Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 11 October 2013

အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်း ပွဲစား များအား အရေးယူရန် အစီအစဉ်များ မရှိသေးဟုဆို

အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့် ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ သတင်းရရှိသည်။

အဝေးပြေးဝင်းအတွင်း၌ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်စေသည် အထိ ကားအငှားပွဲစားလုပ်ခြင်း၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများဖြင့် လက်မှတ်ရောင်းချခြင်းများအား ခွင့်ပြုချက်မဲ့ ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ၀င်းအတွင်းရှိ မြို့တော်စည်ပင် အခွန်ဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးကာလများ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းများကို လျှပ်တစ်ပြက် ပြုလုပ်ခြင်းများ ရှိသော်လည်း ပွဲစားများ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

“စီမံချက်ကာလအတွင်းမှာ ဖမ်းမိတဲ့လူတွေဆိုရင်တော့ ဒဏ်ရိုက်ပြီး ပြန် လွှတ်လိုက်တာပဲ၊ သူတို့ရဲ့ စားဝတ်နေရေးကလည်း ရှိသေးတယ်၊ သူတို့လည်း ဒီအတွက်ကြောင့် အလုပ်လုပ်နေရတာလေ၊ ဒါပေမဲ့ ခရီးသည်က ကျေနပ်မှုမရှိလို့ တိုင်ကြားရင်တော့ ချက်ချင်းဆောင် ရွက်ပေးတယ်၊ အဓိကကတော့ ယာဉ်လိုင်းတွေက လုပ်ဆောင်ခွင့်ပေးနေလို့ လက်မှတ်ပွဲစားတွေ ရှိနေတာပါ”ဟု ‘မြို့တော်စည်ပင်၊ အခွန်ဌာန(အောင် မင်္ဂလာ)’ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်များနှင့် ကားငှားပွဲစားများ၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများ အကြားရှိ ပြဿနာအများစုမှာ ကားတစ်စီးတည်းတွင် ခရီးစဉ် သုံးလေးကြောင်း အတွက် ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ခရီးသည်များအား ပြောဆိုဆက်ဆံမှု မပြေပြစ်ခြင်း၊ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်အောင် လက်မှတ်အရောင်း လူခေါ်ပွဲစားများ က ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြဿနာအများစုမှာ အောင်မင်္ဂလာအငှား ယာဉ်အသင်း မ၀င်ထားသော အငှားယာဉ်များနှင့် ခရီးသည်စီးနင်းမှုနည်းသော အဝေးပြေး ယာဉ်လိုင်းများ တွင် အဖြစ်များကြောင်း သိရသည်။အောင်မင်္ဂလာ အဝေးပြေးဝင်းအ တွင်း လက်မှတ်ပွဲစားများထက် အငှားယာဉ်ပွဲစားများနှင့် ပြဿနာဖြစ်မှု ပိုမိုများပြားနေပြီး အငှားယာဉ်ပွဲစားများမှာ ကားတစ်စီးတည်းတွင် ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ပြောဆိုဆက်ဆံ မှု မပြေပြစ်ခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသည့် လူခေါ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာ) သို့ ရောက်ရှိလာသည့် တိုင်ကြားစာများအရ သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့