝဝြ...
- နိုင်ငံရေးအကျဉ်းသား ၅၆ ယောက် လွတ်မြောက်
- တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး
- ဖွဲ့စည်းပုံ ပြင်သင့်ရင် ပြင်မယ့် သူရ ဦးရွှေမန်း
- » မြန်မာ ၃၄ ဦး ထိုင်းလူပွဲစားနဲ့ အတူ အဖမ်းခံရ
- အောက်တိုဘာလ (၁၀)ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄...
- အောက်တိုဘာလ (၇)ရက်နေ့ထုတ် Commerce Journal Vol 13 ...
- ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာ...
- သမ္မတဦးသိန်းစိန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
- ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာ...
- စစ်တွေတွင် တရားမ၀င်ဆန္ဒပြမှုဖြင့် ထောင်ဒဏ်စီရင်
- Cranfield တက္ကသိုလ်မှာ မြန်မာစစ်အရာရှိ သင်တန်းတက်
- မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ...
- နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ၀င်ငွေ ကျဆင်းလာ
- မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရ...
- မူဆယ်တွင် တရားမ၀င်ငွေလဲလှယ်သူတစ်ဦး ကျပ်သိန်း ၇၀၀၀ ...
- ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်...
- စစ်တကောင်း ဘာသာရေး ကျောင်းတစ်ခုတွင် ဗုံးကွဲ၍ ကျောင...
- ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် ...
- နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်
- အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
- ထိုင်းရောက် မြန်မာလုပ်သားများကို ယာယီလက်မှတ်အစား န...
- ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်
- ရန်ကုန်လေဆိပ် ပြည်ပထွက်ခွါ ဆောင်တွင် စိတ်ကြွဆေးပြာ...
-
▼
October
(252)
No comments:
Post a Comment