Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 8 October 2013

နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ နာရေးကူညီမှု အကြိမ်ပေါင်း တစ်သောင်းပြည့် အထိမ်းအမှတ်ပြုလုပ်



Miss Myanmar 2012 နန်းခင်ဇေယျာနဲ့ Miss Supra Myanmar မခင်ဝင့်ဝါတို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ တစ်သောင်းပြည့်(၂၀၁၃) အစီအစဉ်မှာ ဝိုင်းဝန်းကူညီကြစဉ် ၂ဝ၁၃ ခုနှစ်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) က ကူညီခဲ့တဲ့ နာရေးကိစ္စတွေဟာ ဒီနေ့ “တစ်သောင်း” ပြည့်မြောက်သွားပြီလို့ သိရပါတယ်။

ဒဂုန်မြို့သစ်မြောက်ပိုင်းမှာ ဒီနေ့ ကူညီခဲ့တဲ့ ဈာပနအစီအစဉ်မှာ အသင်းဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်တဲ့ အထိမ်းအမှတ်ဖြစ်တာနဲ့ ပတ်သက်ပြီး သူက

"ကျနော်တို့ ၂ဝ၁၃ မှာပေါ့လေ၊ နာရေးကူညီမှုပေါင်း ၁ သောင်းပြည့်တဲ့နေ့ အထိမ်းအမှတ်အဖြစ် နာရေးပို့ဆောင်မှုလုပ်မှာပါ၊ ဒီလိုလုပ်တဲ့နေရာမှာ ကွယ်လွန်သွားတဲ့သူတွေအတွက် နိုင်ငံခြားကလာတဲ့ အခေါင်းနဲ့ သင်္ဂြိုလ်ပေးမယ်၊ နောက် volunter အားလုံးရဲ့ ကိုယ်ပိုင်ငွေနဲ့ စုထားတဲ့အလှူငွေ ၄ သိန်းကျော်ကို ကာယကံရှင်မိသားစုကိုလှူမယ်၊ နောက်ဘုန်းကြီးသင်္ကန်း၊ ရက်လည်ဆွမ်း၊ ထီး၊ ဖိနပ်ကအစ ဒါတွေပါ ကျနော်တို့လှူမှာပါ"

ဒါ့အပြင် ထင်ရှားတဲ့ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ တေးရေးဆရာ ကိုရဲလွင်တို့နဲ့အတူ နိုင်ငံတကာ အလှမယ် ဆုရသူတွေဖြစ်ကြတဲ့ မနန်းခင်ဇေယျာနဲ့ မခင်ဝင့်ဝါ တို့ကလည်း ပါဝင် ကူညီခဲ့ကြတယ်လို့  သိရပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂ဝဝ၁ ခုနှစ်မှာ ဒါရိုက်တာဦးသုခ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ ၁၃ နှစ်ကျော်ကာလအတွင်း နာရေးကူညီမှု ဈာပနပေါင်း တသိန်း ၃ သောင်းကျော် ကူညီပေးခဲ့ပြီးပြီလို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့